images1
ရခိုင်ပြည်နယ် မြေပုံမြို့နယ် တွင် ယမန်နေ့ နေ့လည်ကအမျိုးသမီးတစ်ဦးမိုးကြိုးပစ်ခံရ၍ သေဆုံးသွားကြောင်းသတင်းရရှိသည်။
သေဆုံးသွားသူအမျိုးသမီးမှာ ကမ်းထောင်းကြီးကျေးရွာ၊ တောင်ပိုင်းရပ်တွင်နေထိုင်သူဒေါ်သိန်းသိန်းမူ အသက်(၃၉) နှစ်ဖြစ်ကြောင်းသိရသည်။ယင်းအမျိုးသမီးမှာမနေ့ကနေ့လည်(၂)နာရီအချိန်တွင် လင်ယောက်ျားဖြစ်သူနှင့်အတူ ကျားပတ်ပြင်ကွင်းရှိ လယ်ထဲသို့သွားစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်းကမ်းထောင်းကြီရွာမှ ကိုသန်းထွန်းက ပြောသည်။
“ ကျားပတ်ပြင်ကွင်းမှာရှိတဲ့လယ်ကွင်းကိုအသွားမှာဒီလိုမိုးကြိုးပစ်ခံရတာ၊ သူ့ယောက်ျားနန့် ယောက္ခမလည်း လယ်ကွင်းမှာရှိနေတယ်လို့ပြောတယ်။ သူတို့ကတော့ မိုးကြိုးစက်ကွင်းကလွတ်သွားတယ်”ဟုဆိုသည်။
ယင်းသို့မိုးကြိုးပစ်ချိန်တွင် မိုးသည်းထန်စွာရွာသွန်းနေပြီး ကမ်းထောင်းကြီးရွာမှ လျှပ်စစ်မီးကြိုးတစ်ချို့ ပြတ်ကျသွားကြောင်းသိရသည်။
သေဆုံးသူအမျိုးသမီးတွင် သားသမီး (၄)ဦးကျန်ရစ်ခဲ့ပြီးသူမအား ယမန်နေ့ နေ့လည်က သင်္ဂြိုဟ်ခဲ့ကြောင်းသိရသည်။


(နိရဉ္စရာ-၂၃ ဇွန်လ ၂၀၁၄)/နှင်းသန္တာ

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive