Photo: စစ်ကိုင်းမြို့တွင် KNU နှင့် KNU-NDA ငြိမ်းချမ်းရေးအဖွဲ့တို့အကြား ပဋိပက္ခဖြစ်ပွား Friday, June 13, 2014  စစ်ကိုင်းမြို့တွင် အပစ်အခတ်ရပ်စဲထားသည့် KNU အဖွဲ့နှင့် KNU -NDA  ငြိမ်းချမ်းရေးအဖွဲ့တို့အကြား ဇွန် ၁၂ ရက် နေ့လည် ၁၂ နာရီခွဲခန့်က ပဋိပက္ခဖြစ်ပွားခဲ့သည့်အတွက် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် အဆိုပါအဖွဲ့အစည်းနှစ်ခုကို ခေါ်ယူကာ ညှိနှိုင်းဆွေးနွေးခဲ့ရကြောင်း သတင်းရရှိသည်။   စစ်ကိုင်းမြို့ ပါရမီရပ်ကွက်တွင် အခြေစိုက်သည့် ယင်းအဖွဲ့အစည်းနှစ်ခုမှ ဗိုလ်မှူးစောကေထူး (KNU) နှင့် NDA ငြိမ်းချမ်းရေးအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး စောအယ်စေးထူးတို့အကြား ယခင်ကဖြစ်ပွားခဲ့သည့် မကျေလည်မှုများအရ ယခုကဲ့သို့ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။   “စဖြစ်တဲ့နေရာက KNU လို့သိရတဲ့ လူတွေနေတဲ့ ပါရမီရပ် ဆားဂိုဒေါင်လမ်းမှာပါ။ အဲဒီသူတို့ရဲ့ အတည်ပြုလို့မရသေးတဲ့ ရုံးကိုသွားတော့ တာဝန်ခံမရှိဘူး။ သူတို့ကို ဆွေးနွေးဖို့ ခေါ်တယ်။ အဲဒီမှာ ဗိုလ်ကြီးစောကေထူးကိုတွေ့လို့ ကားနဲ့လိုက်ပြီး သူတို့ ကားရှေ့ကနေ ပိတ်ရပ်ထားတာကို တိုက်ပြီး မောင်းပြေးတာ။ မောင်းပြေးတာက စရဖရုံးကိုပါ။ အဲဒီရုံးအပေါက်မှာ ကားကိုပိတ်ရပ်ထားပြီး ကျွန်တော့်တာဝန်ခံကို ဥပဒေဘောင်အတွင်းက ကူညီဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာနဲ့သတင်းတပ်ဖွဲ့ကို အကြောင်းကြားခိုင်း ခဲ့တယ်”ဟု ဖြစ်စဉ်နှင့်ပတ်သက်၍ NDA ငြိမ်းချမ်းရေးအဖွဲ့၏ အထူးတပ်ဖွဲ့မှူး ဗိုလ်မှူးကြီး စောနဂါးက ပြောကြားသည်။   “မေ ၁၉ ရက်က ကျွန်တော့်ကို မူဆယ်မှာ တည်းနေတဲ့ ဟိုတယ်အတွင်းကို ဝင်လာပြီး သူတို့က ရိုက်နှက်ဖမ်းဆီးခဲ့ပြီး စစ်ကိုင်းကို အာဏာပိုင်အဖွဲ့အစည်း မသိအောင် ကြိုးတုပ်ခေါ်လာတယ်။ ပြီးတော့ တစ်ရက်ခွဲလောက် အကျယ်ချုပ်ခံခဲ့ရတယ်။ အဲဒါကို အာဏာပိုင်အဖွဲ့က အချင်းချင်းဖြေရှင်းဆိုပြီး ဘာမှဖြေရှင်းမပေးဘူး”ဟု ဒုတိယဗိုလ်မှူးကြီး စောအယ်စေးထူးက ပြောကြားသည်။   ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး KNU အဖွဲ့သည် ရောက်ရှိလာသည့် မီဒီယာများနှင့် တွေ့ဆုံခြင်းမပြုဘဲ ဝေးဝေးနေရန် ပြောဆိုခဲ့သည်။    အဆိုပါဖြစ်စဉ်ကို စစ်ကိုင်းမြို့ ခရိုင်တပ်ဖွဲ့မှူးရုံးတွင် ညဥ့် ၁၂ နာရီအထိ ညှိနှိုင်းမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။  Eleven Media Group
စစ်ကိုင်းမြို့တွင် အပစ်အခတ်ရပ်စဲထားသည့် KNU အဖွဲ့နှင့် KNU -NDA  ငြိမ်းချမ်းရေး အဖွဲ့ တို့ အကြား ဇွန် ၁၂ ရက် နေ့လည် ၁၂ နာရီခွဲခန့်က ပဋိပက္ခဖြစ်ပွားခဲ့သည့်အတွက် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် အဆိုပါ အဖွဲ့အစည်းနှစ်ခုကို ခေါ်ယူကာ ညှိနှိုင်းဆွေးနွေးခဲ့ရကြောင်း သတင်းရရှိသည်။

စစ်ကိုင်းမြို့ ပါရမီရပ်ကွက်တွင် အခြေစိုက်သည့် ယင်းအဖွဲ့အစည်းနှစ်ခုမှ ဗိုလ်မှူးစောကေထူး (KNU) နှင့် NDA ငြိမ်းချမ်းရေးအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး စောအယ်စေးထူးတို့အကြား ယခင်ကဖြစ်ပွားခဲ့သည့် မကျေ လည်မှု များအရ ယခုကဲ့သို့ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“စဖြစ်တဲ့နေရာက KNU လို့သိရတဲ့ လူတွေနေတဲ့ ပါရမီရပ် ဆားဂိုဒေါင်လမ်းမှာပါ။ အဲဒီသူတို့ရဲ့ အတည်ပြုလို့ မရသေးတဲ့ ရုံးကိုသွားတော့ တာဝန်ခံမရှိဘူး။ သူတို့ကို ဆွေးနွေးဖို့ ခေါ်တယ်။ အဲဒီမှာ ဗိုလ်ကြီးစောကေထူး ကို တွေ့လို့ ကားနဲ့လိုက်ပြီး သူတို့ ကားရှေ့ကနေ ပိတ်ရပ်ထားတာကို တိုက်ပြီး မောင်းပြေးတာ။ မောင်းပြေး တာက စရဖရုံးကိုပါ။ အဲဒီရုံးအပေါက်မှာ ကားကိုပိတ်ရပ်ထားပြီး ကျွန်တော့်တာဝန်ခံကို ဥပဒေဘောင် အတွင်းက ကူညီဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာနဲ့သတင်းတပ်ဖွဲ့ကို အကြောင်းကြားခိုင်း ခဲ့တယ်”ဟု ဖြစ်စဉ်နှင့်ပတ်သက်၍ NDA ငြိမ်းချမ်းရေးအဖွဲ့၏ အထူးတပ်ဖွဲ့မှူး ဗိုလ်မှူးကြီး စောနဂါးက ပြောကြားသည်။
“မေ ၁၉ ရက်က ကျွန်တော့်ကို မူဆယ်မှာ တည်းနေတဲ့ ဟိုတယ်အတွင်းကို ဝင်လာပြီး သူတို့က ရိုက်နှက် ဖမ်းဆီးခဲ့ပြီး စစ်ကိုင်းကို အာဏာပိုင်အဖွဲ့အစည်း မသိအောင် ကြိုးတုပ်ခေါ်လာတယ်။ ပြီးတော့ တစ်ရက် ခွဲလောက် အကျယ်ချုပ်ခံခဲ့ရတယ်။ အဲဒါကို အာဏာပိုင်အဖွဲ့က အချင်းချင်းဖြေရှင်းဆိုပြီး ဘာမှဖြေရှင်းမပေး ဘူး”ဟု ဒုတိယဗိုလ်မှူးကြီး စောအယ်စေးထူးက ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး KNU အဖွဲ့သည် ရောက်ရှိလာသည့် မီဒီယာများနှင့် တွေ့ဆုံခြင်းမပြုဘဲ ဝေးဝေး နေရန် ပြောဆိုခဲ့သည်။ 
အဆိုပါဖြစ်စဉ်ကို စစ်ကိုင်းမြို့ ခရိုင်တပ်ဖွဲ့မှူးရုံးတွင် ညဥ့် ၁၂ နာရီအထိ ညှိနှိုင်းမှုများ ပြုလုပ်နေဆဲဖြစ် ကြောင်း သိရသည်။
Eleven Media Group 

Posted by Unknown on Thursday, June 12, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive