ကိုယ့်အချင်းချင်းဖြစ်တဲ့တိုက်ပွဲတွေအတွက်သူရဘွဲ့တွေ၊ သီဟသူရဘွဲ့တွေပေးစရာမလိုဘူးဆိုပြီး ဦးအောင်မင်းပြောတာသစ္စာဖောက် လိုင်းကြောင်တာပဲ၊ သူ့စကားသူပြန်တာဝန်ယူရလိမ့်မယ်

ပြီးခဲ့သည့်ဇွန်(၇)ရက်နေ့တွင်မြန်မာနိုင်ငံကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းကြီးများအသင်းချုပ်ရုံးခန်း
၌ပြုလုပ်သော မြန်မာနိုင်ငံရေးအသွင်ကူးပြောင်းမှုကာလ အနာဂတ်မှန်းဆချက်များဟောပြောပွဲ၌ သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီးတစ်ဦးဖြစ်သူ ဦးအောင်မင်းက တိုင်းရင်းသားအရေး၊
ပြည်တွင်းငြိမ်းချမ်းမှုဖော်ဆောင်ရေးအပိုင်းနှင့်စပ်လျဉ်း၍ပြောကြားရာတွင်ထည့်သွင်းပြောကြားသွားခဲ့သော ““ကိုယ့်အချင်းချင်းဖြစ်တဲ့ တိုက်ပွဲတွေအတွက် သူရဘွဲ့တွေ၊ သီဟသူရဘွဲ့တွေ ပေးစရာမလိုဘူး””ဟူ၍ တပ်မတော်မှချီးမြှင့်သောစွမ်းရည်ဂုဏ်ထူးဆောင်ဘွဲ့များအကြောင်း ပြောကြားခဲ့ခြင်းအပေါ် ယခင်ကတပ်မတော်၌ အဆင့်မြင့်အရာရှိ တာဝန်ထမ်းဆောင်ခဲ့ပြီးယခုအမျိုးသားလွှတ်တော်
ကိုယ်စားလှယ်ဦးလှဆွေအားHot News သတင်းထောက်မှ ကော်မတီဆောင်၌ တွေ့ဆုံ၍ သဘောထားအမြင် မေးမြန်းဖြစ်ခဲ့ပါသည်။



ဦးအောင်မင်းကတော့ umfcci မှာ ပြောသွားတယ်။ ဒီပြည်တွင်းမှာ အချင်းချင်းဖြစ်နေတဲ့ တိုက်ပွဲတွေအပေါ် အခြေခံပြီး စွမ်းရည်ဂုဏ်ထူးဆောင်ဘွဲ့တွေဖြစ်တဲ့ သူရ၊ သီဟသူရ အစရှိတဲ့ ဘွဲ့တွေပေးဖို့ မလိုဘူးပြောခဲ့တယ်။ ဒီ့ အပေါ် ဗိုလ်မှူးကြီးအနေနဲ့ ဘယ်လို သုံး သပ်ပါသလဲ။

ရှေးကရခဲ့တဲ့ သူရဘွဲ့တွေ၊ သီဟ သူရဘွဲ့တွေ၊ အောင်ဆန်းသူရိယစတာ တွေဟာ ပြည်တွင်းသောင်းကျန်း
မှု နှိမ် နင်းရာမှာ ရွပ်ရွပ်ချွံချွံ ထမ်းဆောင်လို့ ရခဲ့တာတွေချည်းပဲ။ပြည်ပနိုင်ငံတွေနဲ့ ဖြစ်လို့ ရခဲ့တာမဟုတ်ဘူး။ ပြောရရင် ပဲခူးရိုးမ ထဲက ဗကပကို နှိမ်နင်းနိုင်ခဲ့လို့ ခု ပဲခူး တိုင်းကြီးက အေးချမ်းခဲ့တယ်။ ဧရာဝတီတိုင်းထဲမှာဆိုလည်း ရှိခဲ့တဲ့ ဒီသောင်း ကျန်းသူတွေကို နှိမ်နင်းခဲ့လို့ ဧရာဝတီ တိုင်းကြီး အေးချမ်းခဲ့တယ်။ ပြောရရင် သခင်စိုးကြီးတို့ကို နှိမ်နင်းခဲ့လို့ အေးချမ်းသွားတာပဲလေ။ ဒါတွေက ဒီအတိုင်း ရလာတာမဟုတ်ဘူး၊ တပ်မတော်သား တွေ အသက်သွေးတွေပေးပြီးမှ ဒီအေး ချမ်းမှုဆိုတာ ဖြစ်လာတာ။ ဒီလိုစွမ်းရည်ဘွဲ့တွေချီးမြှင့်ရလောက်အောင်ကို ရွပ်ရွပ် ချွံချွံမတိုက်ခဲ့ရင် ဘယ်လိုလုပ်ပြီး အေးချမ်း တော့မှာလဲ။ ဒီဒေသတွေ ဦးအောင်မင်း အဲသလိုပြောကြေးဆိုရင် ရှေးက အသက်ပေးသွားကြတဲ့ စွမ်းရည် ဘွဲ့တွေ ရခဲ့တဲ့ တပ်မတော်သားတွေကို သစ္စာဖောက် တယ်လို့ ကျွန်တော်မြင်တယ်။ ဆိုလိုတာ က ငြိမ်းချမ်းရေးရဖို့အတွက် လူတိုင်းမျှော်လင့်ကြပါတယ်။ ရှေးကနေ ပြီးတော့ ခုလိုအေးချမ်းအောင် အသက်ပေးစွန့် လွှတ်လာတဲ့ ရဲဘော်တွေက ဒီငြိမ်းချမ်း ရေးဆိုတာတွေအတွက် တိုက်ခဲ့ကြတာ ဗျ။ဒီလိုအသက်ပေးပြီး ခြေပြတ်လက်
ပြတ်အဖြစ်နဲ့ ဘ၀တွေပေးပြီး ယခင်က တိုက်ခဲ့လို့ ခုအေးချမ်းနေတာဗျ။ ခု ဦးအောင်မင်းစကားက သူ့စကားကို သူ ပြန်ပြီးတာဝန်ယူရလိမ့်မယ်။ ဒီလို စကား လုံးမျိုး မသုံးစွဲသင့်ဘူး။ ဒါ သစ္စာဖောက် တာပဲ။

တပ်မတော်မှာဆို ဒီလို အဆင့်မြင့် စွမ်းဆောင်ရည်ဘွဲ့တွေအပြင် အခြား သော ချီးကျူးဂုဏ်ပြုမှုတွေလည်း ရှိနေ တာပဲ။ ဦးအောင်မင်း ခုလိုပြောလိုက်တာက ဒီလို စွမ်းဆောင်ရည်ဘွဲ့တွေ အပြင် အခြားသော တပ်မတော်ပိုင်းဆိုင် ရာ စွမ်းဆောင်ရည်ချီးမြှင့်ဂုဏ်ပြုမှုပိုင်းကို ရော ထိခိုက်စေပါသလား။

ကျွန်တော်ကိုယ်တိုင် ဗိုလ်ချုပ် အောင်မင်း တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဘ၀တုန်းက ကျွန်တော်က တပ် ရင်းမှူးနဲ့ တာဝန်ထမ်းဆောင်ခဲ့တာ။ အဲဒီ တုန်းကတိုက်ပွဲနှစ်ကြိမ်ဖြစ်တယ်။KNU တပ်မဟာ(၃)က အဖွဲ့တွေနဲ့ ခုချိန်မှာ တော့ ငြိမ်းချမ်းရေးပေါ့ဗျာ။ အဲသလို တိုက်ပွဲဖြစ်တဲ့အချိန်မှာ သောင်းကျန်းသူ
တွေကိုချေမှုန်းနိုင်ခဲ့လို့ဆိုပြီး တိုင်းမှူး ဗိုလ်ချုပ်အောင်မင်းကိုယ်တိုင် ကျွန်တော့် ဆီကို တိုင်းမှူးရဲ့ ချီးကျူးဂုဏ်ပြု ကြေး နန်းနှစ်ခါ ပို့တယ်။ တစ်နှစ်တည်းနဲ့ နှစ်ခါ ရခဲ့တာ။ တိုင်းမှူးရဲ့ချီးကျူးဂုဏ်ပြုကြေး နန်း...အဲဒီတုန်းကတော့ မတိုက်ချင် ဘူး၊KNU ဘက်ကလည်း မိုင်းကထောင် တယ်။ အဲဒီအချိန်မှာ ဗိုလ်မြကြီးက ရန်ကုန်မှာ ဗိုလ်ချုပ်ခင်ညွန့်တို့နဲ့ သွားဆွေးနွေးနေတဲ့အချိန်၊ အဲဒါ ကျွန်တော် တို့က သူတို့ကို မင်းတို့ဗိုလ်မြကြီး ရန်ကုန် ရောက်နေပြီ၊ ကကကြည်း မိုင်းမထောင် နဲ့ပြောတယ်။ ဦးအောင်မင်း ပြောတဲ့ စကားကတိုင်းပြည်အတွက်အသက်ပေး ပြီး ခြေပြတ်လက်ပြတ်နဲ့ အဲဒီလို စွန့် လွှတ်ခဲ့သူတွေအတွက် အဟောသိကံ ဖြစ်သွားမှာပေါ့ဗျ။ ဒါ လုံးဝမပြောသင့် ဘူး။ဗိုလ်ချုပ်အောင်မင်းကိုယ်တိုင် ကြေး နန်းနှစ်ခါပို့ပြီး ချီးကျူးဂုဏ်ပြုလုပ်ခဲ့တယ်။ သူ ခုလိုပြောတာက သစ်္စာဖောက်တာ။ နောက်ပြီး လိုင်းကြောင်တာပဲ။ သူ့အနေ နဲ့တော့လိုင်းမကြောင်သင့်ဘူး။ တည့် တည့်မတ်မတ် သွားရမယ်လေဗျာ။ တပ် မတော်တစ်ရပ်က အင်အားဖြည့်တယ် ဆိုကတည်းက တိုင်းပြည်ကို ကာကွယ်ဖို့၊ အဲသလိုကာကွယ်ဖို့ဆိုတဲ့နေရာမှာလည်း အမှောင့်ပယောဂ မှန်သမျှကို ကာကွယ် ရမှာပဲလေ။

ဒါဆိုရင် ဗိုလ်မှူးကြီးရဲ့ အတွေ့ အကြုံအရ ဒီစွမ်းဆောင်ရည် ဂုဏ်ပြုဘွဲ့ တွေ ချီးမြှင့်သင့်၊ မသင့် စတဲ့ အပေါ်မှာ ရော ဘယ်လိုသဘောထားရှိပါသလဲ။ပြီးတော့ ဒီလိုမျိုးရဖို့ ရဲဘော်တစ်ယောက် ရဲ့ ကြိုးစားစွန့်လွှတ် အနစ်နာခံမှု အခန်း ကဏ္ဍအပေါ်ကိုလည်း ယခင်တပ်မတော် က အတွေ့အကြုံနဲ့ယှဉ်ပြီး ရှင်းပြပေးပါ။

လက်ရှိမှာ အစိုးရက တော်တော့် ကို စိတ်ကောင်းသဘောကောင်းထားပြီး တော့ ငြိမ်းချမ်းရေးကို ကမ်းလှမ်းနေ တယ်ပေါ့ဗျာ။ ဒီကမ်းလှမ်းချက်ကြီးအကောင်အထည်ဖော် အောင်မြင်ပါစေ လို့လည်း မျှော်လင့်ပါတယ်။ ပြောရရင် ဘယ်သူမှ ငြိမ်းချမ်းရေးကို မလိုလားတာ မရှိဘူး။ ကွတ်ခိုင်ဘက်မှာ တပ်ရင်းမှူးတစ်ယောက် လောင်ချာနဲ့ပစ်ခံရလို့ ကျ သွားတယ်။ ပြည်ထောင်စုလမ်းမကြီးပေါ် မှာ တပ်ရင်းမှူးကလည်း အရပ်သားလိုပဲ ၀တ်ပြီး အရပ်သားကားနဲ့ပဲ သွားတာကိုချောင်းပစ်လိုက်ကြတယ်။
ပြောရရင် ခု ပလောင်ကိစ်္စပေါ့နော်။ ခုKIA နဲ့ ပေါင်း နေတယ်။ ဒီပေါင်းစည်းမှုကတော့ ကျွန် တော်ပြောသလိုပဲ၊ ယာယီပဲ။ နောက် ခွာ ပြဲမှာပဲ။KIA ကလည်း လူ ၁၀ ယောက် လောက်ရလည်း မနည်းဘူး။ တစ်ရာနှစ် ရာရတော့လည်း ပိုကောင်းတာပေါ့ဆိုပြီး ဒီပလောင်တွေကို မွေးထားတာ
ဖြစ်မှာ ပေါ့။ ခုနကကိစ္စနဲ့ ဆက်စပ်ပြီး သုံးသပ် တာပါ။ ခုပလောင်ခေါင်းဆောင်ပိုင်းတွေ ကလည်း သူတို့ပလောင်နယ်မြေကို လွတ် မြောက်အောင်လုပ်မယ်ဆိုတဲ့နေရာမှာ ကျွန်တော်နည်းနည်း
သံသယရှိတယ်။သာသာယာယာနဲ့ လက်နက်ကိုင်ဆိုတဲ့ အရသာကိုများ ခံစားချင်လို့လားတော့ မသိဘူး။ ၁၉၈၁ တုန်းကဆို ပလောင် ပန်ယောင်းဆိုတဲ့ရွာပေါ့နော်။ အဲဒီရွာက နမ္မတူရဲ့ အရှေ့မြောက်ဘက်မှာရှိတာ။ အဲဒီရွာမှာ ပလောင်ဘုန်းကြီးတစ်ပါး ကျောင်းထိုင်တယ်။ အဲဒီတုန်းကKIA နဲ့ ဗကပပေါင်းထားတဲ့အဖွဲ့တစ်ဖွဲ့က အဲဒီရွာဝင်ပြီး အမြဲဆက်ကြေးကောက် တယ်။ တစ်ရက် ကျွန်တော်တို့တပ်မတော် စစ်ကြောင်းရောက်သွားတော့ ကျောင်း ထိုင်ပလောင်ဘုန်းကြီးကဒီကောင်တွေ မတရားဆက်ကြေးကောက်တာ အရမ်း များနေပြီ။ ဘယ်လိုမှ မခံနိုင်တော့လို့ပါ။ ဒကာတို့ တပ်မတော်က ရှင်းပေးပါ ဆိုပြီး အဲဒီကျောင်းကကိုရင်ကြီးတစ်ပါး ကို စစ်ဆွယ်တာနဲ့ စစ်ဦးထုပ်ဆောင်းစေ ပြီး ဒီKIA နဲ့ ဗကပစခန်းကို လိုက်ပြခိုင်း တယ်။ ဟိုရောက်တော့ တိုက်ပွဲဖြစ်၊ ဖြစ် တော့ သူတို့ဘက်ကအများကြီးကျတာ ပေါ့ဗျာ။ ဘုန်းကြီးဆီလည်း ပြန်ရောက် ရော၊ အရှင်ဘုရား တပည့်တော်တို့နဲ့ လိုက်ခဲ့ပါ၊ နို့မို့ဆို သူတို့ သတ်လိမ့်မယ်လို့ ပြောပြီး ဘုန်းကြီးကိုခေါ်တယ်။ဘုန်းကြီး ကလည်း ““ငါ့ကို သူတို့သတ်မယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ငါမလိုက်ဘူးနေခဲ့မယ်။ ငါ့ကျောင်းက ကလေးတွေနဲ့ ကိုရင်တွေ ကိုပဲခေါ်သွားဆိုလို့ခေါ်ပြီးလာတာ။တစ်ပတ်အတွင်းပဲ။ အဲဒီကျောင်းထိုင် ဘုန်းကြီးကို မြင်းရဲ့ အမြီးမှာချည်ပြီး ကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့ပြီး အဲဒီ ကောင်တွေ သတ်ပစ်လိုက်ကြတယ်။ ဘုန်းကြီးခမျာ မြင်းကလည်းဆွဲ၊ မီး ကလည်း လောင်ပြီး ပျံတော်မူရရှာ တယ်။ ပန်လောင်းရွာမှာ ခုထိမေးလို့ရ တယ်။ အဲဒီတုန်းက ကျွန်တော်တို့ခေါ် လာခဲ့တဲ့ ကိုရင်တွေကအခုလောက်ဆို ဓမ္မာစရိယတွေတောင်ဖြစ်နေလောက်ပြီ။ ခုကျောက်ပန်းတောင်းနဲ့ ပုပ္ပားကြားထဲက ဆည်ပေါက်ဆိုတဲ့ရွာက ဘုန်းကြီးကျောင်း တစ်ကျောင်းရှိတယ်။ခလရ (၇၈) နား က။ အဲဒီမှာ အဲတုန်းက ကျွန်တော်တို့ တပ်မတော်စစ်ကြောင်းနဲ့ လိုက်ခဲ့လို့ အသတ်မခံရတဲ့ ကိုရင်တွေရှိသေးတယ်။ ဒါ ပလောင်ဘုန်းကြီးကKIA နဲ့ ဗကပ စခန်းကို လိုက်ပြလို့ဖြစ်တာ။ ဗကပက လည်း ကွန်မြူနစ်ဆိုတော့ ဘာသာမရှိ။KIA ကလည်း ခရစ်ယာန်လေဗျာ။လွယ် ဂျယ်တောရဲ့ ဟိုဘက်နည်းနည်းမှာ ပန်ယောင်းရွာနှစ်ရွာရှိတယ်။ ရှမ်းပန်ယောင်း နဲ့ ပလောင်ပန်ယောင်း ခုဖြစ်တယ်ဆိုတာ က ပလောင်ပန်ယောင်းဘက်မှာဖြစ်တာ။ သမိုင်းကြောင်းအရပြောရမယ်ဆိုရင်ခုKIA နဲ့ ပလောင်အဆင်ပြေနေတာမကြာ ဘူး။ ခွာပြဲမှာပဲ။ အတွင်းကျကျဘယ်လိုမှ ပေါင်းလို့မရပါဘူး။ ပလောင်ဆိုတာ ဗုဒ္ဓ သာသနာStorm စစ်စစ်တွေ။ ဘာသာတရားလည်း အရမ်းကိုင်းရှိုင်းကြတာ။ ခု ဆို လိုချင်တာက တိုက်ရင် ဖြစ်နိုင်ရင် တော့ ညှိတာပေါ့ဗှာ။ ဘာမှမဖြစ်လေ ပို ကောင်းလေပေါ့။
သေနတ်တစ်ချက်မှမဖောက်ရဘဲ ငြိမ်းချမ်းသွားတော့လည်း အကောင်းဆုံးပေါ့ဗျာ။ အဲဒီလိုနည်းလမ်း ရှာမရလို့ တိုက်နေကြတာလေဗျာ။ ခု လုပ်ရမှာက ရှေ့လျှောက်ဘာလုပ်မလဲပဲစဉ်းစားရမှာ။ ပြီးခဲ့တာတွေနဲ့ ပတ်သက် ပြီး သီဟသူရဘွဲ့တွေ၊ သူရဘွဲ့တွေ မပေး သင့်ပါဘူး။ ပေးနေဖို့မလိုဘူး
စသဖြင့် ပြောတာမှားတယ်။ ဒီစကားကိုသိပ်ဘ၀င်မကျဘူး။ ဒါပေမဲ့လည်း ဦးအောင်မင်းက ကိုယ့်ဆရာသမားလည်းဖြစ်နေပြန်တယ်။ ကိုယ့်ဆရာသမားဆိုပေမဲ့ မပြောသင့် တာကိုတော့ သူမပြောရဘူးလေဗျာ။ သူရှောင်ရမယ်လေ။ ရှေးကကျဆုံးခဲ့လေပြီး သော ရဲဘော်တွေရဲ့ပေးဆပ်မှုတွေ၊ အဲဒီ လိုပေးဆပ်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး ဂုဏ် ပြုချီးမြှင့်ခံရတာတွေကိုတော့ ဦးအောင် မင်းအနေနဲ့ အသိအမှတ်ပြုဖို့ လိုမယ်။ ဥပမာထား သူပြောသလိုဆို ဗိုလ်ချုပ် အောင်ဆန်းကို အင်္ဂလိပ်သတ်တာလည်း မဟုတ်ဘူး။ ကိုယ့်အချင်းချင်းကပဲ ပြန် လုပ်ကြံတာလေ။ အဲဒါကို ခုနကစကား အရဆိုရင် အာဇာနည်ဆိုပြီး မသတ်မှတ် နေပါနဲ့ဆိုတဲ့ ပုံစံကြီးဖြစ်မသွားဘူးလား ဗျာ။ သူ့စကားရဲ့ သက်ရောက်မှု ဘယ် ထိရောက်သွားသလဲဆိုတာပေါ့နော်။

ခုဒီလိုမျိုးဘွဲ့တွေ၊ ဂုဏ်ထူးဆောင် တွေရတဲ့တပ်မတော်သားတွေဟာဦးအောင် မင်းပြောသလိုဆိုရင် ကိုယ့်အချင်းချင်း တိုက်တာမျိုးဆိုတာအတွက် ဒီလိုအချင်း ချင်းဖြစ်ခဲ့၊ တိုက်ခဲ့ရသော်ငြားလည်း တိုင်း ပြည်အေးချမ်းတည်ငြိမ်ရေးကို ဦးထိပ်ပန် ဆင်တိုက်ပွဲဝင်ခဲ့ပြီး ပေးဆပ်ခဲ့လို့ ဂုဏ်ပြု ချီးမြှင့်ခံရသူတွေရဲ့ အခန်းကဏ္ဍကိုရော ထိခိုက်နိုင်မလား။

ပြည်တွင်းမှာ သောင်းကျန်းမှုတွေ၊ လက်နက်နဲ့ တိုက်ပွဲတွေဖြစ်တဲ့အခါမှာ ဥပမာသီဟသူရသိန်းထွန်းတင်တို့၊ သူရ ၀င်းမြင့်တို့ပေါ့နော်။ သူတို့ဆိုရင် ပွိုင့် ၆၀၄၂ တိုက်ပွဲကြီးတွေမှာ ဗကပတွေကို ရွပ်ရွပ်ချွံချွံတိုက်ခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်က ခလရ (၂)မှာ နေနေတာ။ အဲဒီတိုက်ပွဲကြီးက နည်းတဲ့တိုက်ပွဲကြီး မဟုတ်ဘူး။ ကျဆုံးတာတွေလည်းအရမ်း များခဲ့တာ။ နောက်ဆုံးကျန်တဲ့တပ်စုလေး က ခွာစစ်ဆင်ပြီး လာရတယ်။ ကျန်တဲ့ တပ်စုလေးကပေါ့ဗျာ။ အဲဒီတုန်းကKIA က ဗကပပေါင်းပြီးချလို့ ကျဆုံးတဲ့ရဲဘော် တွေမနည်းဘူး။ နောက်ပြီးတော့ အောင် ဆန်းသူရိယလှသောင်းဆိုလည်းအင်္ဂလိပ် ကိုချတဲ့တိုက်ပွဲမှာ၊ ဂျပန်ချတဲ့တိုက်ပွဲမှာ ဒီအောင်ဆန်းသူရိယဘွဲ့ကြီးရလာတာ မဟုတ်ဘူး။ ပြည်တွင်းသောင်းကျန်းမှုကို နှိမ်နင်းရာမှာပဲ ဒီဘွဲ့ရတာ။ ဒီဘွဲ့တွေက ပေးချင်တဲ့သူပေးလို့ရတာမဟုတ်ဘူး။ ဒီ ဘွဲ့ဘယ်လိုပေးမလဲ။ ဘာကြောင့်ရထိုက်၊ ချီးမြှင့်ထိုက်လဲသတ်မှတ်ချက်တွေအဆင့် တွေရှိပြီးသား။ ပြောချင်တာက ပါတီဝင် တချို့က ပါတီဝင်ဆိုတာကို အကြောင်း ပြပြီး ချဲရောင်းတဲ့ပုံစံမျိုးဖြစ်နေပြီ။ ပါတီ ၀င်က ပါတီဝင်ပဲ။ ချဲရောင်းရင်တော့ သူ့ ဥပဒေနဲ့သူ အရေးယူခံလေ။ ရှင်းနေတာ ပဲလေဗျာ။ ဆိုလိုချင်တာက...

ဟုတ်ကဲ့၊နောက်တစ်ခုက ဦးအောင် မင်းပြောစကားပါ တိုင်းရင်းသားအချင်း ချင်းဆိုသော်ငြားလည်း ယခင်က များစွာ သော သာဓကတွေရှိခဲ့ပါတယ်။ ဥပမာ သွားနေတဲ့ရထားကိုတားပြီး ဗမာကျောင်း သူတွေကို ဖမ်းသွားတာတို့စသဖြင့်သမိုင်း မှာ သာဓကတွေရှိခဲ့တော့ အချင်းချင်းဆို ပြီး ဖြစ်လာနိုင်တဲ့ပြဿနာအပေါ်ရော ဗိုလ်မှူးကြီးဘယ်လိုမြင်ပါသလဲ။

ဥပမာဗျာ၊ သောင်းကျန်းသူအဖွဲ့ တစ်ဖွဲ့က တံတားတစ်ခုကို မိုင်းခွဲတော့ မယ်ဆိုပါစို့။ ဒါကိုတပ်မတော်သားတွေ က ကာကွယ်ထားမယ်။ ဒါကိုတစ်ဖက်က မိုင်းခွဲဖို့ ချဉ်းကပ်လာမယ်။ အဲဒါကိုသိသိ ရက်နဲ့ အဲဒီရဲဘော်တွေက ငါတို့ခဏဖယ် ပေးမယ်။ မင်းတို့တံတားကိုမိုင်းခွဲ။ ပြီးရင် ငါတို့ပြန်လာပြီး နေရာယူမယ် ပြောလို့ မရဘူးလေ။ မိုင်းခွဲဖို့ ချဉ်းကပ်လာရင် မိုင်း မခွဲနိုင်အောင် အသက်ပေးပြီး ကာကွယ် ရမှာပေါ့။ အဲဒါကို တိုင်းရင်းသားအချင်း ချင်းပဲဆိုပြီး အချင်းချင်းဖြစ်တာပါ ကိစ်္စ မရှိပါဘူးဆိုပြီး သွားလုပ်ရင် ဘယ်ရမလဲ။ ခုနက ခင်ဗျားမေးသလိုပဲ ဟိုးတုန်းက ဒီ ရထားကို ပိတ်ဖမ်းပြီး ကျောင်းသူလေး တွေကို တောထဲဖမ်းခေါ်သွားတာ။ အဲဒီ လိုမျိုးမှာ ကိုယ့်တိုင်းရင်းသားအချင်းချင်း ပဲ လိုက်သွားလိုက်ပါလို့ ဆိုလို့ရမလားဗျ။ အဲဒါဆို တိုင်းရင်းသားအချင်းချင်းလို့ ပြောတဲ့သူကိုယ်တိုင် ကိုယ့်အမျိုးတွေပါ ကိုယ်ထည့်လိုက်လေဗျာ။မဟုတ်ဘူးလား။

ခန့်ခန့်ဒဿနိက




BY HOTNEWS_EDITOR

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive