နေပြည်တော်၊ ဇွန် ၁၃

၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ကုကိ္ကုကုန်းတိုက်နယ်ဆေးရုံတွင် အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက်မိ၍ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားကြောင်းသတင်းအရ ကုကိ္ကုကုန်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ တောင်တွင်းကြီးမြို့နယ်၊ ရှားချောင်းတဲတိုက်၊ ကုကိ္ကုကုန်းရွာနေ မစန်းစန်းမြင့်(၂၇)နှစ်ဖြစ်ကြောင်းသိရှိရပြီး တဲအတွင်းမိသားစုနှင့်အတူရှိနေစဉ် နေအိမ်အိပ်ခန်းအတွင်းထားသည့် မာလာမြိုင်ဆိုက်ပါရွက်ဖျန်းပိုးသတ်ဆေးရည်ပုလင်းအား ချောင်းဆိုးပျောက်ဆေးရည်ပုလင်းနှင့် မှားယွင်းသောက်မိသော ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့်ကုကိ္ကုကုန်းနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၃/၂၀၁၄)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
http://www.thithtoolwin.com

Posted by Unknown on Saturday, June 14, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive