ရန်ကုန်၊ ဇွန် ၁၈

 ပြည်ထောင်စုအဆင့် ဒုဝန် ကြီးများနုတ်ထွက်ခြင်း၊ ပြောင်းလဲ တာဝန်ပေးခြင်းနှင့် မူလစစ်ဘက် တာဝန်များအား ပြန်လည် ထမ်း ဆောင်စေရန်အတွက် ဇွန် ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်း အပေါ် တစ်စုံတစ်ရာ ထုတ် ဖော် ပြောဆိုရန်မရှိဘဲ အကြောင်းရှိ၍ သာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇွန် ၁၈ ရက်တွင် မြန်မာသံတော်ဆင့်သို့ပြောသည်။

ဒုဝန်ကြီးရာထူးမှ နုတ်ထွက်သွားသူမှာ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာမျိုးမြင့် ဖြစ်ကာ မိမိ၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခြင်းဖြစ်ကြောင်း သမ္မတရုံးမှ ထုတ်ပြန်ထားပြီး ယင်း နေရာ၌ သမ္မတရုံးဝန်ကြီးဌာန (၁)ဒုဝန်ကြီး ဦးသန့်ရှင်းအား ပညာရေးဒုဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေး အပ်ကြောင်းလည်း သမ္မတရုံးမှ ဇွန် ၁၈ ရက်တွင် ကြေညာထားသည်။

စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်ရန် အမိန့် ကြေညာခံရသူမှာ နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းဖြစ်ပြီး ယခင်က ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၌ တာဝန်ထမ်း ဆောင်ခဲ့သူ ဖြစ် သည်။…

““အဲဒီအတိုင်းပဲဗျ။ အဲဒီအတိုင်းပဲ။ ဒါမျိုးက ပြောလေ့ပြော ထလည်း မရှိဘူး။ အကြောင်းရှိ လို့ပေါ့နော်။ ပြောလို့ မရဘူး။ ထုတ်ပြောလေ့ မရှိဘူး”” ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေး က မြန်မာသံတော်ဆင့်သို့ ပြော သည်။

နယ်စပ်ရေးရာဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းမှာ စစ်တွေ အရေးအခင်း စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ထမ်း ဆောင်ခဲ့ဖူးသူတစ်ဦး ဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ဆွေးနွေးပွဲများ၌လည်း စစ်တပ်ဘက်ပိုင်းမှနေ၍ ၀င်ရောက် လုပ်ကိုင်ဖူးသူလည်း ဖြစ်သည်။

မြန်မာသံတော်ဆင့်သတင်းဌာန




Posted by Unknown on Thursday, June 19, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive