ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲ ကြီးကို ဘရာဇီး နိုင်ငံ ဆော်ပေါ်လို မြို့ ကော်ရင်သီယံ ကစား ကွင်းကြီး မှာ ကြီးကျယ် ခမ်းနားစွာ ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။

ဘရာဇီး ရဲ့ သယံဇာတ ကြွယ်ဝမှု၊ မျိုးကွဲ စုံလင်မှုနဲ့ ဘောလုံးကို အရူး အမူး နှစ်သက်မှု တွေကို ကိုယ်စားပြု ပြီး ဆန်းကြယ် လှပစွာ ဝတ်ဆင် ထားတဲ့ ကချေသည် တွေကို အရောင် အဝါ အစိမ်းတွေ ဆင်မြန်း ထားကြတဲ့ ထောင်သောင်း ချီတဲ့ ပရိသတ် တွေက ကြည့်ရှု ခဲ့ကြပါတယ်။

အိမ်ရှင် ဘရာဇီးနဲ့ ခရိုအေးရှား အသင်း တို့ရဲ့ ပထမဆုံး ပွဲဦးထွက် ကစားပွဲမှာတော့ ဘရာဇီး က ခရိုအေးရှားကို ၃ ဂိုး ၁ ဂိုးနဲ့ နိုင်သွား ခဲ့ပါတယ်။

ပထမဆုံး ဂိုးကို ခရိုအေးရှား က သွင်း ခဲ့ပေမယ့် ဘရာဇီး ဘက်က Neymar က ပထမ ၂ ဂိုး၊ Oscar က နောက်ဆုံး တဂိုးသွင်းပြီး ဘရာဇီး ကို အောင်ပွဲ ရစေခဲ့ပါတယ်။

ဖွင့်ပွဲ အပြီးမှာတော့ ဘရာဇီး သမ္မတနဲ့ ဖီဖာ ကမ္ဘာ့ ဖလား အဖွဲ့ချုပ် ကို ပရိသတ် ထဲက သရော် လှောင်ပြောင် အော်ဟစ် ခဲ့ကြပါတယ်။

ဘောလုံး ပွဲ ကုန်ကျ စရိတ် ကြီးမားမှု ကို ဆန့်ကျင် ကန့်ကွက်တဲ့ ဆန္ဒပြ ပွဲတွေ ဆက်လက် ဖြစ်ပွား နေပြီး ဆော်ပေါ်လိုနဲ့ ရီယိုဒီဂျနဲရို မြို့ တွေမှာ ဆန္ဒပြပွဲ တွေကို ရဲက မျက်ရည်ယို ဗုံးနဲ့ လူစု ခွဲခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ကမ္ဘာကျော် သရုပ်ဆောင် တွေက သီဆို ဖျော်ဖြေ

Posted by Unknown on Thursday, June 12, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive