မကွေးတိုင်း ဒေသကြီး၊ အောင်လံမြို့နယ်၊ အတွင်းရှိ ပြလို့ရွာနေ ဦးကျော်မြင့်ဌေးနှင့် ဦးလှမိုး ဦးစီးသော ကျောက်စရစ်စုပ် သင်္ဘောများသည် ဧရာဝတီမြစ်ကမ်းပါးရှိ ကျောက်စရစ်များအား စုပ်ယူနေသည်မှာ (၂)လမျှကြာမြင့်နေ ဖြစ်ပါသည်။
၎င်းကိစ္စရပ်အား ပြလို့ကျေးရွာ အုပ်ချုပ်ရေးမှူးထံ တိုင်ကြားသော်လည်း မထီမဲ့မြင် ဆက်လက်စုပ်ယူနေသဖြင့် အောင်လံမြို့နယ်၊ အုပ်ချုပ်ရေးမှူးထံ တိုင်စာများနှင့် ဓာတ်ပုံများ ပေးပို့တိုင်ကြားခဲ့ပါသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးအနေဖြင့် ယင်းကိစ္စအား တိုင်းဒေသကြီး၊ နေုပြည်တော် ထိ အဆင့်ဆင့်အရေးယူဆောင်ရွက်ပေးပါမည်ဟု ကတိပြုပါသည်။
ပြလို့ရွာသည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိပါသည်။ ထိုမြစ်ကမ်းပါးတွင် သမိုင်းဝင်စေတီပုထိုးများလည်း တည်ရှိနေပါသည်။ ပြလို့ရွာသူ ရွာသားအများစုမှာလည်း လယ်ယာကိုင်းကျွန်း လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလျက်ရှိပါသည်။
ထို့ကြောင့် ယခုအချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် မြစ်ကမ်းပါးပြိုကျမှုများအား ကာကွယ်ရန် အလေးထားဆောင်ရွက်နေချိန်တွင် ကျွန်တော်တို့၏ ပြလို့ရွာတည်ရှိနေသာ ဧရာဝတီမြစ်ကမ်းပါးအား ပျက်စီးမှုမဖြစ်ပွားစေရန်နှင့် ရှေးဟောင်းစေတီပုထိုးများ ပြိုကျပျက်စီးမှု မဖြစ်စေရန်အတွက် သက်ဆိုင်ရာအကြီးအကဲနှင့် ပြည်သူတစ်ရပ်လုံး သိရှိစေရန် ပူးတွဲပါ ဓာတ်ပုံများနှင့်တကွ တင်ပြအပ်ပါသည်။
ပြလို့ရွာသူ ရွာသားများ
BY THIT HTOO LWIN

0 comments