စစ်ကိုင်းတိုင်းဒေသကြီး၊ဗန်းမောက်မြို့နယ်
အတွင်းရှိ ကနန်းလူမျိုးများနေထိုင်ရာ
 ကျေးရွာများတွင် ၇၊၆၊၁၄ရက်နေ့ နှင့်၈၊၆၊၁၄ရက်နေ့များကကသာခရိုင်ရဲတပ်ဖွဲ့
မှူးဒုရဲမှူးကြီးစိုးမြင့် ဦးစီးသောရဲတပ်ဖွဲ့ဝင်များ၊
ကသာအထူးမူးယစ်မှ ဒုရဲမှူးရန်နိုင်ထွန်းဦး


စီးသော မူးယစ်တပ်ဖွဲ့ဝင်များသည်ကျေးရွာသားများ ကိုင်ဆောင်သော တူမီးသေနတ် (၁၆၀)လက်အားသိမ်းဆည်းခဲ့ကြောင်း herjule media မှ သတင်းရရှိခဲ့ပါသည်၊

သိမ်းဆည်းခံခဲ့ရသော တူမီးသေနတ်များမှာ တရားဝင်ထုတ်ပေးထားသော သေနတ်များ မဟုတ်ဘဲ ကနန်းနယ်တွင် ဗကပများကို တွန်းလှန်စဉ်ကကျန်ရှိခဲ့သော သေနတ်ပြောင်းများကို ကနန်လူမျိုးများမှ တူမီးကိုယ်ထည် ပြန်ဆင်၍ ကိုင်ဆောင်ခဲ့ကြခြင်းဖြစ်သည်၊

ထိုသို့ ကိုင်ဆောင်လာမှုကြောင့်ထိုသေနတ်များဖြင့် ဓါးပြတိုက်မှုများဖြစ်ပေါ်လာသည့်အတွက် ကနန်းဒေသခေါင်းဆောင်များမှ (၂၀၀၆)ခုနှစ်တွင် အစည်းအဝေးထိုင်ပြီး သက်ဆိုင်ရာသို့
ကိုင်ဆောင်ခွင့် တောင်းခံခဲ့ကြပါသည်၊ ယခင် မယကနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ ကျေးရွာပြည်သူ့စစ်တစ်ဖွဲ့လျှင် အလက်(၃၀)နှုန်းကိုင်ဆောင်ရန်
ညှိနှိုင်းပေးခဲ့သော တူမီးသေနတ်များ ဖြစ်ပါသည်၊

ယခုလို ပြည်သူ့စစ်များထံမှ တူမီးသေနတ်များသိမ်းဆည်းခြင်းမှာ မေလ(၂၂)ရက်နေ့က ဖြစ်ခဲ့သော ရဲတပ်ဖွဲ့ဝင်များအား ရိုက်နှက်၍ ရဲကင်းမီးရှို့ခံရမှုဖြင့်သက်ဆိုင်နိုင်ကြောင်း၊ ထိုမီးရှို့မှုတွင် ခေါင်းဆောင်ခဲ့သော ဒေသခံ ကနန်းလူမျိုးကို ဖမ်းဆီးရမိခြင်း မရှိသေးသည့်အတွက် ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင်ဗန်းမောက်တွင် စခန်းထိုင်၍ ဖမ်းဆည်းနိုင်ရေး ဆောင်ရွက်လျှက်ရှိရာ ကနန်းလူမျိုးများမှ ပြန်လည်ခုခံမှုပြုလုပ်လာမည်ကို စိုးရိမ်၍ ဖြစ်နိုင်ကြောင်း
ကျေးရွာပြည်သူ့စစ်တစ်ဦးမှ ပြောဆိုခဲ့ပါသည်၊

ယခုနှစ်အတွင်း ကသာခရိုင်တွင်တပ်မတော်သားတစ်ဦးမှ ရဲတပ်ကြပ်အား သေနတ်ဖြင့် ပစ်သတ်ခြင်း၊ ဒုတပ်ရင်းမှူး၏ တပည့်များမှ နယ်ထိန်းအရာရှိအား ထိုးကြိတ်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့သည့်အပတ်ကလည်း ည(၁)နာရီအချိန် တောထဲတွင် ကသာယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးမှ စာရေးဆရာကြီးများ စာပေဟောပြောပွဲမှ အပြန်လမ်းတွင်တမလန်းကားဖြင့် မှား၍ ရှာဖွေမှုများ ပြုလုပ်ခဲ့သေးကြောင်း သိရှိရပါသည်။

(ဟာဂျူလီ-ကသာ)

Posted by Unknown on Wednesday, June 11, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive