From : .. SMMK
ပဲခူးတိုင်းအနောက်ပိုင်းပြည်မြို့တွင် Ooredoo ဆက်သွယ်ရေးကုမ္ပဏီလုပ်ငန်းခွင်တွင်အလုပ်လုပ်ကိုင်သည့် အန္ဒိယလူမျိုး ဇော်ဝင်း(ခ) စလွန်းအား ဇွန်(၅)ရက်နေ့ကပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ၆(၂) ဖြင့် ပြည်မြို့နယ် လ.၀.က.မှုး ဦးကျော်စိုးထွန်းမှတရားစွဲဆိုခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တရားစွဲခံရသူသည် ပြည်ခရိုင်အတွင်းရှိပြည်မြို့၊သဲကုန်းမြို့၊အောင်လံမြို့များသို့သွားရောက်၍ Ooredoo ကုမ္ပဏီမှဆက်သွယ်ရေုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်ငှားရမ်းလာသည့်
ကရိန်းယဉ်တွင် အလုပ်လုပ် သူတစ်ဦးဖြစ်ပြီး ပြည်မြို့တွင် တည်းခိုစဉ်နိုင်ငံသားစီစစ်ရေးကဒ်၊နိုင်ငံ သားပြုလက်မှတ်၊ဧည့်နိုင်ငံသား လက်မှတ်
အစရှိသည့် မည်သည်လက်မှတ်မှကိုင်ဆောင်ထားခြင်း မရှိသောကြောင့်တရားစွဲဆိုခဲ့ရခြင်း ဖြစ်သည်ဟု သိရှိရသည်။
“ကျနော်တို့ ဆံတော်ရပ်ကွက်က ရိုးမရိုင်ရယ်ဟိုတယ်မှာ နိုင်ငံခြားသားတွေတည်းခိုနေတယ်ဆိုလို့ ဧည့်စာရင်း သွားစစ်တာမှာ Ooredooဆက်သွယ်ရေးကုမ္ပဏီဝန်ထမ်းတွေဖြစ်တဲ့ အိန္ဒိယလူမျိုး (၂၃)ဦးက
တရားဝင်ပတ်စပို့ ဗီဇာနဲ့တည်းခိုနေတာ တွေရပေမယ့်၊ အဲဒီတစ်ယောက်ကတော့ဘာအထောက်အထားမှ မပြနိုင်ပါဘူး”ဟု ဆံတော် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးညွန့်နိုင်က ပြောသည်။
အဆိုပါ ဟိုတယ်သို့ ပြည်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့် ပြည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဥိးစီးဌာနပါဝင်သော ပူးပေါင်းအဖွဲ့မှဇွန်လ(၃)ညက ဧည့်စာရင်းဝင်ရောက် စစ်ဆေးခဲ့ဖြင်း ဖြစ်ကြောင်း ပြည်မြို့နယ်လ.၀.က ရုံးမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါအမှုအား ပြည်မြို့နယ်တရားရုံးမှ လက်ခံစစ်ဆေးလျှက်ရှိပြီးစွပ်စွဲခံရသူ ဇော်ဝင်း(ခ)စလွန်းအား ကျပ်ငွေ ဆယ်သိန်းတန် အာမခံဖြင့်ပြန်လွှတ်ပေးခဲ့ကာ ဇွန်လ ၁၈ ရက်နေ့သို့ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ကြောင်း ပြည်မြို့နယ် တရားရုံးမှသိရှိရသည်။
.. www.MyanmarExpress.net
0 comments