NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးနှင့် သတင်း ဓါတ်ပုံရိုက်ကူးရေးသမားများ
အား စိစစ်ထုတ်ပယ်လိုက်ခြင်းကို ဒေါ်အောင်ဆန်းစုကြည် ၏ ရုံးအဖွဲ့မှူးတာဝန်ယူဆောင်ရွက်သူ ဦးဝင်းထိန် (ဗိုလ်ကြီးဟောင်း)မှ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။
ယင်းသို့ ဆောင်ရွက်ခြင်းကို (၂၀၁၄)ခုနှစ် ဇွန်လ နောက်ပိုင်းမှ စတင် ခဲ့ခြင်းဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် ဦးဝင်းထိန်မှ လက်ရှိတပ်မတော် တာဝန်ထမ်းဆောင်နေသူ များအတွင်းနှင့် ပြည်ထဲရေးတွင် တာဝန်ထမ်းဆောင် နေ သူများအား ရင်းနှီးမှုရရှိရေး ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံရေး အကျဉ်းသားဟောင်းများ အချို့နှင့် ဆက်သွယ်ခဲ့ပြီး သတင်းပေးလုပ်ကိုင်နေသူများကို ဦးစွာ ဖော်ထုတ် စည်းရုံးသိမ်း သွင်းမှုများ ဆောင်ရွက် ခဲ့ကြောင်း၊ ယင်းသတင်းပေးများမှတဆင့် တပ်မတော်အရာရှိများ နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိကြီး များကို ဆက်သွယ်မှုများရှိကြောင်း၊ ယင်းတို့မှ တဆင့် ဒေါ်အောင်ဆန်းစုကြည် အနီးကပ်တာဝန် ထမ်းဆောင် နေသူများ၊ သတင်းဓါတ်ပုံ ရိုက်ကူးရေး တာဝန်ထမ်းဆောင်နေသူများ အမည်စာရင်းကို ဖော်ထုတ်စုဆောင်း ခဲ့ကြောင်း၊ယင်းအ မည်စာရင်းတွင် ပါဝင်လာသူများကို စောင့်ကြည့်၍ ပါတီစည်းကမ်းထိန်းသိမ်းရေး အရ ဖော်ထုတ် အရေးယူမှုများကိုလည်း ဆောင်ရွက်ရန် စီစဉ်လျက်ရှိနေပြီး ဓါတ်ပုံ ဆန်နီ ကို ဒေါ်စုကြည်အိမ်အတွင်း အဝင်/အထွက်များကို တားမြစ်ထားခဲ့ကြောင်း၊ ၄င်းအနေ ဖြင့် ဦးဝင်းထိန်၏ အရေးယူဆောင်ရွက်မှု၏ အကြောင်းအရင်းကို သိရှိလိုသော်လည်း ဦးဝင်းထိန်မှ ဖြေဆိုခြင်းမရှိခဲ့ကြောင်း၊ ဓါတ်ပုံဆန်နီကို အရေးယူမှုကြောင့် အခြားသော သတင်းဓါတ်ပုံရိုက်ကူးသူများအနေဖြင့် လည်း ဒေါ်အောင်ဆန်းစုကြည် အိမ်အတွင်းသို့ ဝင် ထွက်သွားလာခြင်း မရှိတော့ကြောင်း၊ NLD ပါတီ၊ ရန်ကုန်တိုင်းသုတေသနနှင့် ဖွံ့ဖြိုးရေး ဌာနမှ ထုတ်ပြန်သည့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အလုပ်အမှုဆောင်များစာရင်း၊ ရန်ကုန်တိုင်း အတွင်းနေထိုင် တာဝန်ထမ်း ဆောင်နေသည့် ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟို ကော်မတီဝင် ဆိုသူများ၏ အမည်စာရင်း၊ ပြန်ကြားရေးကော်မတီ တာဝန်ခံ များနှင့် လိပ်စာများ၊ စာရွက်စာတမ်းများမှာ သတင်းပေးများထံမှ ပြင်ပသို့ ပေါက်ကြား ခဲ့ခြင်း သည် အဆိုပါ ဓါတ်ပုံဆရာ ဆန်နီမှ ဖြစ်ကြောင်း စွပ်စွဲမှုများရှိနေပါသည်။
ယင်းအမည်စာရင်း ထွက်ပေါ်ပြီးနောက်ပိုင်းကာလတွင် ဓါတ်ပုံဆန်နီကို ဒေါ်စုကြည် နေအိမ်သို့ ဝင်ထွက်ခြင်းမပြုရန် ဦးဝင်းထိန်မှ ပြောဆို ခဲ့ခြင်းဖြစ်ကြောင်း၊ ပုဒ်မ(၄၃၆)ပြင်ဆင်ရေး အတွက် လက်မှတ်ရေး ထိုးသည့်အရေအတွက်အား ဓါတ်ပုံဆရာ ဆန်နီအား အရေးယူပြီးနောက် ပိုင်း လျို့ဝှက်ထားရန်နှင့် ပါတီတွင်း တာဝန်ရှိသူများအနေဖြင့် သတင်းအချက် အလက်များ သိရှိလိုပါက မှတ်တမ်းရေးသွင်းပြီးမှသာ ပါတီရုံးမှ ပြောကြား အသိပေးရန် ညွှန်ကြားထားကြောင်း၊ ဦးဝင်းထိန်အနေဖြင့် ဆန်နီအား အရေးယူခြင်းမှာ မှန်ကန် ကြောင်း၊ ဓါတ်ပုံဆရာ ဆန်နီ ကြောင့် ဒေါ်စုကြည်၏ ခရီးစဉ် သတင်းများပေါက်ကြားမှုဖြစ်ပေါ်နေပြီး ယင်းသို့ ပေါက်ကြားမှုများ အတွက် ဦးဝင်းထိန်ကိုယ်တိုင် ကြီးကြပ်စုံစမ်းဖော်ထုတ်ခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။
0 comments