(နိရဉ္စရာ- ၁၆ ဇွန် ၂၀၁၄) / နှင်းသန္တာ
 ဦးစံရွှေအာင် မိသားစုအား ဆုရကျောင်းသားများနှင့် ဆရာ ဆရာမများနှင့် အတူ တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ဦးစံရွှေအာင် မိသားစုအား ဆုရကျောင်းသားများနှင့် ဆရာ ဆရာမများနှင့် အတူ တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဂုဏ်ထူးရကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအား ဆုပေးပွဲ အခမ်းအနား တစ်ခုကို ဇွန်လ ၁၃ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားအား နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစံရွေအောင်နှင့် ဇနီး ဒေါ်အေးအေးသန်းမိသားစုတို့မှ ကြီးမှူးပြီး မင်းပြားမြို့ မြို့နယ်ဓမ္မာရုံတွင် စီစဉ် ကျင်းပခဲ့ခြင်း ဖြစ်သည်။
မင်းပြားမြို့နယ်ရှိ ၂၀၁၃-၂၀၁၄ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဂုဏ်ထူရ ကျောင်းသားကျောင်းသူများအား ဆုပေးခဲ့ပုံနှင့်ပတ်သက်၍ မင်းပြားလူမှုကူညီရေးအသင်း ဥက္ကဌ ဦးခင်ဇော်ဝင်း က နိရဉ္စရာသို့ ယခုလိုပြောသည်။
“သံဃာတော် ၂၇ ပါးကိုလည်းဆွမ်းကပ်ပြီး အလှူငွေများလှူဒါန်းပါတယ်။ ပီးရင် မင်းပြားမြို့နယ်မှ ဂုဏ်ထူးဖြင့် အောင်မြင်ခဲကြတဲ့  ကျောင်းသားကျောင်းသူတွေကို ဦးစံရွေအောင်မိသားစုမှ ဂုဏ်ပြု ဆုငွေများ ပေးအပ် ပါတယ်။ မင်းပြားမှာ(၄)ဘာသာဂုဏ်ထူးကအမြင့်ဆုံးဆိုတော လေးဘာသာဂုဏ်ရှင်ကို ဆုငွေ ၅၀၀၀၀ ကျပ်၊ သုံးဘာသာဂုဏ်ထူးရှင်များကို ၄၀၀၀၀ ကျပ်၊ နှစ်ဘာသာ ဂုဏ်ထူးရှင်များကို ၃၀၀၀၀ ကျပ်၊ တစ်ဘာသာ ဂုဏ်ထူးရှင်များကို  ၂၀၀၀၀ ကျပ်စီ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါတယ်”ဟုဆိုသည်။
ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို မြို့နယ်ဓမ္မာရုံတွင်  နံနက် ၈ နာရီကနေ ၁၁ နာရီထိပြုလုပ်ခဲ့သည်ဟု သူက ဆိုသည်။
၂၀၁၃-၂၀၁၄ တက္ကသိုလ်ဝင်တန်းကို မင်းပြားမြို့နယ်မှ ၀င်ရောက် ဖြေဆိုသူ (၉၉၇) ဦးရှိခဲ့ပြီး ထိုအထဲမှ ကျောင်းသား ကျောင်းသူ ၂၄၅ ဦးသာ အောင်မြင်ခဲ့သည်။ ယင်းအထဲမှ လေးဘာသာ ဂုဏ်ထူးရှင် (၁)ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် (၂)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၇)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၁၇) ဦး ပေါ်ထွက်ခဲ့သည်ဟု  မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို သံဃာတော်များ၊ ကျောင်းသားမိဖ၊ ဆရာရာမများ၊ ကျောင်းသူ ကျောင်းသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံမြို့သူမြို့သား (၇၀၀)ကျော်တက်ရောက်ခဲ့သည်။
အဆိုပါနေ့ နေ့လည်ပိုင်းတွင် ဒုတိယအကြိမ် အမျိုးသမီးအဆင့်မြှင့် အိမ်တွင်းစက်မှု သင်တန်း တစ်ခုကိုလည်း မင်းပြားမြို့တွင်  ဖွင့်လှစ်ခဲ့ပြီး ယင်းအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် ဦးစံရွေအောင်နှင့်ဇနီးတို့ တက်ရောက်ခဲ့သည်။
၎င်းအခမ်းအနားအား  မင်းပြားမြို့ ရာမောင်ခန်းမ၌ နေ့လည် ၁၂ နာရီတွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ ၇၉ ဦး အား သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အမျိုးသမီးအိမ်တွင်းအဆင့်မြှင့် စက်မှုသင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive