From : .. MOI



နေပြည်တော်၌ ဇွန် ၁၀ ရက်မှ ၁၂ ရက်အထိ ကျင်းပသည့် (၁၂) ကြိမ်မြောက် အာဆီယံပြန်ကြားရေး ဝန်ကြီးများအစည်းအဝေးက ငြိမ်းချမ်း ကြွယ်ဝသော အာဆီယံအသိုက်အဝန်း တစ်ရပ်အတွက် လူမှုတာဝန် သိသော မီဒီယာဆိုင်ရာကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့ရာ

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၂ ခုနှစ်ကတည်းက မြန်မာ နိုင်ငံမှာ လူမှုတာဝန်သိသောမီဒီယာကို မြန်မာနိုင်ငံနဲ့ အသင့်တော်ဆုံး လို့ယူဆပြီး ဖော်ဆောင်ခဲ့ပါတယ်။ ဒီအယူအဆဟာ အသစ်အဆန်း မဟုတ် ပါဘူး။ ဥရောပသမဂ္ဂမှာ ကျင့်သုံးနေတာ နှစ်ပေါင်း ၃၀ လောက်ရှိနေပြီ ဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ထုတ်ပြန်ခဲ့တဲ့ အာဆီယံအစည်းအဝေးမှာလည်း အာဆီယံ နိုင်ငံတွေက မီဒီယာတွေဟာ စာနယ်ဇင်း လွတ်လပ်မှုကို လူမှုတာဝန်သိသော မီဒီယာပုံစံနဲ့ ဖော်ပြ ရမယ်လို့ ပါရှိခဲ့ပြီးဖြစ်ပါတယ်။

၂၅ နှစ်ကြာမှ ဒီအယူအဆကို ASEAN နိုင်ငံများအကြား လက်တွေ့ အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူမှု တာဝန်သိသောမီဒီယာကို လုပ်ငန်းစဉ်သုံးရပ်နဲ့ ဖော်ဆောင်နေတယ်လို့ ယေဘုယျပြော နိုင်ပါတယ်။ အဲဒါတွေကတော့ စာနယ်ဇင်းလောက အတွက် သတင်းမီဒီယာ ဥပဒေနဲ့သတင်းမီဒီယာ ကောင်စီ တစ်ခုပေါ်ပေါက်လာဖို့၊ နိုင်ငံတကာအဆင့်မီ စာနယ်ဇင်း ကျင့်ဝတ်များ ထွန်းကားဖို့နဲ့ စာနယ်ဇင်းအတတ်ပညာနဲ့ သင်တန်း များကို တိုးချဲ့ဖွင့်လှစ်ဖို့တို့ပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ သတင်းမီဒီယာ ဥပဒေလည်း ရေးဆွဲ အတည်ပြုပြီးသွားပြီ။ သတင်းမီဒီယာကောင်စီ မဖွဲ့နိုင် သေးပေမယ့် စာနယ်ဇင်းကောင်စီ (ယာယီ)က ရေးဆွဲထားတဲ့ စာနယ်ဇင်းကျင့်ဝတ်လည်း ပေါ်လာပြီ။ လွတ်လပ်တဲ့ မြန်မာစာနယ်ဇင်းသင်တန်း ကျောင်းဖြစ်တဲ့ (MJI) လည်း မကြာခင်ပေါ်ပေါက် လာတော့မှာ ဖြစ်ပါ တယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ လူမှုတာဝန်သိသောမီဒီယာနဲ့ ပတ်သက်ပြီး အခြေခံကောင်းတွေရနေပြီလို့ ပြောနိုင်ပါတယ်။

အဲဒီလိုပြောင်းလဲတဲ့အခါ လူမှုတာဝန်သိသောမီဒီယာအဖြစ် နိုင်ငံပိုင် မီဒီယာတွေကလည်း လိုက်နာပြောင်းလဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ စာနယ်ဇင်းကျင့်ဝတ်နဲ့ပတ်သက်ရင် နိုင်ငံပိုင်သတင်းစာ တွေဖြစ် တဲ့ မြန်မာ့အလင်းသတင်းစာနဲ့ ကြေးမုံသတင်းစာတွေကလည်း လက်ရှိ စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲထားတဲ့ကျင့်ဝတ်တွေကို လိုက်နာ ဆောင်ရွက်သွားဖို့ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် အများ ပြည်သူဝန်ဆောင်မှုမီဒီယာကျင့်ဝတ်များကိုလည်း လိုက်နာဆောင်ရွက် သွားမှာဖြစ်တယ်လို့ ပြောကြားလိုပါ တယ်။ လူမှုတာဝန်သိသော မီဒီယာပုံစံဟာ ASEAN အသိုက်အဝန်းကို သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်း ဖြစ်အောင် ဆောင်ရွက်ပေးနိုင်မယ့် နည်းလမ်းဖြစ်တဲ့အတွက် အားလုံးက ပူးပေါင်းအကောင် အထည်ဖော်သွား ရမှာဖြစ်ပါတယ်။
 

Posted by Unknown on Friday, June 13, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive