ရခိုင်ပြည် အနောက်တံခါးပေါက်ဟု ဆိုရမည့် မောင်တောမြို့ နယ် လက်ဝဲတောင်ပြိုမြို့  နယ်မြေ ဒေသဟာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့ နဲ့ တမြေတည်းလို အလွန်နီးကပ်နေတဲ့ အပြင် ဒေသခံ ရခိုင်လူမျိုးတွေ နည်းပါးတဲ့ အတွက် အစိုးရ ဝန်ထမ်းတွေသာ အများဆုံး နေထိုင်တယ်လို့ သိရပါတယ်။ အဆိုပါ တောင်ပြိုဒေသမှာ တာဝန်ထမ်းဆောင်ကြရတဲ့ ဘယ်ဝန်ထမ်းမဆို မျိုးခြား အန္တရယ်ကြားမှာ တာဝန်ထမ်းဆောင် နေရသလို ဒေသခံကျေးရွာ တွေမှာ ဘင်္ဂလီနယ်ကျွန် ကုလားလူမျိုးတွေ အများဆုံး နေထိုင်တယ်လို့ လည်း သိရပါတယ်။ လက်ရှိမြန်မာနိုင်ငံ ပြည်သူ့ ရဲ့ တပ်ဖွဲ့ ဝင်က စုစုပေါင်း (၄၂)ဦး မိသားစုတွေနဲ့ အနောက်တံခါးရဲ့  လုံခြုံရေး ဒေသခံတွေရဲ့  တရားဥပဒေ စိုးမိုးရေးကို နေ့ညမအား တာဝန်ထမ်းဆောင်နေပါလျှက် အဆိုပါ ပြည်သူ့ ရဲမှ အဂတိလိုက်စားလေသောအခါ တာဝန်ထမ်းဆောင်နေသော ပြည်သူ့ ရဲတပ်ဖွဲဝင်များ အတွင်း အချင်းချင်း မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ကြရတယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ လေးဝတီ သတင်းထောက် သျှင်မေ(နတ်မြစ်) မှ ယခုလို သတင်း ပေးပို့ထားပါတယ်။

တောင်ပြိုလက်ဝဲမြို့  ရဲစခန်းမှ ရဲအုပ်စောကျော်ဦးဟာ ဗမာပြည်မ ဘက်ကနေ တာဝန်ထမ်းဆောင်ဖို့ ရောက်နေတာ(တစ်နှစ်ခွဲခန့်) ရှိနေကြောင်း ရောက်ခါစတွင် ငွေကြေးနွမ်းပါးသော်လည်း ယခုအခါ သူ့ အမျိုးသမီးဖြစ်သူမှာ ရွှေငွေမြောက်များစွာ ပိုင်ဆိုင်ထားကြောင်း ထိုကဲ့သို့ ပိုင်ဆိုင်မှူဟာ ရဲတပ်ဖွဲ့ ဝင်တွေကို အချင်းချင်း ခေါင်းပုံဖြတ်မှူတွေ ပါဝင်နေတယ်လို့ အမည်မဖေါ်လိုသူ ရဲတပ်သားတစ်ဦးမှ ပြောပြပါသည်။ ''ရဲအုပ်စောကျော်ဦး ရဲတက အောင်ကျော်သန်းတို့ဟာ ကျွန်တော်တို့ ရဲတပ်သားတွေရဲ့  လစာငွေတွေကို မတရားဖြတ်ယူပါတယ် ရဲတပ်ဖွဲ့ ဝင် တယောက်ရဲ့  ပုံမှန်လစာ ငွေဟာ (၈၅၀၀၀)ကျပ် ရပါတယ် ဒီငွေက ငွေ(၁၀၀၀၀)ကျပ်တသောင်းကို လတိုင်းလိုလို ဖြတ်တောက်ယူပါတယ် ဒါကိုမေးတော့ ခရိုင်ရဲတပ်ဖွဲ့ မှူး ဒုရဲမှူး ဌေးလွင်နဲ့ ရုံးအဖွဲ့ များကို ပေးရတယ်လို့ ပြောပါတယ် မင်းတို့ မကျေနပ်ရင် ရဲချုပ်ထိ တိုင်ပေါ့ကွာ လို့ ပြောပြီး မင်း နယ်ပြောင်းသွားချင်လား အဲလိုမျိုးတွေ ခြိမ်းခြောက်ပါတယ် ကျွန်တော်တို့က မိသားစုတွေနဲ့ ဆိုတော့ နယ်စပ် စားသောက်ကုန်တွေ ရှားပါးတာကတမျိုး ရန်ကုန်ကလာတဲ့ စားကုန် ပစ္စည်းတွေ အကုန် ဒီမှာ ဈေးက နှစ်ဆမြင့်နေတော့ လစာနဲ့ အဆင်မပြေတဲ့ကြား ဒီလိုလစာငွေ ဖြတ်တောက်တော့ ကျွန်တော်တို့ စားဝတ်နေရေး ပိုဆိုးပါတယ် ဘာမှ လုပ်ပိုင်ခွင့်မရှိဘူးဗျာ''လို့ ဆိုပါတယ်။

ယင်းကဲ့သို့ လစာငွေတခုတည်း ဖြတ်ယူထားသလို အခြားတဘက်မှာလည်း စခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် သုံးဦးကို တာဝန်ခွဲဝေ မပေးဘဲ ဥပဒေနဲ့ ဆန့်ကျင်တဲ့ ယာဘာခေါ် စိတ်ကြွဆေးပြားတွေကို မောင်တောမှတဆင့် ဘင်္ဂလီလူမျိုးတွေနဲ့  ဘင်္ဂလာဒေခ်ျ့ နိုင်ငံဘက် ပို့ဆောင်နေကြောင်း ယင်းတပ်သားသုံးဦးမှာ ရဲတက သာဒင် ရဲတက နိုင်နိုင် ရဲတက ခင်လှ ဆိုသူဖြစ်ကြောင်း ၄င်းမှဆက်ပြောသည်။ အဆိုပါမူးယစ်ဆေး ရောင်းဝယ်ဖို့စေလွှတ်ခံရသူ တပ်ဖွဲ့ ဝင်သုံးဦးဟာ ရဲတာဝန်များကို လုံးဝမလုပ်ကိုင်ဘဲ တလလျှင် မြန်မာကျပ်ငွေ တသိန်းကျစီ ရဲအုပ် စောကျော်ဦးကို ပေးသွင်းနေကြောင်း ရှင်းပြပါသည်။
တောင်ပြိုလက်ဝဲမြို့ ရဲ့  ရဲစခန်းမှူး စောကျော်ဦးဟာ ရဲစခန်းမှာ အာဏာအရှိဆုံး ဖြစ်နေတော့ ရဲတပ်ဖွဲ့ ပိုင် တောင်ကုန်းနေရာကို ဘင်္ဂလီကုလား တစ်ဦးဖြစ်သူ မာမတ်ရော်ဖီး ဆိုသူအား တလလျှင် တဧကကို ဘင်္ဂလာတာကာငွေ (၅၀၀) မြန်မာကျပ်(၅၀၀၀)နဲ့  ငှါးရမ်းပြီး ယင်းငွေကို မိမိအိတ်ထဲသို့ ထည့်ကာ တောင်ကုန်းကို ကုလားအား ငှါးထားပါလျှက် အတင်းလုပ်အားပေး ခိုင်းစေခံနေရတာက ရဲတပ်ဖွဲ့ မိသားစုဝင်တွေ ဖြစ်ကြောင်းလည်း ပြောပြပါသည်။

အဆိုပါ စခန်းမှူးဖြစ်သူက ခေါင်းပုံဖြတ် အကျင့်ပျက်ခြစားနေမှုကို အထက်အရာရှိထံ ကြောက်ရွံပြီး မတိုင်ကြားရဲ သလို နယ်စပ်မြို့  ဂိတ်ဆုံးတောင်ပြို ရဲစခန်းမှာ တာဝန် ထမ်းဆောင်နေကြတဲ့ ရဲတပ်ဖွဲ့ ဝင်တွေဟာ လွန်ခဲ့တဲ့ (၁၉၈၈)မတိုင်မှီ မြန်မာနိုင်ငံ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ (RSO)ခေါ် အကြမ်းဘက်သမားများ ရဲစခန်းအပါအဝင် လဝက စခန်း ကာစ်တန်ခေါ် အကောက်ခွန် စခန်းတွေကို ဝင်ရောက်ပစ်ခတ်မှူတွေ ဖြစ်ပွါးခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ ယင်းကြောင်း ယခုအခါ ဘင်္ဂလာမြန်မာ နှစ်နိုင်ငံ စက်မက်ဖြစ်ပွါးဖွယ် နယ်စပ်ပြဿနာတွေကြား ပြည်သူ့ ရဲ တပ်ဖွဲ့ ဝင်များ ကိုင်ဆောင်တဲ့ နိုင်ငံတော် ကာကွယ်ရေး လက်နက်များ အကြောင်း ဆက်မေးရာ ၄င်းမှ ယခုလိုပြောပါသည်။
‘’ကျွန်တော်တို့ ရဲတပ်သားတွေက အင်္ဂလိပ်ခေတ်က ရိုင်ဖယ်ဟောင်းတွေနဲ့  (M 22) မောင်းပြန် အပျက်တွေပါ ဘယ်အချိန် ပြဿနာတက်ရင် သေနပ်တွေက မောင်ပြန် မပြန် မသေချာဘူး ပြီးတော့ ဒီအအပတ်အတွင်း တောင်ပြိုမြို့ မှာ တခြားတာဝန်ထမ်းဆောင်နေကြတဲ့ မိသားစုတွေ စာရင်းလိုက်ကောက်ယူတာတို့ မောင်တို့ကို မိသားစုတွေ ပြန်ပို့မယ်ဆိုပြီး ပြောနေကြတယ် တကယ်လို့ ဘင်္ဂလာဒေခ်ျ့ နဲ့ ဖြစ်ဖြစ် အကြမ်းဖက် ကုလားဆိုးတွေနဲ့ ဖြစ်ဖြစ် ပစ်ခတ်မှူတွေ ဖြစ်ရင် လက်နက်ကိုင်ပြီး ထွက်ပြေးရမလို ဖြစ်နေတယ် မောင်တောမြို့  ဒုချရားတန်းမှာ တက ဆရာအောင်ကျော်သိန်းကို အကြမ်းဘက်တုန်းကလည်း ကျွန်တော်တို့ ရဲတွေကိုင်ထားတဲ့ ရိုင်ဖယ်တွေ ကျည်မထွက်ဘူး ပြီးတော့ မောင်တောမြို့ မှာ ကုလားတွေ ပြီးခဲ့တဲ့ နှစ်နှစ်က လူအုပ်နဲ့ တက်သိမ်းတဲ့ ဖြစ်စဉ်မှာလည်း သေနပ်ပစ်လို့ ကျည်မထွက်ဘူး ကျွန်တော် ကိုယ့်တွေ့ ဘဲဗျာ’’ ဟု ဒေါနဲ့မောနဲ့ ရှင်းပြသွားပါတယ်။ ယခုအခါ ရဲတပ်ဖွဲ့ ဝင်များ အတွင်း လက်နက်အားနည်းမှူ အကျင့်ပျက်ခြစားမှု ခေါင်းပုံဖြတ်မှူတွေကြား မြန်မာနိုင်ငံ ပြည်သူရဲ တပ်ဖွဲ့ဝင်များမှ အဆိုပါ ကိစ္စအား နိုင်ငံတော် အာဏာပိုင်အဆင့်ထိ တိုင်ကြားပေးရန်လည်း ယင်းမှ တောင်းဆိုကြောင်း တင်ပြလိုက်ရပါတယ်။

သျှင်မေ(နတ်မြစ်)
လေးဝတီလွတ်လပ်သော ရခိုင်သတင်းဌါန

Posted by Unknown on Thursday, June 12, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive