အီရတ်နိုင်ငံ မြောက်ပိုင်းက နိုင်ငံရဲ့အကြီးဆုံး ရေနံချက် စက်ရုံကို ဆွန်နီမွတ်စလင် စစ်သွေးကြွတွေက စက်သေနတ်တွေ မော်တာတွေနဲ့ ဒီနေ့ ပစ်ခတ် တိုက်ခိုက်ပါတယ်။

စက်ရုံရဲ့ အဓိက ၀င်ပေါက် ၂ ခုအပြင်ကနေ တိုက်ခိုက်တာဖြစ်ပြီး မော်တာကျည်ဆန်တခုက အပိုပစ္စည်းသိုလှောင်ရုံကို ထိမှန်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဇွန် ၁၇ ရက်နေ့ကတော့ လုံခြုံရေးတပ်တွေက တိုက်ခိုက်မှုကနေ ကာကွယ်ပေးထားပြီး စက်ရုံထဲက နိုင်ငံခြားသားတွေကို နေရာရွှေ့ပြောင်းပေးခဲ့ပါတယ်။

အရင်အပတ်က အီရတ်မြို့အတော်များများကို ဆွန်နီမွတ်စလင် အမာခံစစ်သွေးကြွတွေက သိမ်းပိုက်ခဲ့လို့ ရာနဲ့ချီတဲ့ ရှီဟိုက်မွတ်စလင်လူငယ်တွေက စစ်သားစုဆောင်းရေးစခန်းဆီကို ဆက်ပြီး ပူးပေါင်းလာနေကြပါတယ်။

တရားဝင်မှတ်တမ်းအရ အီရတ်ပြည်သူ ၂ သန်းက အရင်အပတ်က တိုင်းပြည်ရဲ့ သြဇာအရှိဆုံး ရှီးဟိုက်ဘာသာရေးခေါင်းဆောင်က ဆွန်နီမွတ်စလင်သူပုန်တွေရဲ့ ပုန်ကန်မှုကို အပြည့်အ၀ ပြန်တိုက်ရေး ဆော်သြမှုကြောင့် တပ်ထဲ ၀င်လာကြတယ်လို့ ဆိုပါတယ်။
ဘာသာရေးအခြေပြု ပဋိပက္ခဟာ ပြည်တွင်းစစ်နဲ့ နိုင်ငံပြိုကွဲမယ့် အလားအလာကို ခြိမ်းခြောက်နေပါတယ်။

အရင်အပတ်က အီရတ်ရဲ့ ဒုတိယအကြီးဆုံးမြို့ကို သိမ်းပိုက်ခဲ့တဲ့ အယ်ကိုင်ဒါအဖွဲ့ခွဲတခုဖြစ်တဲ့ အိုင်အက်စ်အိုင်အယ်လ်သူပုန်တွေဟာ တိုက်ဂရစ်မြစ်ဝှမ်းတလျှောက် ဘဂ္ဂဒက်မြို့မြောက်ပိုင်းကို သိမ်းပိုက်ခဲ့ပါတယ်။

အိုင်အက်စ်အိုင်အယ်လ်သူပုန်တွေဟာ အီရတ်ဆီးရီးယား နယ်တလျှောက် ထိပ်တန်းဘာသာရေး ခေါင်းဆောင်က အုပ်ချုပ်တဲ့ မွတ်စလင် နိုင်ငံထူထောင်ဖို့ ရည်မှန်းထားပါတယ်။

အရှေ့အလယ်ပိုင်းဒေသအတွင်း ဆွန်နီသူပုန်တွေက မဟာမိတ်ဖွဲ့မယ့် အလားအလာ ရှိနေလို့ အမေရိကန် သမ္မတအိမ်ဖြူတော်မှာ ဆွေးနွေးဖို့ သမ္မတအိုဘားမားက အောက်လွှတ်တော် ခေါင်းဆောင်တွေကို ဇွန်လ ၁၈ ရက်နေ့က ဖိတ်ကြားခဲ့ပါတယ်။

By ဒီဗွီဘီ

Posted by Unknown on Wednesday, June 18, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive