ကမ္ဘာမှာ ခေတ်တစ်ခေတ်နဲ့တစ်ခေတ်ရဲ့ စပ်ကူးမတ်ကူးကာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အထင်ကရ ဆင့်ကဲပြောင်းလဲတိုးတက်မှုဖြစ်စဉ်တွေကို လှိုင်းတွေနဲ့ တင်စားခဲ့ကြတာ အားလုံးသိပြီးသားဖြစ်မှာပါ။ တတိယလှိုင်းလို့ခေါ်တဲ့(စက်မှုတော်လှန်ရေးခေတ်)ကာလအပိုင်းအခြားကို လွန်မြောက်ပြီးနောက် မျက်မှောက်အခြေအနေဟာ အလွန်လျင်မြန်တဲ့ကွန်ယက်တွေနဲ့ ကမ္ဘာတစ်ဝန်းလုံးကို ရွာသဖွယ်ကျဉ်းမြောင်းလာအောင် (ရေကြော၊မြေကြော၊လေကြော)ကျုံ့နိုင်/ဆန့်နိုင်တဲ့ စတုထ္တလှိုင်းကြီးတစ်လှိုင်းနဲ့ ထိပ်တိုက်ဆောင့်မိချိန်ဖြစ်ပြီး အဲဒီလှိုင်းကိုတော့ ITလှိုင်းလို့ သတ်မှတ်ကြရမှာပါ။ ဒီလှိုင်းတွေဟာ လူ့ယဉ်ကျေးမှုဖြစ်စဉ်တွေရဲ့ ခေတ်စဉ်အလိုက် ထွန်းကားတိုးတက်မှုကို ဗဟိုပြုပါတယ်။

ကျွန်တော်တို့မြန်မာပြည်က အထင်ကရအတိုက်ခံပါတီNLDနဲ့ဦးဆောင်နိုင်ငံရေးသမား   ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ အတိတ်ကာလနဲ့လတ်တလော ပစ္စုပ္ပန်မှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊နိုင်ငံရေးရွေ့လျောပြောင်းလဲမှုဖြစ်စဉ်တွေကိုလည်း လှိုင်းကြီးတွေအသွင် တင်စားလိုပါတယ်။

ဒေါ်အောင်းဆန်းစုကြည်နဲ့ သူမပါတီဟာ လက်ရှိအချိန်မှာ လှိုင်းကြီး (၃)လှိုင်းနဲ့ ထိပ်တိုက်ဆောင့်မိခဲ့ပြီး ပထမဆုံးလှိုင်းလုံးလို့ဆိုရမှာဖြစ်တဲ့ တပ်မတော်အစိုးရ(န၀တ/နအဖ)လှိုင်းနဲ့ တိုးမိခဲ့ချိန်မှာ NLDလူကြီးပိုင်းတစ်ချို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကွန်မြူနစ်များက နောက်ကွယ်မှနေ၍ ၀န်းရံမြှောက်ပင့်သွေးထိုးခဲ့မှုကြောင့် ထိပ်တိုက်ရင်ဆိုင်ရေး၊အလုံးစုံပျက်သုန်းရေးလမ်းစဉ်ကို ကျင့်သုံးခဲ့ကြပါတယ်။နုနယ်တဲ့ကာလတစ်ခုမှာ အလိုက်သင့်မျောပါခြင်းမရှိဘဲ မာကျောစွာ ရပ်တည်ခဲ့တာမို့ ရိုက်ပုတ်မှုပြင်းထန်ပြီး တိုက်စားမှုအဟုန်ကြီးတဲ့သဘောကို ဆောင်ခဲ့ပါတယ်။ ဒီကာလအပိုင်းအခြားတွင်းမှာ လွဲမှားတဲ့ မဟာဗျူဟာတွေကြောင့် တအိအိဖဲ့စားခံရပြီး တရိရိပဲ့သွားတာဟာလည်း NLDပါတီပိုင်းပဲဖြစ်ပါတယ်။

ဒီကာလအပိုင်းခြားတစ်ခုအတွင်းမှာ တစ်စစခေါင်းထောင်ကြီးထွားလာတဲ့ နိုင်ငံရေးအင်အားစု တစ်ခုကတော့ တစ်နိုင်ငံလုံးမှာ အသင်းသားပေါင်းများစွာ၊နှစ်ရှည်လများ မြေတောင်မြှောက် လေ့ကျင့် သင်ကြားထားသူများစွာနဲ့ဖွဲ့စည်းထားတဲ့ ပြည်၊ခိုင်၊ဖြိုးအသင်းပဲဖြစ်ပါတယ်။ အသင်းတစ်ခုကနေ နိုင်ငံရေးပါတီတစ်ခုအဖြစ် အရံသင့်ပြောင်းလဲနိုင်ဖို့တာဆူနေခဲ့တာကို ဘယ်သူမှမျှော်လင့် မထားမိခဲ့ကြဘဲ၂၀၁၀ရွေးကောက်ပွဲမှာမှ မျက်လှည့်ပြသလို မြင်ခွင့်ရခဲ့ကြတာမို့ အဲဒီအချိန်မှာတော့ NLDတွက် ခြေလှမ်းပေါင်းများစွာ နောက်ကျခဲ့ပါပြီ။အဓိက အတိုက်အခံပါတီအဖြစ် တမဟုတ်ချင်း ပြောင်းလဲသွားတဲ့ NLDပါတီရဲ့ လူကြီးပိုင်းနဲ့ လူငယ်ပိုင်းမှာ မျိုးဆက်များစွာ ခါးဆက်ပြတ်ကျန်ခဲ့ပြီး ချိနဲ့နေတဲ့ အချိန်ဖြစ်တာမို့ ဒါကိုတော့ ဒုတိယလှိုင်းနဲ့ထပ်မံတိုးမိခြင်းလို့ ဆိုချင်ပါတယ်။၁၉၉၀မှာ မဲအပြတ်အသတ်အနိုင်ရခဲ့ပြီး( ကြားဖြတ်အစိုးရကို အာဏာအပ်ဖို့ ၊လွှတ်တော်ကို ဇွတ်ခေါ်ဖို့ မလွှဲမရှောင်သာအာဏာထိန်းသိမ်းခဲ့ရတဲ့ တပ်မတော်ခေါင်းဆောင်ပိုင်းကို နူရင်ဘတ်ခုံရုံးတင်ဖို့…စတဲ့) မရင့်ကျက်သော စိတ်သဘောတွေနဲ့ စစ်မရောက်ခင်မြားကုန်ဆိုရလောက်အောင် ကြမ်းကျွံခြိမ်းခြောက်စကားတွေနဲ့ အဆင်ခြင်မဲ့ တစ်ပွဲတိုးဆန်ခဲ့တဲ့ ပါတီတစ်ခုရဲ့ ကျရှုံးခန်းမှာ သင်ခန်းစာယူစရာတွေ တစ်ပုံကြီးကျန်ခဲ့ပါတယ်။

နောက်ပိုင်းကြားဖြတ်ရွေးကောက်ပွဲကာလမှာ လစ်လပ်နေရာတွေတွက် ပြန်လည် ရွေးချယ်ခဲ့ရာ မှာတော့ ပြန်လည်ခေါင်းမော့လာခဲ့တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ဒါပေမယ့် မွန်းကြပ်မှုတွေကြားက ပြည်သူတွေရဲ့မဲတစ်ပြားဟာ( ချဉ်ချဉ်တူးတူး မူးရင်ပြီးရော ဆိုရလောက်အောင်ကို ) ရွေးကောက်ခံ ပုဂ္ဂိုလ်တွေရဲ့ နောက်ခံဇာတ်ကြောင်းနဲ့ စာရိတ္တကောင်း/မကောင်းကိုပင် မကြည့်တော့ဘဲ မျက်စိမှိတ် ရွေချယ်ခဲ့သည်အထိ ရောက်ရှိခဲ့တာမို့ အတိုက်အခံအမတ်နေရာအများအပြားကို NLDက လွယ်လင့်တကူ ရယူသွားခဲ့ပါတယ်။ဒီတစ်ကြိမ်မှာတော့ လက်ရှိအစိုးရရဲ့ ထိုက်သင့်သောဖြေလျှော့မှု တွေကြောင့် နဂိုမူလက လွှတ်တော်အမတ်ပင် ဖြစ်ခွင့်မရတဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ရောက် မရွယ်ဘဲလွှတ်တော်ထဲအထိရောက်ရှိခဲ့ပါတယ်။သူမဟာ ခေါင်းဆောင်မျှော်ဝါဒကို လက်ကိုင်ထားတတ်ကြတဲ့ မြန်မာလူမျိုးများစွာရဲ့အမြင်မှာ စင်္ကြာကိုယ်တော်လေးတစ်ပါး (ဒါမှမဟုတ်)ဗိုလ်ချုပ်လူဝင်စားအလား ထင်မှတ်မှား ခံရသူဖြစ် ပါတယ်။ ၈၈ကာလမှာ ဆရာ့ဆရာကြီးတွေက လက်ပူတိုက်လက်ထပ်သင်ပေးလိုက်ကြတဲ့ အာဘော့် အာဘော်တွေနဲ့ ရွာဆော်ဝင်လုပ်စဉ်ကစပြီး ဘွဲထူးနဂ္ဃမ၊ မြှောက်စားမှုအ၀၀တွေကို အံ့ချီးဖွယ် တောက်လျှောက် ရခဲ့တဲ့ ဗုံလုံတစ်လှည့်၊ငါးပျံတစ်လှည့်ကာလမှာရော၊ပြည်သူ့ကိုယ်စားလှယ်အဖြစ် မှတ်တမ်းသစ်တင်ခဲ့တဲ့ ကာလတစ်လျှောက်မှာပါ ပုံအောမျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။
လွှတ်တော်မှာ သူမအမှူးရှိတဲ့ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်အမတ်များ ကျမ်းကျိန်သစ္စာပြုပြီးသွားချိန် နောက်ပိုင်းမှာတော့ သူမနဲ့ သူမပါတီNLDအတွက် မှတ်ကျောက်တင်ခံရမယ့် ပြည်တွင်းပြဿနာများ မမျှော်လင့်ဘဲဖြစ်ပွားလာခဲ့ပါတယ်။

ဒါတွေကတော့ နှစ်ရှည်လများကြိမ်မီးအုံးသဖွယ် အမြစ်တွယ်လှိုက်စားခဲ့တဲ့ အနောက်တံခါးဝက အစပြုခဲ့ပါတယ်။ရခိုင်အမျိုးသမီးလေး မသီတာထွေးကို ဘင်္ဂါလီတစ်စုက မုဒိန်းပြုကျင့်ခဲ့တာကနေစပြီး ပြဿနာမီးပွားဟာ အလွန်ကြီးထွားလာခဲ့ပါတယ်။တစ်ဘက်နှင့်တစ်ဘက် ထိန်းမနိုင်သိမ်းမရ အခြေနေဆိုးတွေ ပေါ်ပေါက်လာနိုင်တာမို့ သမ္မတကြီးက တပ်မတော်ကို ၀င်ရောက်ကိုင်တွယ်ခိုင်း ခဲ့ရပါတယ်။ဒီပြဿနာရဲ့ကွင်းဆက်တွေဟာ နောက်ထပ်လေးငါးနေရာထိ ကူးဆက်ပြန့်ပွားခဲ့ပြီး ပြဿနာအစပြုတိုင်းမှာ အစွန်းရောက်အစ္စလာမ်မစ်တွေရဲ့ စနက်တွေနဲ့မကင်းတာကို သတိပြုမိကြပါလိမ့်မယ်။ဒီလိုအခြေအနေမှာ နိုင်ငံ့ပြယုဂ်၊နိုင်ငံ့ပုံရိပ်လို့ ခေါ်နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ကြားနေခဲ့ရင်တောင်မှ အပြစ်လို့မဆိုနိုင်ပေမယ့် ဘူးသီးတောင်၊မောင်တောဒေသမှာ မချိမဆန့် ပေါက်ပြဲခိုးဝင်နေကြတဲ့ဘင်္ဂါလီတွေကို လူနည်းစုလို့ပြောကြားခဲ့တာ၊ပဋိပက္ခတွေမှာ ဌာနေတိုင်းရင်းသားတွေကပဲ ၄င်းတို့ကို အနိုင်ကျင့်နေကြသယောင် ပြောဆိုခဲ့တာ..စတဲ့မသိမသာဘက်လိုက်မှုတွေဟာ သူမအပေါ်မျှော်လင့်တကြီးအားကိုးယုံစားကြတဲ့ ပြည်သူတွေတွက်တော့ နားလှည့်ပါးရိုက်ခံလိုက်ရတာထက် စပ်ဖျဉ်းတဲ့ဝေဒနာများစွာ ရရှိခံစားလာခဲ့ကြပါတယ်။
ဒါ့အပြင် ရခိုင်ဒေသတစ်လျှောက် တိုင်းရင်းသားတွေဒုက္ခရောက်နေချိန်မှာ သူမကတော့ နိုင်ငံရပ်ခြားတိုင်းတစ်ပါးကို တိုင်းခန်းလှည့်လှည်ပြီး ဆုလာဘ်အသီးသီးကို ထပ်မံပြီးရယူခဲ့ချိန်မှာတော့ ပြည်သူတွေရဲ့ရင်ထဲမှာ ကြိမ်မီးအုံးသဖွယ် အမြစ်တွယ်လာပါပြီ။ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် တစ်ယောက်ရဲ့ အားကိုးလောက်ဖွယ်အရည်ချင်းတစ်ရပ်ကို ငတ်မွတ်နေတဲ့ပြည်သူတွေရဲ့ချင်ခြင်းဟာ ဘယ်တော့မှ ပြည့်မှာလဲဆိုတာ မေးခွန်းထုတ်လာကြပါပြီ။

ဒီထက်ပိုဆိုးဝါးလာတာက သူမရဲ့အားပေးမှုတစ်စုံတစ်ရာ၊နှစ်သိမ့်မှုတစ်ခွန်းတစ်ပဒမှ မရရှိခဲ့ကြတဲ့ ပြည်သူတွေအနေနဲ့ ကိုယ့်အားကိုယ်ကိုးပြီး အမျိုး၊ဘာသာ၊သာသနာကို မိမိတတ်နိုင်တဲ့ဘက်က ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ ရည်ရွယ်လုပ်ဆောင်ချက်တွေမှန်သမျှကို သူမရဲ့ဘက်တော်သား တွေက တိုးတိုးတစ်မျိုး၊ကျယ်ကျယ်တစ်ဖုံ ကဖျက်ယဖျက်လုပ်ဆောင်လာကြတာပဲဖြစ်ပါတယ်။NLDရဲ့ တရားမ၀င်ပြန်ကြားရေးတာဝန်ခံတွေက အွန်လိုင်းကတစ်ဆင့် ထိုးနှက်မှုတွေပြုလုပ်ကြသလို၊ တရားဝင်ဘက်တော်သား ဂျာနယ်များကလည်း ဗောင်းတော်ညိတ်၊စိတ်တော်ကျ ရေးသားလာကြပါတယ်။
နောက်ပိုင်းမှာ ခိုင်မာတဲ့ လမ်းစဉ်နဲ့မူဝါဒ တိတိပပမရှိတဲ့ NLDပါတီအနေနဲ့ (one lady show)မင်းသမီးတစ်ဖြစ်လဲ ဒေါ်အောင်ဆန်းစုကြည်ကြိုးဆွဲရာအလိုကျ လေယူရာယိမ်းမူဝါဒကို လိုက်နာကျင့်သုံးကြရပါတော့တယ်။သူမက အဖြူဆိုရင် ဘယ်သူမှမမဲရဲသည်အထိ ရောက်ရှိခဲ့ရတယ်လို့လည်း ပြောနိုင်ပါတယ်။ဒါဟာ ဒီမိုကရေစီ..ဒီမိုကရေစီလို့ ကြက်တူရွေးနှုတ်တိုက်သလို ရွတ်ဆိုနေတဲ့ NLDပါတီတွင်း ဒီမိုကရေစီမိုးခေါင်ရေရှာနေခြင်းကို ပြသတဲ့သရုပ်သကန်ပါပဲ။
သူမရဲ့ဘက်တော်သားတွေကတော့ သူမအတွက် စုံလုံးကမ်းလမ်းမမြင်လမ်းစဉ်ကို ပေါ်ပေါ်ထင်ထင်ကျင့်သုံးလာပါတော့တယ်။၉၆၉ကိုဦးစီးဦးဆောင်နေတဲ့ ဆရာတော်သမားတော်တွေနဲ့တစ်ကွ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေကို မျက်ကန်းတစ္ဆေမကြောက် ခြိမ်းလိုက်ခြောက်လိုက် ဟိန်းလိုက်ဟောက်လိုက်တွေ လုပ်လာကြပါတယ်။မဟုတ်တမ်းတရားစကားတွေနဲ့ သံဃာတော်တွေကိုပါ အပုပ်ချမှုတွေပြုလုပ်လာပါတယ်။ဒါဟာ ကုလားဘက်လိုက် မိုက်ဘက်ပါလာသည်အထိ သူမမှိုင်းတွေမိခဲ့ကြပါတယ်။

အဲဒီလိုတန်ခိုးအာဏာနဲ့ ဓားထက်သည်ထက် ထက်လာတဲ့ တပင်တိုင်ရွှေမင်းသမီးကြီးဟာ ပြည်သူ့အရေးထက် သူမအာဏာရရှိရေး၊အမျိုးသားရေးထက် သူမသမ္မတဖြစ်ရေးဘက် တစ်စထက်တစ်စ လမ်းစဖော်လာတော့တာပါပဲ။ဒါဟာ ရခိုင်အရေး သူမနှာစေးနေစဉ်က ဂျာနယ်တွေက အင်တာဗျူးတော့ အန်တီက ပါတီနိုင်ငံရေးနဲ့ အမျိုးသားရေး မရောထွေးစေချင်ဘူး။ရောထွေးတာ မကြိုက်ဘူး။နိုင်ငံရေးလုပ်မယ်ဆိုရင် နိုင်ငံရေး သီးသန့်ပဲ လုပ်တာကောင်းတယ်ဆိုတဲ့ သဘောထားနဲ့ ပြန်လည်တုံ့ပြန်ခဲ့တဲ့အတိုင်း ဖော်ဆောင်ခဲ့တာလို့လည်း ယူဆနိုင်ပါတယ်။ တစ်စစနဲ့ အမျိုးပျောက်မှာ စိုးကြောက်လာနေတဲ့ ပြည်တွင်းအမျိုးသားရေးဝါဒီတွေနဲ့ သူမရဲ့အယူအဆကြား စည်းတစ်ကြောင်းခြားသွားခဲ့ပါပြီ။

အဲဒီစည်းကို ပိုကြီးသည်ထက်ကြီးလာစေတဲ့ နောက်အကြောင်းတစ်ချက်ကတော့ ၅၉(စ)ပါပဲ။တစ်ဘက်ကလည်း သူမအာဏာရရှိရေး(သမ္မတ)တွက် အကြီးမားဆုံးအနှောက် အယှက်ဟာ ဒီအချက်ဖြစ်သလို အမျိုးသားရေးဝါဒီတွေအတွက် အစိုးရိမ်ဆုံးအချက်ကလည်း ဒီအချက်ပဲဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကျန်အချက်တွေကို ပြင်ခြင်း/မပြင်ခြင်းက သူမတွက်အဓိကမကျလှသလို နိုင်ငံရေးကနေ ဘာအခွင့်အာဏာကိုမှမှန်းမျှော်ခြင်း မရှိတဲ့ အမျိုးသားရေးဝါဒီတွေတွက်လည်း သိပ်အရေးမပါလှပါဘူး။
အဲဒီအတွက် သူမဘက်ကလည်း လိမ္မာပါးနပ်စွာ ကျန်အချက်တွေကိုထောက်ပြဝေဖန် ဗန်းပြပြီး ဒီအတားအဆီးကြီးကိုပါ တစ်ခါတည်းရှင်းလင်းဖို့ ကျန်တိုင်းရင်းသားပါတီတွေနဲ့ သေဖော်ညှိခဲ့ပေမယ့် ထင်သလောက်ခရီးမပေါက်ခဲ့ပါဘူ။အဲဒီအခါမှာ နဂိုရှိရင်းစွဲ တိုင်းတစ်ပါးရဲ့ အကြပ်ကိုင်မှုဖိအားကို လက်ကိုင်ပြုပြီး တစ်ဘက်ကလည်း ပြည်သူကိုခုတုံးလုပ်ဖို့ စီမံလာပါတော့တယ်။ဒီနေရာမှာ သူမအကွက်ရွှေ့မှားခဲ့တာကတော့ ကုလားဦးကိုနီကို ပရောဟိတ်ခန့်ခဲ့တာပါပဲ။

ဒီအချက်ဟာ အင်အားကြီးမားပြီးတိမ်မြှုပ်နေတဲ့ အမျိုးသားရေးအငုံ့စိတ်ကို သူမကိုယ်တိုင် မီးမှုတ်ပြီး ဟုန်းခနဲထတောက်အောင် မရည်ရွယ်ဘဲလုပ်ဆောင်လိုက်သလိုပါပဲ။အစိုးရဘက်တော်သားလို့ ဘယ်လောက် စွပ်စွဲစွ ပ်စွဲ ပြင်းပြင်းထန်ထန်ပေါက်ကွဲခြင်းမရှိသေးတဲ့ အမျိုးသားရေးအင်အားစုကို ဒီတစ်ခုနဲ့ နားရွက်တံတွေးလာဆွတ်မိတဲ့အမှားကို မကြာခင်ပဲစတင်ခံစားလာရပါတော့တယ်။၅၉(စ)ကို အကြွင်းမဲ့ထောက်ခံကြဖို့ အွန်လိုင်းကတုန့်ပြန်ကြရုံမက ပေါ်ပေါ်ထင်ထင်လူလုံးထွက်ပြလာပါတော့ တယ်။ခွင့်ပြုမိန့်တရားဝင် တောင်းခံပြီး လက်မှတ်ရေးထိုးထောက်ခံဟောပြောတဲ့အဆင့်ရောက်အောင် လုပ်ဆောင်လိုက်တာဟာ တကယ်တော့ သူမတို့ပါပဲ။ ဒါတင်မက ကာတာကနေပြန်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံတော်အလံကိုတောင် အလေးမပြုနိုင်ဘူးလို့ တင်းတင်းမာမာပြောခဲ့တဲ့၊မြန်မာလူမျိုးတွေရဲ့ ဓလေ့စရိုက်နဲ့ ဘယ်လိုမှအံမကိုက်တဲ့၊ ရောက်လေရာအရပ်မှာ ပြဿကို မီးထွန်းရှာတတ်တဲ့ ဘင်္ဂလီခိုးဝင်ကုလားတွေကို အပေးအယူလုပ်ပြီး ညှိနှိုင်းမယ်ဆိုတဲ့ အဆင်ခြင်မဲ့စကားတစ်ခွန်းကို ဆိုခဲ့ပါတယ်။အဲဒီမှာတင် အကြီးဆုံးထိပ်တိုက်တွေ့ဆုံမှုအသွင်ကိုဆောင်လာခဲ့ပြီး ပေါက်ကွဲမှုတွေ အလွန်တစ်ရာ ကြီးထွားလာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့အကြီးအကဲအဖြစ် မျှော်မှန်းထားတဲ့သူဟာ မြန်မာနိုင်ငံသားတွေရဲ့ စိတ်နေသဘာဝကို အပ်ကျမတ်ကျသိနေဖို့ အလွန်လိုအပ်လှပါတယ်။အင်္ဂလိပ်လက်အောက်မှာ အတန်ကြာငုပ်လျှိုးနေတဲ့ အမျိုးသားရေးစိတ်တွေကို ကရက်ဒေါက်ရဲ့ ဖိနပ်တစ်ရံက သိင်္ဂုတ္တရကုန်းတော်ပေါ်ခြေချပြီး တစ်နိုင်ငံလုံး အုံးအုံးကြွအောင်ဖန်တီးပေးခဲ့သလို ခုလည်း အမျိုးသားရေးစိတ်ဓာတ်များ တစ်စထက်တစ်စ သိပ်သည်းပြင်းထန်လာရခြင်းအစဟာ အထက်ပါအကြောင်းအချက်များဖြစ်ပါတယ်။

အရင်တစ်ခါက နိုင်ငံရေးဒီရေမြင့်သစ်ကို မကြုံဖူးတဲ့ မြန်မာလူမျိုးတွေအနေနဲ့ မဲတစ်ပြားကို မကွဲပြားမရှုမြင်ခဲ့ပေမယ့် ဒီနေ့ဒီအချိန်မှာတော့ လူနဲ့မူကို ခွဲခြားဆုံးဖြတ်နိုင်စွမ်းရှိလာပါပြီ။အဓိကနဲ့ သာမညကို ပြတ်သားစွာသုံးသပ်နိုင်စွမ်းရှိလာပါပြီ။

မရွယ်ဘဲ စော်ကဲမင်းဖြစ်တာ ဟိုးအရင်ခေတ်…။

ဆိုင်ကော်လို့ ခြုံပေါ်ရောက်တာ Long long ago..။

ဒီခေတ်မှာတော့ သူမက ဂရုမစိုက်ဘူးလို့ ပြောနေပေမယ့် အလွန်ပြင်းထန်အားကောင်းတဲ့ အမျိုးသားရေးတတိယလှိုင်းနဲ့အပုတ် သူမနဲ့ သူမပါတီ စုံးစုံးမြှုပ်သွားနိုင်ပါတယ်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive