တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်တက်ရန် ပြင်ဆင်နေစဉ် (ဓာတ်ပုံ - သီဟ)
တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်ကို ကျေနပ်မှု မရှိ၍ တာဝန်မှ ရုပ်သိမ်းရန်တိုင် တန်းလိုပါက တိုင်တန်းလိုသူနိုင် ငံသားတစ်ဦးသည် အနည်းဆုံး သက်သေဆယ်ဦးဖြင့် ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်သို့ တိုင်ကြားရမည်ဖြစ်ပြီး မ မှန်မကန်တိုင်တန်းကြောင်းတွေ့ လျှင် တိုင်ကြားမှုတွင်ပါဝင်သူ အားလုံးကို တည်ဆဲဥပဒေအရအ ရေးယူရမည်ဖြစ်ကြောင်းအဆိုကို တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်ဗိုလ်မှူးစိုးမိုးက ဇွန်လ ၁၂ရက်တွင် ကျင်းပသောအမျိုး သားလွှတ်တော်အစည်းအဝေးသို့ တင်ပြလိုက်သည်။
တပ်မတော်သားကိုယ်စား လှယ်အပေါ် တိုင်ကြားခြင်းအ တွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏အကြောင်းကြားစာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကရသည့်အခါ လိုအပ်သော စုံစမ်းစစ်ဆေးမှုများကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏စီမံခန့်ခွဲမှုအရ ပြုလုပ်ရမည်ဖြစ်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှ ရုပ်သိမ်းကြောင်း(သို့မဟုတ်)တာဝန်မှပြန် လည်ရုပ်သိမ်းခြင်းမပြုကြောင်း ဆုံးဖြတ်မှုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကသာ ပြုလုပ်ရမည်ဟုလည်း ၎င်း၏တင်ပြချက်တွင်ပါရှိသည်။
ယင်းအချက်များကို လွှတ် တော်ကိုယ်စားလှယ်တာဝန်မှပြန် လည်ရုတ်သိမ်းခြင်းဆိုင်ရာဥပဒေ ကြမ်းတွင် ပြင်ဆင်ဖြည့်စွက်ရန်အ တွက် တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ်ဗိုလ်မှူးစိုးမိုး က ဇွန်လ ၁၂ရက်က ကျင်းပ သောအမျိုးသားလွှတ်တော်အ စည်းအဝေးသို့ တင်ပြဆွေးနွေးခဲ့ ခြင်းဖြစ်သည်။ ယခင်က တပ်မ တော်သားလွှတ်တော်ကိုယ်စား လှယ်နှင့်ပတ်သက်၍ တိုင်တန်း ချက်ကို နိုင်ငံသားတစ်ဦးဦးက တင်သွင်းရမည်ဟုပါရှိရာ ပုဂ္ဂိုလ် ရေးမကျေနပ်ချက်တစ်ခုခုရှိရုံဖြင့် လည်းကောင်း၊ အဖွဲ့အစည်းသိ က္ခာကျဆင်းစေလိုသောရည်ရွယ် ချက်ဖြင့်လည်းကောင်း၊အခြားမ သမာသော ရည်ရွယ်ချက်တစ်ခုခု ဖြင့်လည်းကောင်း လွယ်ကူစွာ တင်သွင်းနိုင်သည့်သဘောသက် ရောက်ပါသဖြင့် အခြားသူဆယ် ဦးခန့်က မှန်ကန်ကြောင်းလက် မှတ်ရေးထိုးထောက်ခံမှသာ တင် သွင်းမှုကို လက်ခံစေလိုသည့်သ ဘောဖြင့် တင်သွင်းရခြင်းဖြစ် သည်ဟု ၎င်းကအမျိုးသားလွှတ် တော်၌ ရှင်းပြခဲ့သည်။
ထို့အပြင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ကသာ စုံစမ်း စစ်ဆေးမှုနှင့် ဆုံးဖြတ်ချက်များကို ချရမည်ဆိုသော ပြင်ဆင်ဖြည့် စွက်ချက်များနှင့်ပတ်သက်ပြီးဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁ပုဒ် မခွဲ(ခ)တွင် တပ်မတော်သည် တပ်ပိုင်ဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲစီရင်ဆောင်ရွက်ခွင့်ရှိသည်ဟူ၍လည်းကောင်း၊ ပုဒ်မ ၃၄၃ပုဒ်မခွဲ(ခ) တွင် စစ်ဘက်တရားစီရင်ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ စစ်ဘက်တရားစီရင်ပိုင်ခွင့်နှင့် လွတ်လပ်စွာစီမံခန့်ခွဲပိုင်ခွင့်အား သိသာထင်ရှားစွာအလေးအနက်ထား၍ ဖော်ပြနိုင်ရန်တင်ပြရခြင်းဖြစ်သည်ဟု ဗိုလ်မှူးစိုးမိုးက အမျိုးသားလွှတ်တော်တွင် ပြောသည်။
‘‘ဒီဥပဒေကြမ်းကိုအခုလို ပြင်ဆင်ဖို့ တင်သွင်းတာက တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ်တွေကိုအကာအကွယ်လုပ် ဖို့အတွက် ပြင်ဆင်လိုတဲ့ ရည် ရွယ်ချက်နဲ့တင်တာပါ။ ဥပဒေ ကြမ်းကော်မတီကသူ့ရဲ့တင်သွင်း ချက်တွေကို သုံးသပ်ရဦးမှာပါ’’ဟု အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ဦးအောင်ကြည်ညွန့်က သုံးသပ်သည်။
လွှတ်တော်ကိုယ်စားလှယ် ကို တာဝန်မှ ပြန်လည်ရုပ်သိမ်း ရန် ရည်ရွယ်၍မမှန်မကန်တိုင် တန်းကြောင်းစစ်ဆေးပေါ်ပေါက် လျှင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် တိုင်တန်းသူ ပုဂ္ဂိုလ်(သို့မဟုတ်)အဖွဲ့အစည်း နှင့်တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်အပေါ်တိုင်တန်း ချက်များတွင်သက်သေအဖြစ် လက်မှတ်ရေးထိုးထောက်ခံသူ များအား တည်ဆဲဥပဒေများအရ အရေးယူနိုင်ရန် ဆောင်ရွက်ရ မည်ဟု တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်က လွှတ် တော်ကိုယ်စားလှယ်တာဝန်မှ ပြန် လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ ကြမ်းတွင် ပြင်ဆင်ဖြည့်စွက်ရန် တင်ပြသည်။
တပ် မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးစိုးမိုး၏တင်ပြချက်များနှင့်ပတ်သက်ပြီး အမျိုးသား လွှတ်တော်ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာဆောင်ရွက်ရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လွှတ်တော်သို့ပြောကြားခဲ့သည်။ ရွေးကောက်ခံအရပ်သားလွှတ်တော်ကိုယ်စားလှယ်ကို တိုင်ကြားလိုပါက သက်ဆိုင်ရာမဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် တစ်ရာခိုင်နှုန်းက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ တိုင်ကြားနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်း ခြင်းဆိုင်ရာဥပဒေကြမ်းအရသိရသည်။
http://www.7daydaily.com

0 comments