ဇွန် ၈ရက်က ဆူပူအကြမ်းဖက်မှု ကြောင့်
မီးရှို့ခြင်းခံခဲ့ရသည့် မောင် တောမြို့
နယ်တောင်ပိုင်း တိုင်းရင်းသား ကျေး ရွာများ
 အတွက် ကျေးရွာလုံခြုံ ရေးလမ်းကို ဖောက်


လုပ်ပေးခဲ့ရာ အဆို ပါလမ်းမှ ဘင်္ဂါလီ များ သွားလာနေ မှု ကြောင့် တို
င်းရင်းသားများ စိုးရိမ်နေ ကြကြောင်း မီးရှို့ခံကျေး ရွာများမှ ရွာ ခံများက ပြောကြားသည်။

''တိုင်းရင်းသားကျေးရွာတွေအချင်းချင်း အလွယ်တကူ ချိတ်ဆက် သွားလာနိုင်ဖို့နဲ့ ဘင်္ဂါလီကျေးရွာ အများစုကို ဖြတ်သန်း သွား လာ ရတဲ့ မောင်တော-အလယ် သံကျော် ကား လမ်းကို အသုံးပြုစရာမလိုအောင် ဝေသာလီကနေ ဥဒေါင်းအထိ အ သစ်ဖောက် လုပ်ပေးခဲ့ တဲ့ ကွန်ကရစ် လမ်းမှာ အခုဆိုရင် ဘင်္ဂါလီတွေ ကား၊ ဆိုင်ကယ်တွေနဲ့ သွားလာနေတာ တွေ့ ရပါတယ်။ အဲဒီလိုမျိုး ဘင်္ဂါလီတွေ သွားလာနေတဲ့အတွက် တိုင်းရင်းသား ကျေးရွာအတွက် လုံခြုံရေး စိုးရိမ်နေ ရပါတယ်''ဟု သရေကုန်ဘောင်ကျေး ရွာမှ ရွာခံတစ်ဦးကပြောသည်။

မောင်တောနယ်စပ်ဒေသ၌ ဆူ ပူအကြမ်းဖက်မှုများဖြစ်ပွားခဲ့သည် မှာ နှစ်နှစ်နီးပါးရှိနေပြီဖြစ်သော်လည်း ကျေးရွာအသီးသီးနှင့် နယ်စပ်ဒေသ များတွင် တိုင်းရင်းသားများ တိုက်ခိုက် ခံနေရသေးကြောင်း၊ ယခုအခါ တိုင်း ရင်းသားများကိုသာမက လက်နက် ကိုင် တပ်ဖွဲ့ဝင်များကိုပါ တိုက်ခိုက်လာသည့် အတွက် တိုင်းရင်းသားကျေးရွာလုံ ခြုံရေးဖောက်လုပ်ပေးထားသည့်လမ်း မှ ဘင်္ဂါလီများဖြတ်သန်းသွားလာနေမှု အပေါ် သက်ဆိုင်ရာတာဝန်ရှိသူများ က အခြားနည်းစီစဉ်ပေး သင့်ကြောင်း ဗောဓိကုန်းကျောင်း ဆရာတော်က မိန့်ကြားသည်။

-Democracy today Daily Newspaper
Yangon Media Group

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive