ပာချင်တာက ဘယ်သူမှ ရိုက်နှက်ပြီး ဘုန်းကြီး ၀တ်မခိုင်းဘူး။ သာသနာ့ဘောင်ထဲမှာ ရဟန်းအလုပ် မလုပ်ဘဲ ဇိမ်ခံနေတာဟာ သာသနာကို ဖျက်ဆီးနေတာပါပဲ။ ပြည်ပသာသနာပြု ဆိုတာလည်း အရင်က အထင်ကြီးသလောက် ခု မြင်ရ တွေ့ရတာ စိတ်မချမ်းသာ၊ မြန်မာပြည်ဘုန်းကြီး ရောက်လေရာ တပါးတကျောင်း ကျောင်းပိုင်ဖြစ်ရေးကိုသာ အားထုတ်နေကြတာ။ ဒီမှာ သံဃာဆင်းရဲတဲ့ ဒကာ ဒကာမတွေကလည်း လှူခွင့်ရသဟဲ့ ဆိုပြီးပဲ နင်းကန် လှူကုန်ကြတော့တယ်။

သစ်တပင်အောက်၊ သင်္ကန်းသုံးစုံ၊ သုံးပုံတပုံဆွမ်းနဲ့မှ မမွေ့လျော်နိုင်ရင် စ ကတည်းကကို မ၀တ်ကြစေချင်ဘူး။

စစ်တပ်လိုပေါ့ဗျာ။ အသက်စွန့်ရမယ်၊ ဆင်းရဲဒုက္ခခံ၊ လစာလေးနဲ့ နေပြီး တိုင်းပြည်ကို ချစ်တဲ့စိတ်နဲ့၊ ပြည်သူကို ချစ်တဲ့ စိတ်နဲ့ စစ်မှုထမ်းနေကြတာဆိုရင် …

တကယ်ပဲ ယူနီဖောင်းအစုတ်နဲ့၊ စွတ်ကျယ်စုတ်နဲ့ စစ်မှုထမ်းနေကြမယ်ဆိုရင် …

ဒီပြည်သူတွေများ မချစ်၊ မကြည်ညို မလေးစားဘဲ နေမလား။ အဲဒီလို အဆင်းရဲခံပြီးများဆိုရင် အာဏာသိမ်းရင်တောင် ယုံကြည်စွာနဲ့ ထောက်ခံကြမှာ။ မလုပ်တတ်လို့ တိုင်းပြည်ဆင်းရဲနေရင်တောင် သြော် သူတို့လည်း လုပ်နေကြရှာသားလို့ ခွင့်လွှတ်နားလည်ပေးကြဦးမှာ။

ခုတော့ မြင်တဲ့အတိုင်းပဲ။

ရှက်တတ်ရင် ရှက်ရွံ့ပြီး ကိုယ့်ဖာသာ စိစစ်ကြဖို့ပါပဲ။

ဒီတိုင်းပြည်ကြီးဗျာ
တိုင်းပြည်က ဆင်းရဲ
ပြည်သူက မွဲ
ဒုက္ခသည် တစီစီနဲ့ တိုင်းပြည်ကြီးပါ။

ခင်ဗျားတို့ ဘုရားတွေ၊ သိမ်တွေ၊ ကျောင်းတွေနဲ့ ...

သိန်းပေါင်းသောင်းချီ အကုန်ခံ သာသနာတွေ ပြုနေကြလိုက်တာ
သိန်းပေါင်းရာချီ ညကြေးတွေနဲ့ တရားတွေ ဟောနေလိုက်ကြတာ
သိန်းထောင်ချီ ကားကြီးတွေ စီး
သိန်းသောင်းချီ တိုက်ကျောင်းကြီးတွေမှာနေ
ဟင်းခွက်ပြည့် ဆွမ်းဝိုင်းကြီးတွေ ဘုန်းလို့ ...

ဒီလို လူတွေ သတ္တ၀ါတွေ ဆင်းရဲဒုက္ခကြီးလှတယ်။ ဒီကြားထဲက ငါတို့ကို ထောက်ပံ့နေတာ ငါတို့က ကယ်တင်နိုင်အောင် တရားစစ် တရားမှန်ကို ရအောင် အားထုတ်မှပဲ လို့များ သနားတော်မူ၊ ကယ်တင်တော်မူမယ် ဆိုလည်း ‘‘ဒီတရား မရမချင်း မထဘူးဟဲ့’’ လို့ မာန်ကလေးသွင်းတော်မူကြပါဘုရား။

အဲဒီ ငတ်နေတဲ့ ပြည်သူတွေကို နည်းနည်းလေးမှတောင် သတိရစိတ် ရှက်ရွံ့စိတ်ကလေးတောင် မ၀င်မိဘူးလားလို့ မေးချင်ပါရဲ့။ အိုဘယ့် သာသနာသူရဲကောင်းတို့ရဲ့ …။

မခံစားနိုင်လွန်းလို့ …
ချိုတူးဇော်

"ရွှေစည်းခုံကိုသာ လှူပါဘုရား …"

တရားသူကြီးတယောက်က လာဘ်စားပြီးတော့ သူ ရတဲ့ ငွေတွေကို မရှိဆင်းရဲသားတွေကို ပြန်လှူ၊ ပြန်ပေးတယ်လို့ ပြောတာ ကြားဖူးတယ်။ လုပ်သင့်တယ်လို့ ခင်ဗျားတို့ ထင်သလား။

တရားသူကြီး လာဘ်စားတယ် ဆိုတာကိုက တရားရေးမဏ္ဍိုင်ကြီး ပျက်ယွင်းသွားရတဲ့ ကိစ္စပါ။ သူ့ဖာသာ လှူ လှူ၊ မလှူ လှူ …။

ဒီလိုပဲ သံဃာက တရားကို ပွဲလုပ်ပြီး၊ ညကြေးယူတယ် ဆိုတာကိုက သံဃာ့မဏ္ဍိုင် ပျက်ယွင်းတဲ့ကိစ္စလို့ မြင်ပါတယ်။ သူ့ဖာသာ လှူ လှူ၊ မလှူ လှူ …။

ပရဟိတ စနစ်တကျ ဖွဲ့စည်းလုပ်ချင်လို့ ဟောဒီလို ရန်ပုံငွေ ရှာပါတယ် ဆိုရင်တော့ စနစ်တကျ သင်းဖွဲ့စည်းမျည်းစည်းကမ်းနဲ့အညီ ရှိသင့်၊ ရငွေ သုံးငွေ လှူငွေကို စနစ်တကျ စာရင်းနဲ့ စစ်ဆေးသင့်သပေါ့ဗျာ။

ဆရာတော်ကြီး ပရဟိတလုပ်တယ် ဆိုပြီး စီးတော့ သိန်းထောင်ကျော်တန် ကား၊ နေတော့ သိန်းသောင်းချီတန် တိုက်၊ ဘုန်းတော့ စားပွဲပြည့် ဟင်းခွက်စီရီ၊ ကိုင်တော့ အိုင်ဖုန်း၊ သုံးတော့ အိုင်ပက်နဲ့ ဆိုတာ သံသရာဝဋ်ဆင်းရဲအကြောင်း ပြောဟော နိဗ္ဗာန်ကို မျက်မှောက်ပြုခိုင်း၊ လောဘ ဒေါသ မောဟကို သတ်ခိုင်း၊ ကိလေသာကို ဖြတ်ခိုင်း၊

အားထုတ်ကြ
အားထုတ်ကြ

ငါကတော့ ဆုကြီးပန်ထားသကွဲ့ … ဆိုတော့
(ဘုရားစူး သံဃာသာ ဖြစ်တော့မပေါ့)

ဒီသာသနာမှ မပျက် ဘယ်သာသနာ ပျက်မလဲ ကွယ်ရို့။

လောက ရှိရှိသမျှ တခြားသာသနာတွေ မျက်စိထဲ ထော်လော်ကန့်လန့် ဘယ်လောက်တောင် နေမလဲ။

ရှက်တတ်ကြစမ်းပါ။

တိုင်းပြည်က ဆင်းရဲ
ပြည်သူက မွဲ
ဒုက္ခသည်က တစီစီ
ချမ်းသာတာ ခရိုနီ အပြင်
စစ်ဗိုလ်နဲ့ ဘုန်းကြီးပဲ ရှိတဲ့ တိုင်းပြည်ကြီးပါလေ။

ချိုတူးဇော်

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive