ရန်ကုန်၊ ဇွန် ၂

၁.၆.၂၀၁၄ရက်နေ့ ၀၈၂၀အချိန် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ တိုက်ဂါးဘီယာ စက်ရုံလမ်းအတိုင်း အရှေ့မှအနောက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်လာသော 1A---ဒိုင်နာ၊ ယာဉ်လိုင်း အမှတ်(၁၉၈) ခရီးသည်တင်ယာဉ်သည် ဂျိုးဖြူရေပိုက်လိုင်းကုန်းတက်အရောက် ယာဉ်မှာ နောက်သို့ပြန်လိမ့်ကျခဲ့ပါသည်။

ထိုသို့ ယာဉ်နောက်သို့လိမ့်စဉ် ယာဉ်ပေါ်ပါခရီးသည် မခင်ခင်ကျော်(၂၉)နှစ်၊ မြောက်ဥက္ကလာပမြို့နယ်နေသူမှာ ယာဉ်ပေါ်မှခုန်ချခဲ့သဖြင့် ယာဉ်၏ဘီးဖြင့်ကြိတ်မိခဲ့၍ ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေး တိမ်းရှောင်သွား ခဲ့ပါသည်။

ယင်းကဲ့သို့ ယာဉ်အားပေါ့လျော့စွာမောင်းနှင်သူ 1A---ယာဉ်မောင်းအား ထောက်ကြန့်နယ်မြေရဲစခန်း ယာဉ် (ပ)၃၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
http://www.thithtoolwin.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive