Arakan Times's photo.ရခိုင်ပြည် မြေပုံမြို့နယ်ရှိ ဘင်္ဂလီဒုက္ခသည်စခန်း များတွင် မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့် ဥပဒေ ၁၉၈၂ ခုနှစ် ဥပဒေကို ယခုစတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ယနေ့ ၃ နာရီက ပြည်နယ်ဥပဒေချုပ်ရုံး၌ ဒေသမီဒီယာများနှင့်တွေ့ဆုံပွဲတွင် ပြောကြားသည်။

ယခုကောက်ယူသော မြေပုံမြို့မှ အခြေအနေအပေါ် မူတည်ပြီး အခြားသော မြို့နယ်များတွင်ရှိသည့် ဘင်္ဂလီဒုက္ခသည်စခန်းများကိုလည်း ကောက်ခံသွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

ယခုလိုကောက်ယူခြင်းကို ယင်းမြို့ရှိ ဘင်္ဂလီဒုက္ခသည်များမှ သဘောတူခြင်း၊ ဒေသခံတိုင်းရင်းသားများကလည်း သဘောတူခြင်း၊ ရခိုင်တပြည်နယ်လုံးမှ တောင်းဆိုခြင်း၊ မြန်မာနိုင်ငံရှိ တခြားတိုင်းရင်းသားများမှ တောင်းဆိုခြင်း၊ လွှတ်တော်ထဲမှာလည်း တောင်းဆိုခြင်း၊ ပြည်ပနိုင်ငံများမှလည်း တောင်းဆိုခြင်းအရ ၁၉၈၂ ခုနှစ် ဥပဒေကို အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း ဦးလှသိန်းက ပြောကြားခဲ့သည်။
 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive