သူငယ်ချင်းရေ

    မင်းတို့ လွှတ်တော်ကြီးက သက်တမ်း သုံးနှစ်ကြာလာတဲ့အခါ စာခြောက်ရုပ် လွှတ်တော်ကြီးလို ဖြစ်ဖြစ်လာပြီကွ၊စာခြောက်ရုပ်ဆိုတာ လယ်ကွင်းထဲက လယ်သမားတွေပိုင်တဲ့ စပါးသီးနှံတွေကို ကျေးငှက် တိရစ္ဆာန်တွေရဲ့ဘေးရန်က ကာကွယ်ပေးဖို့လုပ်ထားတဲ့ အရုပ်ကြီးလေ ကွာ၊ ရုတ်တရက်ဆိုရင် လယ်ကွင်းထဲမှာလူတစ်ယောက် မတ်တပ်ရပ် နေသလို ထင်ရပြီး လယ်ယာမြေကို အတင်းဝင်ရောက်ဖျက်စီးမဲ့ ကျေး ငှက်တိရစ္ဆာန်တွေအတွက် အဟန့်အတားဖြစ် စေတာပေါ့-သေသေချာချာ အနီးကပ်ကြည့်လိုက်တော့မှ လယ်သမားထမင်းချက်စားတဲ့ မြေအိုးမဲမဲ နှုတ်ခမ်းကွဲနဲ့ အဝတ်စုတ်ပတ်ထားတဲ့ ကောက်ရိုးခြောက်တွေကို တိုင် မှာပတ်ထားတဲ့ အရုပ်ကြီးတစ်ခုပါဘဲ။ တိုင်ပတ်တော့ တပ်ပိုင်မြေကိစ္စ တွေကိုဖြေရှင်းတဲ့အခါ အရုပ်ကြီးမှတကယ့်အရုပ်ကြီး သူငယ်ချင်း၊ ဘာမှ တန်ခိုးမပြနိုင်ဘူး၊လွှတ်တော်က ကော်မရှင်ဖွဲ့ပြီး ဆောင်ရွက်နေတဲ့၊ အ ဖွဲ့အစည်းတွေကို အုပ်ချုပ်ရေးအစိုးရအဖွဲ့က ဖုတ်လေသည့် ငါးပိရှိ တယ်လို့တောင်ထင်တာမဟုတ်ဘူး၊ လွှတ်တော်ဥက္ကဋ္ဌကတော့ လယ်သ မားတွေကို မျက်နှာပူရှာမှာဘဲ ဥက္ကဋ္ဌကြီးက မြေသိမ်းယာသိမ်းတွေကို မူလပိုင်ရှင်တွေကို ပြန်ပေးဖို့ ဆုံးဖြတ်ချက်ချ ဆောင်ရွက်လိုက်ပေမဲ့ စစ် တပ်က သိမ်းထားတဲ့ မြေတွေက မူလပိုင်ရှင်လက်ထဲကို ပြန်ရောက်မ လာဘူး၊ဒီမိုကရေစီ ပါလီမန်ဥက္ကဋ္ဌက မဆလလက်ထက်က ဆိုက်ကား သမား တရားသူကြီးလောက်မှာ အာဏာစက်မရှိသလိုဖြစ်နေတယ်ကွ။

    သူငယ်ချင်းရေ မြန်မာပြည်မှာ ဗန်းစကားတွေက ပေါကြွယ် လွန်းသကွ၊ ရစ်နေတယ်၊ ဝက်အူရစ်နေတယ်၊ ဂျပန်မူလီ၊ အရစ်စိတ်အရစ် ကျဲ၊ ကွိုင်ပတ်နေတယ်၊ တိုင်ပတ်နေတယ်၊ရွာလည်နေတယ်ဆိုပြီး ပြဿ နာတစ်ခုကို မဖြေရှင်းနိုင်ဘဲ အချိန်ကြာနေရင်သုံးတဲ့ ဗန်းစကားတချို့ ရှိကြတယ်ကွ၊အဲဒီထဲကမှ ရွာပတ်နေတယ်၊တိုင်ပတ်နေတယ် ဆိုတဲ့ စကားနဲ့ ဥပမာပြောရမဲ့ ကိစ္စတစ်ခုက တိုင်ပတ်နေတဲ့တပ်ပိုင် မြေကိစ္စ တွေဘဲ သူငယ်ချင်း တပ်ကပိုင်တဲ့ မြေတဲ့ ဒို့ဗမာပြည်မှာ စစ်တပ်ကလို ချင်တာအကုန်ယူနိုင်တဲ့ ခေတ်တစ်ခေတ်ရှိခဲ့ဘူးပါတယ်။ ရွှေကို ယူသည် မြေကိုယူသည် ပြီးတော့ လူကိုပါ ယူသည် ဝတ္ထုထဲကလို စစ်တပ်က အ လိုရှိရင် ဥပဒေကဲ့သို့ အာဏာတည်သော နှုတ်မိန့်တစ်ခုတည်းနဲ့ ပြည် သူ့ဘဏ္ဍာတွေကို သိမ်းယူနိုင်ခဲ့ကြတယ်ကွ။

    လယ်ယာမြေဆိုတာ လယ်သမားတွေ စပါးစိုက်လို့ဖြစ်လာခဲ့တဲ့ ဓားမဦးချ လယ်မြေတွေကိုပြောတာပါ။ စစ်တပ်တိုးချဲ့ဖို့၊ လက်နက်စက် ရုံဆောက်ဖို့၊ စက်ပစ်ကွင်းလုပ်ဖို့ ခေါင်းစဉ်မျိုးစုံတပ်ပြီး အတင်းအဓမ္မ လယ်သမားတွေ မျက်နှာမကြည့်ဘဲ သိမ်းယူကြတယ် ပြီးတော့ ရံပုံငွေမ ရှိလို့ဆိုပြီး ဘာမှမဆောက်ဘဲ အဲဒီလယ်သမားတွေကိုဘဲ သီးစားခယူပြီး အငှားချထားကြတယ်လေ။ လယ်သမားခမျာတော့ မိအေးက နှစ်ခါ မ ဟုတ်ဘူးသုံးခါနာရတာ၊ တချို့တပ်ရင်းမှူးဆို အဲဒီလယ်မြေတွေကို နှစ် ဆင့်သုံးဆင့်တောင် ပြန်ရောင်းထားပြီးလို့ ရှင်းလို့မရတော့ဘူး၊မြေကြီးက နေ တပ်ရင်းမှူးကတော် လည်ပင်းမှာ ရွှေသီးခဲ့တာ တပ်ထောက်ဗိုလ်ကြီး အသိဆုံးပေါ့ သူငယ်ချင်းရာ တပ်ရင်းတိုးချဲ့ဖို့ မြေသိမ်းရင်းနဲ့ တပ်ရင်းမှူး အတွက် တိုင်းမှူး၊ဒုတိုင်းမှူးအတွက်ပါ၊လန (၃၉)တစ်ခါထဲ ကျအောင် မြေစာရင်းက ဝန်ထမ်းတွေကို ဖိအားပေးပြီး လုပ်စားသွားခဲ့ကြတာ အခု တော့ မထွေးနိုင် မအန်နိုင်ဖြစ်နေပြီ သူငယ်ချင်းရေ...

    ဥက္ကဋ္ဌကြီးကတော့ စက်တင်ဘာ နောက်ဆုံးထားပြီး အဲဒီ ပြ ဿနာကို ပြေလည်အောင် ရှင်းပေးရမယ်ဆိုပြီး.ီပေ သတ်မှတ်လိုက် တော့ လာမဲ့ စက်တင်ဘာလဟာြူခေု စက်တင်ဘာ မဖြစ်ပါ စေနဲ့ဘဲ ဆုတောင်းနေရမှာဘဲ၊ တောင်ဥက္ကလာပ ဝေဇယန္တာ ရှစ်လမ်းသွားပေါ်က မြေတွေကတော့ တစ်ပေပတ်လည် ခုနှစ်သိန်းကျပ် ဈေးပေါက်နေတော့ ကာချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးတို့ အသင်းကြီး နှစ်သင်း ထိပ်တိုက်တွေမဲ့ တပ်ပိုင်မြေဖလားလုပွဲကတော့ အကြိတ်အနယ်ရှိမဲ့ပွဲတစ်ပွဲပါဘဲ သူငယ်ချင်း။

    သူငယ်ချင်း
    မင်းတို့ လွှတ်တော်ထဲက တောင်ဥက္ကလာ အမတ်လဲကြား ထဲက ငထွားခါးနာမဲ့ကိန်းဆိုက်နေပြီ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဝေဇ ယန္တာလမ်းနဲ့ ပြည်သာယာလမ်းထောင့်က မြေကွက်ကြီးကို ဆင်းရဲသား မြေမဲ့ယာမဲ့တွေကို လုံးဝပြန်မပေးတော့ဘူး ကြားတယ်။ အဲဒီမြေကွက် ကြီးကို နိုင်ငံတကာ ကွန်ဒိုမီနီယံစီမံကိန်းကြီးချပေးလိုက်ရင် တစ်ခန်း သိန်းငါးထောင်တန်တဲ့ တိုက်ခန်းတွေ လူကြီးတစ်ယောက်ကို လေးငါး ခန်းလောက် အနည်းဆုံးရကြမှာဆိုတော့  ပြန်ပေးဖို့မဖြစ်နိုင်ကြ တော့ ဘူးနဲ့တူပါတယ် သူငယ်ချင်းရှေနဗွဗနြ ကျင်းပနေတုန်း ဆန္ဒပြ နေလို့ ပျားရည်နဲ့ဝမ်းချပြီး သပိတ်စခန်းဖျက်သိမ်းခိုင်းခဲ့တဲ့ တောင်ဥက္က လာ အမတ် ဖင်ကြားခဲ ညှပ်နေလောက်ပြီပေါ့ကွာ၊ သူလည်း အဖတ် ဆယ် အမှတ်လိုချင်လို့ ဒိုင်ဗင်ပစ်ပြီး ဟီးရိုးဝင်လုပ်ကာမှနဖူးနဲ့ ကျောက် ဆောင်နဲ့ ဆောင့်မိတဲ့အဖြစ်နဲ့ ကြုံရတာပါဘဲ။

    တပ်ရင်းမှူးတွေက လက်သွက်ခြေသွက်ဆိုတော့ တပ်ရင်း သက် သာချောင်ချိရေးအတွက် တပိုင်တနိုင်စိုက်မွေးကြရမယ်လို့ လူကြီးက ဟလိုက်တာနဲ့ မျက်စိတစ်ဆုံး လယ်တွေသိမ်းပုံစံ (၁ဝ၅)တို့ လန (၃၉) တို့ ၃ခတို့ စာရွက်စာတမ်းတွေနေ့ချင်းပြီးလုပ်ပြီး၊ တစ်ဆင့်ပြန်ရောင်း ပစ်ကြတာဘဲ အဓိက ကတော့ ခေါင်ကမိုးမလုံတာပါဘဲ သူငယ်ချင်းရေ စစ်တပ်ရဲ့ လိုအပ်ချက်တွေကို ပြည့်ပြည့်ဝဝ ထောက်ပံ့မပေးဘဲ တပ် ရင်းမှူးကို စီးပွားရေးလုပ်ခိုင်း၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရမယ် ဆိုပြီး၊ ဥပဒေနဲ့မညီတဲ့ အမိန့်တွေချမှတ်လုပ်ဆောင်ခဲ့လို့ တပ်ရင်းမှူးက ပြည်သူ့ဆီကလှည့်ပြီး ဓားပြတိုက်ကြရတာပါဘဲ စစ်သားက စစ်ဘဲတိုက် တတ်တာ စပါးစိုက်ခိုင်းတော့၊ လယ်သမားတွေလည်း လယ်တွေသိမ်းခံရပြီး ဘဝပျက်၊ စစ်သားစိုက်တဲ့ စပါးကလည်းမထွက် တပ်ရင်းကစိုက်တဲ့ လယ်ဧက အချိုးကျစပါးထွက်တယ်ဆို ပြီး အပြင်ကဝယ်ပြနဲ့ အလုပ်ကို ရှုပ်နေတာဘဲ သူငယ်ချင်းရေ။

    ဆင်အလုပ်ဆင်လုပ် မြင်းအလုပ်မြင်းမလုပ်ရင် တိုင်းပြည်ပျက် မယ်ကွ၊ စစ်ဗိုလ်ဟောင်းတွေ ဦးစီးစပါးစိုက်တဲ့ ဥတိုစိုက်ခင်းတစ်ခုထဲနဲ့တင် ပြည်သူ့ဘဏ္ဍာငွေအနည်းဆုံး သိန်းပေါင်းကိုးသောင်းလောက်ဆုံးရှုံးသွား မယ်ထင်တယ်။ ဘာတဲ့ မြင်းစီးမလားဂေါက်ရိုက်မလား၊ ဥတိုစိုက်ခင်း အပန်းဖြေစခန်းတဲ့ တိုက်ကြီးမြို့နားမှာ သွားလုပ်လိုက်တာ စပါးဧက ရှစ်ထောင်လောက်စိုက်၊ ဆန်စက်တည်၊ ဟိုတယ်ဆောက်၊ မြင်းစီးကွင်း၊ ဂေါက်ရိုက်၊ အပျော်စီး စပိဘုတ်တွေဘာတွေနဲ့ လယ်ကွင်းထဲမှာသွား လုပ်ကြတာ။ အရင်တုံးကဆွှိုဠမှာ လှအဉ္ဇလီတင့်နဲ့မင်းသား ရဲအောင် တို့ ကြော်ငြာတဲ့ဥတိုစိုက်ခင်း အပန်းဖြေစခန်းကြော်ငြာ မမြင်ချင်မှအ ဆုံး မတော်မတဲ့တွေကြော်ငြာပေးကြလို့လားမသိဘူး လှအဉ္ဇလီတင့်ပါ တစ်ခါထဲငုပ်သွားလိုက်တာ ဥတိုစပါးခင်းရေ မြှုပ်သွားကတဲက ပေါ်မ လာတော့ဘူး။ ပြည်သူတွေပိုင်တဲ့ငွေ သိန်းကိုးသောင်းလောက် ဆုံးရှုံး သွားခဲ့ရတာလဲ စစ်သားစပါးစိုက်တဲ့ ပုံပြင်ထဲက တပုဒ်ပါဘဲ သူငယ်ချင်း ရေ..။

    လယ်ဆည်ဝန်ကြီးကတော့ ကြိုးစားရှာပါတယ်။ ရေဘူးအပေါက်နဲ့ ရေကို ကျုံးကျုံးခပ်နေလေ ရဲ့။ စစ်တပ်ကလယ်သိမ်းလို့ လယ်သမားတွေ လယ်ယာမြေကို ကျောခိုင်းသွားတာ အဆိုတော်တွေငှားပြီး လယ်သ မားတွေ လယ်ယာမြေကိုပြန်လာကြဖို့ အော်ခေါ်နေတယ်ဆို သူ့လယ် သူ့ပြန်ပေးလိုက်ရင် ပြီးတဲ့ကိစ္စဆိုပေမဲ့ သိမ်းတုံးက မျက်နှာမကြည့်ဘဲ သိမ်းခဲ့တော့ လူမမှတ်မိဘဲ မူလပိုင်ရှင်ပြန်ပေးလိုက်ပါဆိုတဲ့ဟာကို သူ လက်လွှဲရောင်းထားတဲ့ သူကိုဘဲ မြေပိုင်ဆိုင်မှုထုတ်ပေးလိုက်တော့ ရှင်း ကာမှ ပိုရှုပ်သလိုဖြစ်သွားကြတယ်။ တကယ်ကို တိုင်ပတ်နေတဲ့ကိစ္စပဲ သူငယ်ချင်းရေ။ မြေယာတရားမမှုဆိုတာ သားစဉ်မြေးဆက်နှစ်ရှည်ရှင်း ရတာဆိုတော့ ဥက္ကဋ္ဌကြီးလဲ ထမင်းရေပူလျှာလွှဲ စစ်တပ်နဲ့လယ်သမား တွေကို တရားစွဲခိုင်းမယ်နဲ့တူတယ်။

    စစ်တပ်က သိမ်းထားမြေကို လယ်သမားကတရားစွဲပြီး ပြန်တောင်း ရမယ်ဆိုတဲ့ အသံကိုကြားတော့ တရားသူကြီးတွေက ပြုံးပြုံုးကြီးနဲ့ မေး စေ့ကိုပွတ်ပြီး စောင့်နေမှာမြင်ယောင်မိသေးတယ်။ ဘောလုံးမှာ မ အောင်မြင်ပေမဲ့ ဘော်လီဘောပုတ်တဲ့နေရာမှာတော့ ရွှေတံဆိပ်မှန်း နိုင်ကြမယ် ထင်ပါရဲ့။

    စစ်သားကစစ်သားအလုပ်မလုပ်သမျှတော့ ဒီလိုဘဲ တိုင်ပတ်နေတဲ့ တိုင်းပြည်ဖြစ်နေအုံးမှာပါပဲ သူငယ်ချင်းရေ။ စပါးစိုက်၊ လမ်းဖောက်၊ စက်ရုံဆောက်၊ ဈေးရောင်းနေရာတကာမှာ ပါလေရာ လုပ်နေတာလုပ် တတ်ရုံဘဲရမယ်။ တော်တဲ့အဆင့် ကျွမ်းကျင်အောင်မြင်တဲ့ အဆင့်မ ရောက်နိုင်ဘူး။ လုပ်တတ်ရုံနဲ့ အလုပ်ဖြစ်ရုံဝတ်ကျေတန်းကျေလုပ်နေ ကြလို့ ဟိုလူရွှင်တော်ပြောသလိုပါဘဲ တတ်တော့တတ်တယ် ကျွမ်းကျင် လို့မတော်လို့ တပ်မတော် လို့ခေါ်တာဆိုသလိုပါဘဲကွာ သူငယ်ချင်းရေ။

    လွှတ်တော်ကဥပဒေပြုရေးအာဏာကို ကိုင်စွဲထားတာ မြေယာ ဥပဒေကျကျနနပြဌာန်းလိုက်ရင် မကောင်းဘူးလား၊ နေရာတကာတပ်ပိုင် မြေလုပ်လို့မရအောင် ဥပဒေနည်းဥပဒေနဲ့ ကာကွယ်ပေးလိုက်ရင် ကောင်းမယ်။ တပ်မတော်က မြေဝယ်ရောင်းနဲ့ အိမ်ခြံမြေလုပ်ငန်းကုမ္ပဏီ ထောင်ထားတယ် မကြားမိဘူးပါဘူး။ င်္.ီ.ှု တွေဝင်လာလို့ မြေတွေဈေး ကောင်းမှန်းသိပြီးပြည်သူပိုင်မြေတွေကို စစ်အာဏာနဲ့အလွဲသုံးစား လုပ် ကြရင် ဒီမိုကရေစီခေတ်မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်တာပေါ့ကွာ။ မြေ ယာပြဿနာတွေကို လာဘ်ပေးလာဘ်ယူမှုကင်းကင်းနဲ့ ဖြေရှင်းပေးနိုင် တော့မယ်လို့ အထင်တကြီးနဲ့ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေး ကော် မတီအဖွဲ့ဝင်စာရင်းကို ဖတ်ကြည့်လိုက်မိလိုက်ကာမှ ဗိုင်းကနဲ့လဲသေ သွားချင်တော့တာပါဘဲ သူငယ်ချင်းရာ..။
    လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေး ဥက္ကဋ္ဌက စစ်မှုထမ်းဟောင်း အငြိမ်းစားတဲ့..။    

 အရမ်းသန်းညွန့်

ပြည်သူ့ဆန္ဒ္ဒဂျာနယ်အတွဲ(၂) အမှတ်စဉ်(၁)
http://www.thithtoolwin.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive