နိုင်ဂျီးရီးယားနိုင်ငံ အရှေ့ မြောက်ပိုင်းမှာ ဘောလုံး ဝါသနာ အိုးတွေ ကမ္ဘာ့ဖလားပွဲ ကြည့်နေတဲ့ နေရာ တခုမှာ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပါတယ်။
ယိုဘီပြည်နယ် ဒါမာတူရူမြို့မှာ အသေခံ ဗုံးခွဲသူက သုံးဘီး တက္ကစီနဲ့ ရောက်လာပြီး ဗုံးခွဲ တိုက်ခိုက် ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြန်ပြောပြ ပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကို ထရပ်ကား အတော်များများနဲ့ ဆေးရုံကို ခေါ်သွားတယ်လို့ ဆိုပါတယ်။
နိုင်ငံ အရှေ့မြောက်ပိုင်း အဒါမာဝါ ပြည်နယ်မှာ ဘိုကို ဟာရမ် အစ္စလာမစ် အုပ်စုက တိုက်ခိုက်မှုတွေ လုပ်လာမယ့် အန္တရာယ်တွေကြောင့် ကမ္ဘာ့ ဖလား ဘောလုံးပွဲ သတင်း ရုပ်မြင်သံကြားတွေကနေ တိုက်ရိုက် ပြဖို့ စီစဉ်ထားတဲ့ နေရာ ဆိုင်ခင်း အားလုံးကို ပိတ်ဖို့ ညွှန်ကြားထားပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

0 comments