ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ပတ်စပို့စာအုပ်နဲ့ work permit စတဲ့ အထောက်အထားတွေ ပြည့်စုံစွာ ရှိပါလျက် ဖမ်းဆီးခံရပါက အကြောင်းကြားနိုင်ကြောင်း အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့က မြန်မာသံအမတ်ကြီးက ထိုင်းကာကွယ်ရေးဦးစီးချုပ်နဲ့ ပြီးခဲ့တဲ့ သောကြာနေ့က တွေ့တဲ့အခါမှာ အထောက်အထား ပြည့်စုံတာတွေကို ဖမ်းဆီးခြင်းမပြုလုပ်ဖို့ ကန့်ကွက်တဲ့အနေအထားမျိုးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာရှိပါတယ်။ ထိုင်းစစ်တပ်ဘက်ကလည်း အထောက်အထားပြည့်စုံရင် မဖမ်းဘူးဆိုပြီး ကြေညာချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲဒါကြောင့် ကျနော်တို့က အခုလို ထုတ်ပြန်တာ။ တကယ်လို့ ရှိခဲ့ရင်၊ ကျနော်တို့နဲ့လည်း နီးစပ်မယ်ဆိုရင် ကျနော်တို့ ကိုယ်တိုင် ဆင်းလာပြီး ဆောင်ရွက်ပေးပါ့မယ်။”
ရွှေ့ပြောင်းအလုပ်သမားများ အနေနဲ့ ဖမ်းဆီးခံရပါက အလုပ်သမားသံအရာရှိထံ အောက်ဖော်ပြပါ ဖုန်းနံပါတ်တွေကို အချိန်မရွေး ဆက်သွယ် အကြောင်းကြားနိုင်ပါတယ်။
ဆက်သွယ်ရန် ဖုန်းနံပါတ်များ
၀၈၆ ၇၇၇ ၆၈၂၅
၀၈၃ ၉ ၈၁ ၂၁၇၅
၀၉ ၁ ၅၃၇ ၀၀၁၈
၀၈၃ ၅၄၄ ၆၄၄၂
ဒီဗွီဘီသတင်း
0 comments