၂၁.၅.၂၀၁၄ ဗုဒ္ဒဟူးနေ့ ညနေ (၃)နာရီ
အချိန်ခန့်တွင် တွံတေးမြို့နယ်
ကျွန်းတောရပ်ကွက် ကန်သာယာ(ရ)
လမ်းရှိ ကိုနာရီစိန်အိမ်ကို ကိုနာရီစိန်မ
ရှိခိုက် နယ်မြေခံနယ်ထိန်း ဇာနည်ထွန်းနှင့်


နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် လွင်မင်းထွန်းတို့ဦးဆောင်သော အဖွဲ့မှ ၀ရမ်းမပြ အသိသက်သေ ရပ်ကွက်လူကြီးမပါပဲ အတင်းအဓမ္မ ၀င်ရောက်အကြမ်းဖက်ဖမ်းဆီးခဲ့ပါသည်။

ထိုသို့ဖမ်းဆီးရာတွင် နယ်ထိန်းခေါင်းဆာင်မှတုတ်ကိုင်ပြီးခြိမ်းခြောက်ဖမ်းဆီး
ခဲ့ပါသည်။ထိုသို့ဖမ်းဆီးစဉ် ကိုနာရီစိန်၏ သမီး GTC ကျောင်းသူအားအမှုနှင့်
မသက်ဆိုင်ဘဲလက်ထိပ်ခတ်ဖမ်းဆီးခေါ်ဆောင်သွားပါသည်။

ကိုနာရီစိန်၏ဇနီးမှာလည်းအ၀တ်အစားများစုတ်ပြဲသွားခဲ့ပြီးအ၀တ်အစားပင်လဲခွင့်မပေး
ဘဲအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကာယကံရှင်မိသားစုမှာများစွာနစ်နာ အရှက်ရစေခဲ့ပါသည်။ယင်းကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိသူများအနေဖြင့်ရဲလုပ်ထုံးလုပ်နည်း
 ဥပဒေ များကိုကျော်လွန်ပြီး စိတ်ထင်သလိုလုပ်ဆောင်ခဲ့သော ဒုရဲအုပ် လွင်မင်းထွန်း၊ နယ်ထိန်းဇာနည်ထွန်းနှင့်အဖွဲ့အားလိုအပ်သလိုအရေးယူဆောင်ရွက်ပေးပါရန်လေးစားစွာ
တင်ပြအပ်ပါသည်။

မိုးသောက်ကြယ် တွံတေး နှင့်မိုးမိုးဝင်းတို့  ပို့ ပေးသည်။




 
http://www.shwemyanmarmediagroup.org

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive