From : ..eleven
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် နှစ်ဦးစလုံး၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ဇွန် ၂၄ ရက်တွင် ပြောကြားသည်။

ဦးဌေးဦးသည် ယခင်ဗိုလ်ချုပ်မှူးကြီး မိသားစုနှင့် နီးစပ်သူတစ်ဦးဖြစ်ပြီး မကြာခဏ သွားရောက်တွေ့ဆုံမှုများ ရှိသည်ဟု သိရသည်။

သတင်းထောက်များ မေးမြန်းသည့် ဦးသန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်မှု ရှိ၊ မရှိ မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် “ကျွန်တော် မရောက်တာတော့ ကြာပြီ။ ဒါပေမဲ့ သိတာကတော့ နှစ်ဦးစလုံး ကျန်းမာရေးအခြေအနေ ကောင်းကြပါတယ်” ဟု ဖြေကြားသည်။

အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်သည် ယခင်ရက်ပိုင်းအတွင်းက ရန်ကုန်မြို့ရှိ တပ်မတော်စစ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေရသည်ဟု လုပ်ကြံသတင်းများ ထွက်ပေါ်ခဲ့သည်။


 .. www.MyanmarExpress.net
 

Posted by Unknown on Wednesday, June 25, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive