ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ ဇွန်လ
(၁၄) ရက်နေ့က မဟာဗန္ဓုလ တံတား
အဆင်းတွင် ယာဉ် (၇) စီး ဆင့်တိုက်ခဲ့မှု
အပါအ၀င် ယာဉ်မတော်တဆမှု (၆)မှု
ဖြစ်ပွားခဲ့ပြီး လူလေးဦး သေဆုံးကာ (၁၇) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံး မှ သိရသည်။
ဇွန်လ (၁၄) ရက်နေ့၊ ညနေ (၅) နာရီ၊ (၄၅)မိနစ်ဝန်းကျင်ခန့်က မဟာဗန္ဓုလတံတား အဆင်းတွင် ဘိလပ်မြေဖျော်စက် တင်ယာဉ် (ဟွန်ဒိုင်း)မှ အရှိန် မထိန်းနိုင်ဘဲ ယာဉ် (၇) စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ကာ လူ(၇)ဦးထိ ခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့သည်။
ဗိုလ်တစ်ထောင်မြို့နယ်၊ လှည်းကူး မြို့နယ်နှင့် ရန်ကင်းမြို့နယ်တို့တွင် ယာဉ်မတော်တဆမှု ဖြစ်စဉ် များကြောင့်လူ (၃) ဦး သေဆုံးခဲ့ပြီး (၁) ဦးဒဏ်ရာရရှိခဲ့သည်။မှော်ဘီမြို့နယ် တွင် ယာဉ်မတော်တဆမှုကြောင့် လူတစ်ဦး သေဆုံး၍ (၉) ဦး ဒဏ်ရာရရှိခဲ့သည်။
ယင်းကဲ့သို့ ယာဉ်မတော်တဆမှု ဖြစ်စဉ်များကြောင့် သက်ဆိုင်ရာ မြို့နယ် ရဲစခန်းများမှ အသီးသီးအမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
The Messenger News

0 comments