ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် နှင့် အရေးပေါ်ကယ်ဆယ်ရေးလက်ထောက်ညှိနှိုင်းရေးမှူး Ms. Kyung-wha Kang ၊ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Renata တို့နှင့် စစ်တွေမြို့မိမြို့ဖအဖွဲ့တို့ ၁၂.၆.၂၀၁၄ ညနေ ၆း၀၀ နာရီတွင် တွေ့ဆုံကြသည် ။ စစ်တွေမြို့မိမြို့ဖ ဖက်မှ ဦးသာပွင့် ၊ ဦးသန်းထွန်း ၊ ဦးမြင့်ဦး နှင့် ဦးကျော်ဇောအောင်
တို့ တက်ရောက်ကြသည် ။

အဓိကဆွေးနွေးချက်အချို့ကို တင်ပြလိုက်ပါသည် ။
------------------------------------------------
UN … ကမ္ဘာအနှံ့ မိမိတို့ UN အဖွဲ့အစည်းများကို လက်ခံကြိုဆိုပြီး ပေးအပ်သော အကူအညီများကို ၀မ်းပန်းတသာလက်ခံကြသည် ။
သို့သော် ယခုရခိုင်ပြည်နယ်တွင် UN နှင့် မိတ်ဘက်အဖွဲ့အစည်းများကို လက်မခံရုံသာမက ရန်သူသဖွယ်ဆက်ဆံ ထိန်းကျောင်းရန် ကြိုးစားနေကြသည်ကို သိရှိရ၍ အံ့သြမိပြီး အကျိုးအကြောင်း အသေးစိတ်ကိုရှင်းပြပေးကြရန်
တောင်းဆိုပါသည် ။

T Elders … သမိုင်းအဆက်ဆက် ကုလားများအလုံးအရင်းနှင့် ၀င်ရောက်လာမှု ၊ နယ်စပ်မလုံခြုံမှုကြောင့် တစိမ့်စိမ့်ဝင်ရောက်လာမှု တို့ကိုရှင်းပြ ။ ကုလားတို့၏ ရခိုင်ကျေးလက်များအပေါ် အကြမ်းဖက်မှု ၊ ရခိုင်ရွာအများအပြား တပြိုင်နက် မီးရှို့ခံရမှု တို့ကိုရှင်းပြ ။
ထိုကြောင့် မိမိရခိုင်တို့၏ ရန်သူဖြစ်သော ကုလားများကို မိတ်ဆွေရင်းသဖွယ်
ဆက်ဆံ ပံ့ပိုးနေသော UN အဖွဲ့အစည်းများကိုလည်း မိမိရခိုင်တို့၏ ရန်သူများသဖွယ်မြင်လာကြသည်မှာ အပြစ်မဆိုသာ ။

UN … လူ့အခွင့်အရေးအရ လူသားတိုင်းတွင် လွတ်လပ်စွာ အသက်ရှည်ရပ်တည်ခွင့် ၊ သွားလာခွင့် ၊ ပညာသင်ကြားနိုင်ခွင့် ၊ အသက်မွေးဝမ်းကျောင်းပြုပိုင်ခွင့် ရှိသည်သာဖြစ်၍ ထိုကိစ္စများအတွက် UNHCR က ၀င်ရောက် ဆောင်ရွက်
နေရခြင်းဖြစ်သည် ။

T Elders … နိုင်ငံသားအခွင့်အရေးကို လျစ်လျူရှုပြီး လူ့အခွင့်အရေးသက်သက်သာဆောင်ရွက်နေမည် ဆိုလျင်တော့ မည်သည့်နိုင်ငံဒေသခံမျှ လက်ခံနိုင်လိမ့်မည်မဟုတ် ။
လူ့အခွင့်အရေး ကျေညာစာတမ်း အပိုဒ် ၁၃(၂) အရ လူတစ်ဦးသည်
မိမိတိုင်းပြည်မှ လွတ်လပ်စွာထွက်ခွာခွင့်နှင့် ပြန်လည်ဝင်ရောက်ခွင့်ရှိသည် ဟု ပြဌာန်းထားချက်ကို မလိုက်နာသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအပေါ်
အဘယ်ကြောင့် UN တို့ ဖြေရှင်းချက် မတောင်းကြပါသနည်း ။

UN … ဘင်္ဂလီအများစုကို မြန်မာအစိုးရမှ သက်သေခံကပ်ပြားတစ်ခုခုပေးဖို့
ငြင်းဆိုနေရာ ထိုဘင်္ဂလီတို့သည် နိုင်ငံမဲ့ ( state less ) များသဖွယ်ဖြစ်နေရာ ၊ ထို နိုင်ငံမဲ့များအတွက် UNHCR က တာဝန်ယူနေရသည် ။

T Elders … State less ဖြစ်နေရသူ ဘင်္ဂလီများအတွက် အဓိကတာဝန်ရှိသည့် မူရင်းတိုင်းပြည် ဘင်္ဂလာဒေ့ရှ်ကို အကျိုးအကြောင်းဖေါ်ပြပြီး အဘယ်ကြောင့် ဆွေးနွေးဖို့ မစဉ်းစားကြပါသနည်း ။

UN … ၂၆/၂၇ ပြသနာဖြစ်ပြီး ပြန်လည်ဝင်ရောက်လုပ်ကိုင်ကြသည့် UN နှင့် မိတ်ဘက်အဖွဲ့အစည်းတို့သည် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ကန့်သတ်ခံရမှု နှင့် စိုးရိမ်ရမှုများရှိနေကြသည် ။ ထိုအခြေအနေများ ပြေလျော့သွားအောင် ရခိုင်လူထုများကို နားလည်လက်ခံလာနိုင်အောင် ရှင်းပြတိုက်တွန်းပေးကြရန် မေတ္တာရပ်ခံပါသည် ။

T Elders … ထိုကိစ္စများအတွက် အဓိကတာဝန်ရှိသူမှာ UN နှင့် မိတ်ဘက်အဖွဲ့အစည်းများသာဖြစ်သည် ။ ညီမျှပါသည်ဟု မည်ကဲ့သို့ပင်ပြောနေစေကာမူ လက်တွေ့ လုပ်ရပ်များတွင် တစ်ဘက်သပ် ဘက်လိုက်မှု များစွာရှိနေသည် ။
( မြို့မိမြို့ဖ များဘက်က ခိုင်လုံသည့် သက်သေအထောက်အထားများအဖြစ် သဲချောင်းကုလား IDP စခန်း ၊ သက္ကယ်ပြင်ကုလားရွာ ၊
ရခိုင်ဆတ်ရိုးကျ ဒုက္ခသည်စခန်း တို့၏ ဆေးခန်းများ အဆောက်အဦ
အခြေအနေကွာခြားပုံတို့ကို ဓါတ်ပုံများဖြင့်တင်ပြ ။)
ပြန်ဝင်လာပြန်တော့လည်း အချိုးမပြောင်းဘဲ ယခင်အတိုင်း ဆက်လုပ်နေလျင် မည်သည့်နည်းနှင့်မျှ ရခိုင်တို့ နားလည်လက်ခံလာအောင် ပြောပြ၍ မရနိုင် ။ ယခင်အတိုင်းပြန်ဖြစ်မည်သာဖြစ်သည် ။

UN … မိမိတို့ UN အပါအ၀င် မိတ်ဘက်အဖွဲ့အစည်းများသည်
ပြည်ထောင်စု အစိုးရ၏ ဖိတ်ခေါ်ချက်အရ မြန်မာပြည်တွင်းဝင်ရောက် ကူညီလုပ်ကိုင်ပေးနေသူများဖြစ်ရာ ယခုကဲ့သို့ ကန့်သတ်မှုများနှင့် စိုးရိမ်ရမှုများ ဆက်လက်ဖြစ်ပေါ်နေမည်ဆိုလျင် မိမိတို့ ရခိုင်ပြည်နယ်မှ
ပြန်လည်ထွက်ခွာသွားမည်။( ခပ်တင်းတင်းပြော )

T Elders … အစိုးရဖိတ်ခေါ်ချက်ဖြစ်ကောင်းဖြစ်ပါလိမ့်မည် ။ ဖိတ်ခေါ်ခြင်းခံရအောင်လည်း တစ်ခြားနည်းလမ်းဖြင့် ကြိုးစားချင် ကြိုးစားကြပါလိမ့်မည်။
သို့သော် သေချာသည်ကတော့ UN နှင့် မိတ်ဘက်အစည်းများကို
ရခိုင်လူထုက ဖိတ်ခေါ်ခဲ့ခြင်းတော့မဟုတ်ပါ ။
UN အဖွဲ့အစည်းများ ရခိုင်ပြည်နယ်မှ ထွက်ခွာသွားလျင်လည်း နဂိုကတည်းက ဘာခံစားခွင့်မှမရှိသော ရခိုင်လူမျိုးတို့အတွက် ထူးထူးကဲကဲ နစ်နာစရာမရှိပါ ။

UN …. ( လေသံပြောင်းသွား ) ဒါဆိုရင် UN နှင့် မိတ်ဘက်အဖွဲ့အစည်းများ ရခိုင်ပြည်နယ်တွင်း လုပ်ငန်းဆောင်တာများ ဆက်လက်လုပ်ဆောင်နိုင်ရန် မည်ကဲ့သို့ဆောင်ရွက်သွားရမည်ကို အတူတကွ ညှိနှိုင်းအဖြေရှာပေးကြစေလိုသည် ။

T Elders … မောင်တောမှ ကုလားများကို ဒုက္ခသည်အဆင့်မသတ်မှတ်ပါနှင့် ။
မိမိတို့သည် ဗုဒ္ဓဘာသာများပီပီ ဆာလောင်နေသူကို အစာကျွေးခြင်းကို ကန့်ကွက်စရာမရှိပါ ။ သို့သော် UN အဖွဲ့အစည်းများနှင့် မဆိုင်သည့် နိုင်ငံရေးရာကိစ္စများကို ၀င်ရောက်မစွက်ဖက်ကြပါနှင့် ။
ရိုဟင်ဂျာ ဆိုသည်ံ မြန်မာတစ်နိုင်ငံလုံးက လက်မခံနိုင်သည့် အသုံးအနှုံးကို ရှောင်ကြည်ပါ ။
ရခိုင်လူထုတို့က UN နှင့် မိတ်ဘက်အဖွဲ့အစည်းများအပေါ် သဘောထားပျော့ပြောင်းလာစေလိုလျင် ထင်သာမြင်သာရှိမှု ၊ အစစ်အမှန် မျှတမှု ၊ ရခိုင်တို့အတွက် လက်ဆုတ်လက်ကိုင်ပြနိုင်သည့် ဖွံ့ဖြိုးရေးအစဉ်အစဉ်များ မြန်မြန်ထက်ထက်ဆောင်ရွက်ပေးမှုတို့ ပြုလုပ်သင့်သည် ။

UN … ယခုလို ပူးပေါင်းဆွေးနွေး အကြံဥာဏ်များ ပေးကြသည့်အတွက် အထူးကျေးဇူးတင်ပါသည် ။
Ms. Renata ကလည်း ရခိုင်ကျေးလက်များ အလျင်အမြန်ဖွံ့ဖြိုးရေးအတွက် စီစဉ်ဆောင်ရွက်နေပါသည်။

T Elders … ယခုဆွေးနွေးပွဲသည် တစ်ဘက်နှင့်တစ်ဘက် အပြစ်ရှာနေကြခြင်းမဟုတ်ဘဲ ပြသနာဖြေရှင်းရန် ပူးပေါင်းအဖြေရှာကြခြင်းသာ ဖြစ်ကြောင်း နားလည်စေလိုပါသည်။ ကျေးဇူးပါ ။

( Than Tun Than )

Posted by Unknown on Friday, June 13, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive