ဇွန်လအတွင်းက ရခိုင်ပြည်လွတ်မြောက်ရေး
ပါတီ အမှတ်(၉) တပ်ရင်းမှ ပလက်ဝမြို့ 
ရဲစခန်းတွင် ဖမ်းဆီး ခြင်းခံနေရသည့်
 ဆေးတပ်သား၊ တပ်ကြပ် ခိုင်ထွီးနှင့်
 အောင်ရွှေမြတို့ မှာ ယခုအချိန်ထိ မလွတ်မြောက်
သေးသည့်အပြင် ခရီးသွားပါတီဝင်များနှင့် ရဲဘော်များကို စစ်ဆေးခြိမ်းခြောက်မှုများ အများအပြားရရှိ လာကြောင်း သိရှိရပါသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ စည်းရုံးရေးနှင့်ပြန်ကြားရေးဌာနမှ ရဲဘော် ခိုင်ရှင်ထွန်းသည် ဗဟိုဌာနချုပ်မှ ကုလားတန်မြစ်ကြောင်းအတိုင်း ကျောက်တော် ဆက်ဆံရေးရုံးသို့  လာရာ ပလက်ဝမြို့ နယ် ချင်းလက်ဝ ကျေးရွာအရောက်တွင် သက်ဆိုင်ရာ ရဲနှင့် စစ်တပ်ကို အကြောင်းကြားအသိပေးပြီး လာသော်လည်း သြဂုတ်လ (၉) ရက်နေ့  ပလက်ဝမြို့ နယ် တရွှိင်အိုင်ကျေးရွာ အရောက်တွင် ပလက်ဝမြို့ နယ် အခြေစိုက် ခလရ (၂၈၉)မှ အမည်မသိ ဗိုလ်ကြီးအဆင့်ရှိသူ တဦးရောက်ရှိလာပြီး ဆိပ်ကမ်းရုံးသို့ ခေါ်ယူကာ ခြိမ်းခြောက် စစ်ဆေးမှုများ ပြုလုပ်ခြင်းကို ခံခဲ့ရသည်ဟု အဆိုပါ ရဲဘော်မှ ပြောကြားခဲ့သည်။
စစ်ဆေးသည့်နေရာတွင် ရဲဘော်ခိုင်ရှင်ထွန်း၏ ကျောပိုးအိပ်ကိုဖွင့်ကာ အတင်းအဓမ္မရှာဖွေပြီး သူ့ တွင် ပါသည့် စာရွက်စာတမ်း၊ CD ၊ SD Card များကို မတ္တူကူးယူခြင်း၊ စာရွက်စာတမ်းတွင် ပါသည့် အကြောင်း အရာများကိုအခြေခံပြီး စစ်ဆေးမေးမြန်းခြင်းများနှင့် သေနတ်ဖြင့် ပစ်သတ်လိုက်လို့ ရသည်ဟုလည်း ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ခိုင်ရှင်ထွန်းမှ ဖွင့်ဟပြောကြားခဲ့ပါသည်။ နောက်တစ်နေ့  သြဂုတ်လ (၁၀) ရက်နေ့ မနက် (၈) နာရီတွင် ခိုင်ရှင်ထွန်းထံမှ သိမ်းဆည်းခဲ့သည့် စာရွက်စာတမ်း၊ CD နှင့် SD Card များကို ပြန်ပေးသော်လည်း ဘုန်းကြီးကျော်သို့  ခေါ်ယူကာ ဗျူဟာမှူးက တဖန်စစ်ဆေးပြီး မှန်မှန်ကန်ကန် မဖြေဆိုပါက သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ယနေ့ ကာလတွင် နိုင်ငံတော်အစိုးရမှ ဖွဲ့ စည်းပေးထားသည့် UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များမှ ဖွဲ့  စည်းထားသည့် NCCT တို့  တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးကို အပြင်းအထန် ညှိနှိုင်းကြိုးပမ်း နေချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်များကို မြန်မာ့တပ်မတော်မှ ယခုကဲ့သို့  ဖမ်းဆီးခြိမ်းခြောက်ခြင်း၊ တိုးစစ်ဆင်ခြင်းများသည် မြန်မာ့တပ်မတော်ဖက်မှ လုံးဝမလုပ်သင့်သည့် အရာများဖြစ်သည့်အပြင် တိုင်းပြည်ဖွံ့ ဖြိုးတိုးတတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ခြင်း လုပ်ငန်းများကို အနည်းနှင့်အများ ထိခိုက်နိုင်သည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ဝင်တစ်ဦးမှ သုံးသပ်ပြောကြားခဲ့သည်။
Contact- 09450035991, 09250453991
စည်းရုံးရေးနှင့်ပြန်ကြားရေးဌါန
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဗဟိုဌာနချုပ်

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive