===============
အသံကြောင့် ဖားသေ တဲ့ .....
စကားကြောင့် သား သေ တော့ ...
ဖြစ်နေရပြီ ဘပြောင် ....
တစ်ခြားနိုင်ငံတွေမှာ ...
စစ်မတိုက်ဖို့ စစ်သားမိသားစုတွေက ...
သမ္မတကို ဆန္ဒပြ သတဲ့ ...
ကျုပ်တို့ ဆီ မှာ ...
စစ်တိုက်ဖို့ သမ္မတ ကို ....
ဆန္ဒပြရတော့မယ် ထင်တယ် ...
မင်းလည်းယောက်ျား ....
ငါလည်း ယောက်ျား ...
သူလည်းစစ်သား ....
ကိုယ်လည်း စစ်သား ...
ရင်ဆိုင် တိုက်ပွဲ ကြားမှာ
ညံ့ တဲ့ ကောင်ခံ လိမ့်မယ် ...
မှန် တဲ့ ကောင် သေလိမ့်မယ် ...
မတရား တာ မရှိသလို ...
သနားစရာ လည်း မရှိဘူး ...
စစ်သားဆိုတဲ့ ဒီကောင်တွေ အသက် ...
တစက် လေးတောင် နှမျောဖို့ မလိုပါဘူး ...
ကြော်ငြာမထည့်နဲ့ ...
ပန်းခွေ မချနဲ့ ...
သပိတ်မသွတ် နဲ့ ...
ကိုယ့် ကိုယ်ကိုတောင် စွန့် ပြီးတဲ့နောက် ....
အားလုံး ကို လွှတ် ခဲ့ပြီးသား ...
တွယ်တာ စရာ မရှိတဲ့နောက် ...
ဝိဇ္ဇာပေါက်တဲ့ တစ်ဘဝ ...
ကျုပ်တို့ တွေ ...
ကောင်းရာကို ရောက်ကြလိမ့်မယ် ....
အသံကြောင့် ဖားသေ..
စကားကြောင့် သား သေ တဲ့ ....
အပစ်ရပ် ဆိုတဲ့ စကား အောက်မှာ
နွားသေတွေ ကြိုးတုတ်ပြီး ...
တဘုတ်ဘုတ် ရိုက်ခံ နေရတာ ....
ဒဏ်ရာတွေ က ခန္ဓာမှာမဟုတ်ဘူး ....
ရင်ဘတ်မှာ ...
ဟောဒီ ... ရင်ဘတ် ကြီး တွေ ထဲမှာပါ ဘပြောင် ....
သေသွားသူတွေ မသိပေမဲ့ ...
ကျန်ရစ်သူတွေ က မချိအောင် နာတယ် ....
ရောမခေတ် စစ်သည်တွေ တောင် ....
မြင့်မြတ်သော သေခြင်းနဲ့ သေချင်တယ် ဆိုရင် ....
တစ်ချက်တည်းသော ဓားချက်နဲ့ ....
အသက်ထွက်ခွင့် ရသေးတယ် ....
၂၁ ရာစု ဆိုတဲ့ လူယဉ်ကျေးတို့ခေတ်မှာ ....
ခွေးကိုက်ခံရပြီး ...
ခွေးသေဝက်သေ သေခဲ့ရတဲ့ စစ်သားတွေ ...
များနေ ပြီ ....
များလွန်းနေပြီ ... ဘပြောင် ....
ငြိမ်းချမ်းရေး ....
ငြိမ်းချမ်းရေး ....
အဟက် .. ဟက် ...
တစ် ဖက် " သတ် " ငြိမ်းချမ်းရေး ...
တစ် ဖက် ကို သတ်တဲ့ ငြိမ်းချမ်းရေး ....
အဲဒီ ငြိမ်းချမ်းရေး ဆိုတဲ့ စကား ....
လျှာဖျားတော့ အတော် အေးပါတယ် ....
ရင်တွင်းထိ မနွေးစေတာက ခက်တယ်ဘပြောင် ....
ကိုယ့်ကိုယ် ကို ....
စစ်ဝါဒီလို့ ဘယ်တော့မှ မတွေးပေမဲ့ ....
Fund တောင်းလို့ ကောင်း ....
လမ်း လျှောက်လို့ ကောင်း ...
တေး ဆိုလို့ ကောင်း ...
ဘုတ် ထောင်လို့ ကောင်း ...
ဝိုင် သောက်လို့ ကောင်း ...
ခေါင်းကြီးတွေ တင်ရောင်းလို့ ကောင်းရုံ ...
မိုးလုံးပြည့် " ငြိမ်းချမ်းရေး " ဆိုတဲ့ သတင်းကို .....
ရင်နဲ့ ရင်းပြီး မုန်းတယ် ... ဘပြောင် ...
ရင်ဘတ်တွေ နဲ့ ရင်းပြီး မုန်းတယ် .....
.....................
ရင်ဘတ်တွေနဲ့  ရင်းပြီး မုန်းတယ် ...
( Credit - ရုပ်ဆိုး )

0 comments