အမေရိကန်နိုင်ငံ နက်ဘရာစကာပြည်နယ်တွင် ကြီးမားသောမိုးသီးများကြွေကျခဲ့ပြီး ကားများနှင့် လူနေအိမ်များပျက်စီးခဲ့သည်။ အိုင်အိုဝါပြည်နယ်၌ ကြွေကျခဲ့သော မိုးသီးများသည် နက်ဘရာစကာပြည်နယ်ထက် အပျက်အစီးများပိုမိုဖြစ်စေခဲ့သည်ဟု အမေရိကန်သတင်းများကဖော်ပြသည်။

အမေရိကန်နိုင်ငံအနောက်အလယ်ပိုင်း ပြည်နယ်များတွင် လေဆင်နှာမောင်းသတိပေးချက်များနှင့်အတူ ရာသီဥတုအခြေအနေဆိုးရွားလျက်ရှိသည်။ ရေကြီးရေလျှံမှုများကြောင့် ဒေသခံများအား ကယ်ဆယ်ရန် လှေများအသုံးပြုနေရသည်။

နက်ဘရာစကာပြည်နယ် ဝီလ်ဘာမြို့တွင် ဘေ့စ်ဘောလုံးအရွယ်အစားရှိ မိုးသီးများကြွေကျခဲ့သည်ကို မျက်မြင်သက်သေတစ်ဦးက ဗီဒီယိုရိုက်ကူးထားနိုင်ခဲ့သည်။ မိုးသီးမုန်တိုင်းကြောင့်ဘလဲမြို့တွင် အနည်းဆုံး လူ ၂၀ ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်များပျက်စီးခဲ့သည်။

နက်ဘရာစကာပြည်နယ် ဘလဲမြို့ရှိ Woodhouse ကားကုမ္ပဏီတစ်ခုမှ ကားအစီးရေ ၄,၃၀၀ ခန့်သည် မိုးသီးများကြွေကျမှုကြောင့် ကားပြတင်းပေါက်နှင့်ခေါင်မိုးများပျက်စီး သွားခဲ့သည်ဟုသိရ သည်။ ယင်းပျက်စီးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆၂ သန်းခန့်ရှိနိုင်သည်ဟု ကားကုမ္ပဏီပိုင်ရှင်ကပြောသည်။

Ref: BBC, WHOTV
7Day Daily



Posted by Unknown on Thursday, June 5, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive