ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ဝင်များ  ရဲဝတ်စုံများဖြင့်  smart ကျစေရန်  ရဲတိုင်းမှူး၏ ညွှန်ကြားချက်အရ   အကောင်းဆုံး အပ်ချုပ်ဆိုင်များတွင် သူ့ထက်ငါ  အပြိုင် အပ်နှံလျက်ရှိကြောင်း  ရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှ  သိရှိရပါသည်။

ရဲတပ်ဖွဲ့ဝင်တစ်ဦးလျှင်  တစ်ဝတ်စာ ရဲယူနီဖောင်းစ နှင့် ချုပ်ခ တစ်သောင်း ဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့အလိုက် စီစဉ်၍  ချုပ်ရန်  နေပြည်တော်  ရဲချုပ်ရုံးမှ  ထုတ်ပေးကြောင်း သိရပါသည်။

ရဲတပ်ဖွဲ့တွင်  ရှေးယခင်က  issue ယူနီဖောင်းများမှာ  ပိတ်စညံ့၍  ကြေမွနေပြီး လူထဲ ၀တ်၍မရဘဲ …ယူနီဖောင်းများ အား  မိမိလစာမှ  ချုပ်ဝတ်ခဲ့ရကြောင်း၊   ယခုနောက်ပိုင်းတွင်  အသားကောင်းသော ၀တ်ဖြစ်သည့် ယူနီဖောင်းစများဖြင့်  ချုပ်ပြီးသား ၀တ်စုံများ  ထုတ်ပေးလာပြီဖြစ်သော်လည်း  ကိုယ့်အတိုင်းအတာဖြင့်  ချုပ်ထားခြင်း မဟုတ်သည့်အတွက်  ပြန်ပြင်ရခြင်းများရှိ၍ အဆင်မပြေကြောင်း၊ အရမ်းဝလွန်းသူများအတွက်  ၀တ်မရသည့်  ယူနီဖောင်းအား  အခြားသူကို  လျော့ဈေးဖြင့် ရောင်းပြီး  ငွေထပ်စိုက်၍ ချုပ်ရကြောင်း၊ ယခုကဲ့သို့ … ယူနီဖောင်းစများ ထုတ်ပေး၍   မိမိအတိုင်းအတာဖြင့်  ချုပ်ပေးခြင်းမှာ  အရောင်မှန်အောင် ရှာရခြင်း ဒုက္ခမှကင်းဝေး၍  ဆင်တူဖြစ်ကာ  fit  ဖြစ်ကြောင်းလည်း  အဆိုပါ  ရဲတပ်ဖွဲ့ဝင်မှ ပြောပါသည်။

ရဲဝတ်စုံများ ချုပ်ပေးရုံမျှမက  ယခုရဲချုပ်အသစ်လက်ထက်တွင်  တရားခံ  ဖမ်းဆီးပို့ဆောင်စရိတ်များ၊
ရုံးအသုံးအဆောင်စာရွက်စာတမ်းကုန်ကျမှုများ  ထုတ်ပေးရန်  ငွေစာရင်းခေါင်းစဉ်များချပေးကြောင်းလည်း တိုင်းရဲအရာရှိတစ်ဥိးထံမှ သိရှိရပါသည်။ အဆိုပါ အရာရှိမှ .
“ ပြည်သူယုံကြည်အားကိုးတဲ့ရဲတပ်ဖွဲ့ဝင်ဖြစ်ရေး ရဲတပ်ဖွဲ့လုပ်ငန်းတွေလုပ်ဆောင်ရာမှာ လာဘ်စားခြင်းကင်းဝေးအောင် ” စည်းရုံးရေးသဘောပေါ့ …
လုံးဝ  ပပျောက်ခြင်းမရှိတောင် တစ်ဖက်တစ်လမ်းက  အထောက်အကူဖြစ်အောင်  လျော့ပါးစေအောင်ပေါ့ … ”
“ လာဘ်မစားပါနဲ့  ကိုယ်ကျင့်တရားကောင်းအောင်လုပ်ပါ  ဆိုတာ  ခေါင်းဆောင်ပိုင်းဆိုင်ရာ အနေနဲ့ကတော့ လက်အောက်တပ်ဖွဲ့ဝင်တွေအပေါ် ဒီလိုဖြစ်စေချင်ပေမဲ့ … အောက်ခြေမှာကတော့  လူပေါင်းစုံ  စိတ်နေကိုယ်ကျင့်တရားပေါင်းစုံ ဆိုတော့  …ဒါကလည်း  ရဲတပ်ဖွဲ့မှ မဟုတ်ပါဘူး …. ဘယ်ဝန်ထမ်း   အဖွဲ့အစည်းမဆို  …. အားလုံး ကိုယ်ကျင့် တရားကောင်းပါတယ်  စင်းလုံးချော  မရှိတာ သဘာဝပေါ့ …. ”

“ အခုနောက်ပိုင်း  လုပ်ပေးတာတွေကတော့  အများကြီးပါ …. နေပြည်တော်က  ဧည့်ကြိုကားတွေ ထုတ် ပေးတယ် … အရင်ကဆို  ငှားရတာ  ရဲတပ်ဖွဲ့က  ကားက  အစုတ်ကြီးဘဲ …. နောက်ပိုင်းထုတ်ပေးတယ်ဆိုပေမဲ့လည်း   မဖြစ်မနေ  ကင်းလှည့်ကား၊ မြို့နယ်မှူးစီးတဲ့ကားလောက်ဘဲ … ခုတော့  ဧည့်ကြိုကားတွေ … မငှားရတော့ဘူးပေါ့ဗျာ … ဖယ်ရီဆို အခု  ၃ စီး လိုင်းကားစီးတဲ့ဒုက္ခ၊ ခရီးစရိတ် သက်သာသွားပေမဲ့ … တစ်မြို့လုံးပတ်ကြိုဆိုတော့..  နည်းနည်းတော့ခေါင်းမူးတာပေါ့ …၊ ဟိုးအရင်က ရှားရှားပါးပါး  ၁ စီးဘဲရှိပြီး   ကားများ ကောင်းလိုက်ပုံက  ဆင်းတွန်းရ/ ၀တ်ရှော့ပို့နားရ နဲ့ ဂျိုးဂျုံးကျပြင်မရခဲ့တာ  နှစ်ကြာပြီ  …ဒီလွှတ်တော်ရုံးသစ်ကို  ပြောင်းမလာခင် … ဟိုးမြို့ထဲရုံးအဟောင်းမှာကတည်းကဘဲ …ခုမှ …. ဖယ်ရီနဲ့  သက်တောင့်သက်သာရှိတာ  မကြာသေးဘူး …  သင်္ကြန်တုန်းကလည်း  သုံးဖို့  တစ်သောင်းစီရသေးတယ် … ဒါကတော့  ရန်ကုန်တိုင်းမှူးကပေးတာ … တစ်နှစ်လုံး  တာဝန်ကျေကျေလုပ်ဖို့ပေါ့ဗျာ … တတ်နိုင်သလောက်စည်းရုံးရေးပေါ့ …”

“ စခန်းတွေမှာဆိုလည်း  အရင်က  တရားခံဖမ်းရင်  ကိုယ့်စရိတ်နဲ့ကိုယ် …. ခု တော့  အမှုကြီး (၁)မှုကို ငါးသောင်း၊ အခြားအမှုဆို သုံးသောင်း၊ ကြို/ကာမှုဆို တစ်သောင်းထုတ်ပေးတယ် ” ဟု အဆိုပါ  အရာရှိမှ  ပြောပြသိရှိရပါသည်။

တိုးတက်ပြောင်းလဲလာသော  ယနေ့ခတ်တွင်  မှုခင်းများ တိုး၍ဖြစ်ပွားလာသည်နှင့်အမျှ  ရဲတပ်ဖွဲ့၏ အနည်းငယ်ပြောင်းလဲလာမှုများကို  သိရှိရသော်လည်း…. အမှန်တကယ်လာဘ်မစားသော တာဝန်ကျေပွန်သည့်ရဲဖြစ်ရန်လိုပါကြောင်း …..

BY THIT HTOO LWIN

Posted by Unknown on Monday, June 16, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive