ရန်ကုန်၊ ဇွန် ၂

၂.၆.၂၀၁၄ ရက်နေ့ ၁၂၃၀ အချိန်တွင် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဘူတာနှင့် မလွှကုန်းဘူတာ ကြားရှိ မိုင်တိုင်အမှတ် AA-102၊ မီးပွိုင့်အမှတ် A-95 တွင် မီးပွိုင့်မီးနီ၍ ရပ်နေသော စက်ခေါင်းအမှတ် RBE-2540(အင်ကြင်း-၂) သီလ၀ါ-ရန်ကုန် ရထား၏ နောက်တွဲအား ရွာသာကြီးဘက်မှ ရန်ကုန်သို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် DD-918 (မင်းသား-၇)မြို့ပတ်ရထားမှ တိုက်မိခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့တိုက်မိမှုကြောင့် အင်ကြင်း-၂ ရထားပေါ်ပါခရီးသည် ကျား(၃)ဦး၊ မ(၁)ဦးနှင့် မင်းသား-၇ မြို့ပတ်ရထားစက်ခေါင်း မောင်းသူတို့တွင် ပေါက်ပြဲနာကျင်ဒဏ်ရာများ ရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ (မစိုးရိမ်ရ)များအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါရထား(၂)စင်းတိုက်မိမှုကြောင့် ရထားတွဲများလမ်းချော်သွား ခဲ့သဖြင့် တာဝန်ရှိသူများ ရောက်ရှိ ပြီး စစ်ဆေးပြုပြင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
http://www.thithtoolwin.com

Posted by Unknown on Monday, June 2, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive