====================
စစ်တွေ ၊ ၀၅ ဇွန်လ ၂၀၁၄ ၊ Coral Arakan News ၊ [ သတင်း ]

စစ်တွေမြို့မ ပရိယတ္တိစာသင်တိုက်တွင် ၂၀၁၄-ခုနှစ် ဇွန်လ (၃) ရက်နေ့ နှင့် (၄) ရက်နေ့တို့၌ ပြုလုပ်ကျင်းပခဲ့သော ရခိုင်ပြည်နယ်လုံးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး နှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ အစည်းအဝေးကြီးက အောက်ပါ ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။

(၁) စည်းကမ်းထိန်းသိမ်းရေး နှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအသင်းကို ပြည်နယ်အဆင့် တိုးမြှင့် ဖွဲ့စည်းကြရန် ဆုံးဖြတ်သည်။
(၂) ပြည်နယ်အဆင့်ဖွဲ့စည်းနိုင်ရန် မြို့နယ်အသီးသီးရှိ အသင်းဝင်စာရင်းများကို ပြုစု၍ ၀ါဆိုလပြည့်နေ့ နောက်ဆုံးထားကာ စစ်တွေ စည်း/ထိန်းသို့ ပေးပို့ကြရန် ဆုံးဖြတ်ကြသည်။
(၃) ရခိုင်ပြည်နယ်လုံးဆိုင်ရာ သင်းလုံးကျွတ် စည်း/ထိန်း အစည်းအဝေးကို တစ်နှစ်တစ်ကြိမ်ကျ နတ်တော်လ တွင် ကျင်းပပြုလုပ်ကြရန် ဆုံးဖြတ်သည်။
(၄) အသင်းဝင် သံဃာများ လိုက်နာရန် စည်းကမ်းချက်များကို စစ်တွေ စည်း/ထိန်း နှင့် ဥပဒေ ပညာရှင်များက ညှိနှိုင်းရေးဆွဲကာ မြို့နယ်အသီးသီးသို့ ပေးပို့ရန် ဆုံးဖြတ်ကြသည်။
(၅) ဘဏ္ဍာငွေရရှိရေးကို မိမိတို့မြို့နယ် အလိုက်စုဆောင်းထားရန် ဆုံးဖြတ်ကြသည်။
(၆) ဘဏ္ဍာငွေတိုးပွားရေးအတွက် မြို့နယ်များသို့ လှည့်လည်တရားဟောကြရန် ဆုံးဖြတ်ကြသည်။
(၇) ၁၉၈၂ ဥပဒေကို မြန်ဆန်စွာ အကောင်အထည်ဖော်ပေးရန် အစည်းအဝေးတက်ရောက် သံဃာတော်များ လက်မှတ်ရေးထိုး၍ အစိုးရသို့ တင်ပြတောင်းဆိုရန် ဆုံးဖြတ်ကြသည်။
(၈) ရခိုင်ပြည်နယ် နယ်မြေဒေသ လုံခြုံမှုရရှိအောင်အတွက် အစည်းအဝေးတက်ရောက် သံဃာတော်များ လက်မှတ်ရေးထိုး၍ အစိုးရသို့ တင်ပြတောင်းဆိုရန် ဆုံးဖြတ်ကြသည်။
(၉) ရခိုင်ပြည်နယ်တွင် သတ်မှတ်ထားသော စက်မှုဇုန်များကို အမြန်ဆုံး အကောင်အထည်ဖော်ပေးရန် အတွက် အစိုးရသို့ တင်ပြတောင်းဆိုရန် ဆုံးဖြတ်ကြသည်။ (ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊ စစ်တွေ)
(၁၀) သယံဇာတ သုံးစွဲမှုနှင့်ပတ်သက်၍ ကျောက်ဖြူ ညီလာခံမှ တောင်းဆိုမှုများကို ထပ်ဆင့်တောင်းဆိုရန် ဆုံးဖြတ်ကြသည်။
(၁၁) NGO , INGO အဖွဲ့များ လုပ်ဆောင်မှုကို မြို့နယ် အသီးသီး၌ စောင့်ကြည့်ကြရန် ဆုံးဖြတ်ကြသည်။
(၁၂) ရခိုင်ပြည်နယ်သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မည့် ခရီးစဉ်ကို ထောက်ခံခြင်း/ကန့်ကွက်ခြင်း မပြုဘဲ ပုံမှန်အတိုင်း နေထိုင်ရန် ဆုံးဖြတ်ကြသည်။

==================

Coral Arakan News

Posted by Unknown on Thursday, June 5, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive