(နိရဉ္စရာ ၁၉ ဇွန်လ ၂၀၁၄)/ခိုင်ခိုင်ဇံ
tree-plantation Arakan
သစ်ပင် စိုက်ပျိုးနေကြသည့် မျိုးဆက်သစ်အဖွဲ့ဝင်များ (ဓါတ်ပုံ- နိရဉ္စရာ)
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှုအဖြစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတစ်ခုကို စစ်တွေမြို့နယ်တွင် “ရခိုင်လူငယ်မျိုးဆက်သစ်” မှ ဦးဆောင်ကာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲကို လွန်ခဲ့သော တစ်ပတ်ခန့် စစ်တွေမြို့နယ် သိန်းတန်ရွာ မူလတန်းကျောင်းတွင် ပြုလုပ်ခဲ့ပြီး ကျောင်းသို့ သွားရာ လမ်းဝဲဘေးယာ တစ်ဘက် တစ်ချက်တွင် စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။
သစ်ပင်များကို “ရခိုင်လူငယ်မျိုးဆက်သစ်” အဖွဲ့မှ လူငယ်(၂၀)ခန့်မှ ဦးဆောင်ကာ သိန်းတန် ရွာမှ ရွာသူ ရွာသားများနှင့် ပူးပေါင်းစိုက်ပျိုးခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဒီလို သစ်ပင်တွေစိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ရခိုင်လူငယ်လေးတွေ သဘာဝပတ်ဝန်းကျင်ကို တန်းဖိုးထားတတ်လာအောင်၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာလည်း လူငယ်တွေ ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပါ” ဟု  သစ်ပင်များ စိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ “ရခိုင်လူငယ်မျိုးဆက်သစ်” အဖွဲ့မှ ကိုသန်းလှက နိရဉ္စရာသို့  ပြောသည်။
ယင်းသစ်ပင်စိုက်ပျိုးပွဲတွင် ကံကော်ပင်၊မဟော်ဂနီပင်၊ရေတမာပင်နှင့် ယူကလစ်ပင်များအပါအဝင် သစ်ပင်ပေါင်း (၂၀၀) ကျော်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

Read More
Posted by Unknown on Wednesday, June 25, 2014

(နိရဉ္စရာ- ၂၅ ဇွန်လ ၂၀၁၄)
alp-greeting-inside
မြန်မာ အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသော ရခိုင်ပြည်လွှတ်မြောက်ရေးပါတီမှ ရဲဘော် (၂) ဦးကို ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မြန်မာတပ်မတော် တပ်ရင်း တစ်ခုမှ ဖမ်းဆီး ထိန်းသိမ်း ထားသည်ဟု သိရသည်။
ဖမ်းဆီးခံထားရသူမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ လက်အောက်ခံ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် အမှတ်(၉) တပ်ရင်းမှ တပ်ကြပ် ဆေးမှူး ခိုင်ထွီးနှင့် အကူအညီပေးနေသူ အရပ်သား အောင်ရွှေမြတို့ ဖြစ်ကြသည်ဟု ပါတီ၏ တာဝန်ရှိသူ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဒုခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက ပြောသည်။
“ သူတို့က စက်ပစ္စည်းတစ်ခု ၀ယ်ယူဖို့ အလာမှာ အဖမ်းခံရတာပါ။ သူတို့ အဖမ်းခံထားရတာက သံသယနဲ့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်” ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။
သူတို့ (၂) ဦးအား ၂၀၁၄ ခုနှစ် ဇွန်လ (၁၆)  ရက်နေ့တွင် ချင်းပြည်နယ် လပ၀ မြန်မာ တပ်စခန်း အနီးတွင် ခလရ ၂၃၂ နှင့် ၂၈၉ ပူးပေါင်းတပ်ဖွဲတို့ ၏ စစ်ဆင်ရေး တစ်ခုအတွင်း ဖမ်းဆီး သွားခဲ့သည်ဟု ALP ပါတီင်္၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
သူတို့အား မြန်မာ ဘင်္ဂလာနယ်စပ်အနီး တိုက်ပွဲ ဖြစ်ပွားမူ တစုံတရာမရှိပါဘဲ တိုက်ပွဲ အတွင်း ဖမ်းဆီးရမိသည်ဟု အကြောင်းပြကာ ဖမ်းဆီးခဲ့သည်ဟု ဖမ်းဆီးခံရသူကာယကံရှင်များကို ကိုးကားပြီး ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
“ ဒီကိစ္စဟာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုလို့ မြင်ပါတယ်။ ကျွန်မတို့ဟာ အိန္ဒိယ- မြန်မာ နယ်စပ်မှာ အခြေစိုက်တယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး ဖေါ်ဆောင် လာတဲ့ နေ့က စပြီး တိုက်ပွဲ ဖေါ်ဆောင်တဲ့ အနေအထား လုံးဝ မရှိပါဘူး။ အဲသလို အနေအထားမှာ ကျွန်မတို့ရဲ့ ရဲဘော်ကို ဒီလို မတရားသဖြင့် ဖမ်းဆီးထားတာဟာ လုံးဝ မလုပ်အပ်တဲ့ ကိစ္စဖြစ်ပါတယ်။ အခုရက်လည်းကြာသွားပါပြီ” ဟု သူမက ပြောသည်။
ထိုသို့ ရဲဘော် နှစ်ဦးအား ဖမ်းဆီးထားခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ယခင်နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းတို့အား တွေ့ဆုံနိုင်ရေး အတွက် အကြိမ်ကြိမ် တောင်းဆိုသော်လည်း တွေ့ဆုံခွင့်မရဘဲ ဖြစ်နေသည်ဟု သူမက ဆိုသည်။
ယင်းပြင် ပလက်ဝမြို့နယ်တွင် ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီမှ ဆက်ကြေးများ ကောက်ယူသည်ဟု သတင်းများ ထွက်ပေါ်နေမူနှင့် ပတ်သက်ပြီးလည်း ဒေါ်စောမြရာဇာလင်းက ယခုလို ပြောသည်။
“ ကျွန်မတို့က ဒီလိုဆက်ကြေးကောက်ဖို့ လာတာလည်း မဟုတ်ပါဘူး။ ဆက်ကြေး ကောက်တာတွေကိုလည်း မလုပ်ဖို့ ညွှန်ကြားထားပါတယ်။ ဒီလို ဆက်ကြေးကောက်တာမျိုးတော့ လုပ်လို့လည်း မရပါဘူး” ဟုဆိုသည်။
ALP မှ ရဲဘော် (၂) ဦးကို ခလရ ၂၈၉ တပ်ရင်းသို့ ခေါ်ယူသွားပြီး စစ်ဆေး မေးမြန်းမူများ ပြုလုပ်နေပြီး စစ်ကြောရေးလုပ်စဉ်  ညှင်းဆဲနိပ်စက် အကြမ်းဖက်သည်ဟုလည်း သိရှိရကြောင်း ကျေညာချက်တွင် ဖေါ်ပြသည်။
သူတို့နှစ်ဦး လွှတ်မြောက်ရေးအပါအ၀င် ငြိမ်းချမ်းရေး မပျက်ပြားရေး အတွက် ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာတွင် တာဝန်ရှိသူများနှင့် ဇွန်လ ၂၆ရက်နေ့တွင် တွေ့ဆုံဆွေးနွေးသွားမည်ဟု ဒေါ်မြရာဇာလင်းက ပြောဆိုသည်။
မြန်မာ အာဏာပိုင်များမှ ALP မှ ရဲဘော် နှစ်ဦးကို တရားစွဲသွားရန် စီစဉ်နေသည်ဟုလည်း သိရသည်။

Read More

(နိရဉ္စရာ- ၂၅ ဇွန်လ ၂၀၁၄)
အရေးပေါ် ရခိုင်ပြည်နယ် လွှတ်တော်ကျင်းပနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
အရေးပေါ် ရခိုင်ပြည်နယ် လွှတ်တော်ကျင်းပနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
လစ်လပ်နေသော ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာတွင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ် မောင်မောင်အုန်းအား ခန့်အပ်ရန် ရခိုင်ပြည်နယ် လွှတ်တော်တွင် ယနေ့အဆိုတင်သွင်းခဲ့သည်။
ရခိုင်ပြည်နယ် လွှတ်တော်အား ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ရာ ဗိုလ်ချုပ် မောင်မောင်အုန်း အပါအ၀င် တပ်မတော်သား ကိုယ်စားလှယ် နှစ်ဦး ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် နိုင်ငံတော်သမ္မတကြီးမှ ပေးပို့သော သ၀ဏ်လွှာအား လွှတ်တော် ဥက္ကဌမှ ဖတ်ကြားရာတွင် ထိုသို့ ဗိုလ်ချုပ် မောင်မောင်အုန်းအား ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ်ခန့်အပ်ရန် အဆိုပြုထားသည်။
ဗိုလ်ချုပ် မောင်မောင်အုန်းအား လွှတ်တော်တွင် ကန့်ကွက်လိုသူများ အနေဖြင့် ကန့်ကွက်နိုင်ကြောင်း၊ သို့သော် လုပ်ထုံးလုပ်နည်းများနှင့် အညီ ကန်ကွက်နိုင်ကြောင်း၊ ဇွန်လ ၂၇ ရက်နေ့ကို နောက်ဆုံးထားပြီး ကန့်ကွက်လွှာကို လွှတ်တော်သို့ တင်ပို့ရမည်ဟု ဖေါ်ပြသည်။
လာမည့် ဇွန်လ ၃၀ ရက်နေ့တွင် လွှတ်တော်အား ပြန်လည် ခေါ်ယူထားပြီး အဆိုပါနေ့တွင် ပြည်နယ်ဝန်ကြီးချုပ်ကို အတည်ပြုသွားမည်ဟု သိရသည်။
ရခိုင်ပြည်နယ် လွှတ်တော်အားနံနက် ၁၀ နာရီကျော်တွင် ကျင်းပပြီးစီးခဲ့ပြီး ယင်းနောက်တွင် ၀န်ကြီးချုပ်အဖြစ် အဆိုတင်သွင်းခံထားရသူ ဗိုလ်ချုပ် မောင်မောင်အုန်းမှ လွှတ်တော် ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီး နုတ်ဆက်ခဲ့သည်။

Read More

From : ..ပြည်သူ့အာဏာ

အစ္စလာမ်ဘာသာ ကိုးကွယ်သည့် နိုင်ငံသားမွတ်စလင်များ၏ ပြည်လုံးကျွတ်ညီလာခံကို လာမည့် စက်တင်ဘာတွင် ကျင်းပမည် ဖြစ်ပြီး ညီလာခံ ကျင်းပရေးအတွက် နေရာထိုင်ခင်းကအစ လိုအပ်သည်များကို NLD ပါတီမှ ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း အဆိုပါ ညီလာခံ ဖြစ်မြောက်ရေးကော်မတီမှ သတင်း ရရှိသည်။

ညီလာခံကို ပြည်ထောင်စုသား မွတ်စလင်လူမျိုးများ ပြည်လုံးကျွတ် ညီလာခံအမည်ဖြင့် ကျင်းပမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ၊ ပြည်ထဲရေးနှင့် ဒေသဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ၏ခွင့်ပြုချက်နှင့်အညီ စီစဉ်သွားမည် ဖြစ်ကြောင်း၊ NLD ပါတီမှ တော်ဝင်နှင်းဆီ ဦးစိုးညွန့်က ညီလာခံကျင်းပစဉ်နှင့် ညစာစားပွဲကျင်းပစဉ် လိုအပ်သည်များ အခမဲ့ ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း၊ NLD ပါတီမှ ဆက်သွယ်ရန် ပုဂ္ဂိုလ်အဖြစ် ဦးစိုးညွန့်ကို တာဝန်ပေးထားကြောင်း ညီလာခံ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက ပြောသည်။

‘‘အခုကျင်းပမယ့် ညီလာခံက မြန်မာနိုင်ငံမှာရှိနေတဲ့ နိုင်ငံသား မွတ်စလင်
လူမျိုးတိုင်းကို ကိုယ်စားပြုပါတယ်။ နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးရဖို့အတွက် တောင်းဆိုသွားမှာပါ။
လှုံ့ဆော်မှုတွေကနေ အခြေခံတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေလည်း နောက်ထပ်ထပ်မဖြစ်ချင်တော့ပါဘူး။ အကြမ်းဖက်မှုတွေ မရှိဘဲ စည်းစည်းလုံးလုံးနေသွားချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ကျွန်တော်တို့ ကြိုးပမ်းနေတာကို ထောက်ခံတယ်၊ လိုအပ်တာတွေကို တော်ဝင်နှင်းဆီ ဦးစိုးညွန့်ကတစ်ဆင့် ကူညီပေးမယ် လို့ ပြောပါတယ်။ လူနည်းစုတွေ၊ အားနည်းသူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးရမယ်၊ ဒါက NLD ပါတီရဲ့ မူဝါဒပဲ ဖြစ်တယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်’’ဟု ဒေါက်တာမြင့်သိန်းက ပြောသည်။

ယခုညီလာခံသည် ရခိုင်ညီလာခံကို တန်ပြန်ခြင်း မဟုတ်ဘဲ နိုင်ငံသား မွတ်ဆလင်များ၏ ရှေ့လမ်းစဉ်ကို ချမှတ်နိုင်ရန် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ငွေကြေး ကုန်ကျမှုများစွာ ကြီးမားသော်လည်း NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ချိတ်ဆက်ပေးမှုဖြင့် OIC ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများမှ ပံ့ပိုးမှုများ များစွာ ပြုလုပ်ပေးကြောင်း၊ ညီလာခံဖြစ်မြောက်ရေးအတွက် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသော်လည်း မိမိတို့ထက် အတွေ့အကြုံများစွာ ရှိသည့် NLD ပါတီခေါင်း ဆောင်များက ကူညီပံ့ပိုးပေးခဲ့ကြောင်း ညီလာခံဖြစ်မြောက်ရေးကော်မတီ အထွေထွေအတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်က ပြောသည်။

‘‘ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ထောက်ခံကြောင်း ကြေညာချက်တစ်စောင်ကို ဒီညီလာခံကြီးက ထုတ်ပြန်ပေးသွားဖို့ စီစဉ်ထားပါတယ်။ ဒါအပြင် နိုင်ငံတကာလူ့အခွင့်အရေး စည်းမျဉ်းတွေနဲ့ အညီ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြန်လည်သုံးသပ်ပေးဖို့ တိုက်တွန်းချက်တွေလည်း ပါမှာပါ’’ဟု ဦးအုန်းမောင်က ပြောသည်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေဖြင့် နိုင်ငံသားစိစစ်ခြင်း အကောင်အထည်ဖော်နေသည့် အပေါ် ၎င်းတို့အနေဖြင့် မှတ်ချက်မပေးလိုသေးကြောင်း ပြောကြားသည်။
 
.. www.MyanmarExpress.net

Read More

ရန်ကုန်၊ မဇ္ဈိမ။            ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်တိုင်းရင်းသားသာ ဖြစ်ရမည်ဟု ရခိုင်အမတ်များက တောင်းဆိုခဲ့ပြီးနောက် ဗိုလ်ချုပ်မောင်မောင်အုန်းက ရခိုင်တိုင်းရင်းသားတစ်ယောက်ကဲ့သို့ တာဝန်ထမ်းဆောင်သွားမည်ဟု ဇွန် ၂၄ ရက်တွင်
မဇ္ဈိမကို တုန့်ပြန် ပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်မောင်မောင်အုန်းကို သမ္မတက ရွေးချယ် ခန့်အပ်မည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် ရခိုင်အမျိုးသားပါတီက ဇွန် ၂၃ ရက်က ရခိုင်ပြည်နယ် အနာဂတ်ကို ဦးဆောင်နိုင်မည့်သူမှာ ရခိုင်တိုင်းရင်းသား တစ်ဦးသာဖြစ်ရမည် ဟု ထုတ်ပြန် ကြေညာခဲ့ခြင်းကို ၎င်းက မဇ္ဈိမကတစ်ဆင့် ယခုကဲ့သို့ ပြန်လည် တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

တိုင်းရင်းသားတွေရဲ့ဆန္ဒနဲ့ ပါတီတွေရဲ့ဆန္ဒတွေကတော့ ကျွန်တော့အနေနဲ့ ပြောစရာ မရှိပါဘူး။ ကျွန်တော့်အနေနဲ့ပြောနိုင်တာ တစ်ခုပဲရှိတယ်။ ကျွန်တော်က တာဝန်ပေးခဲ့မယ်ဆိုရင် ရခိုင်တိုင်းရင်းသား မဟုတ်တောင်မှ ရခိုင်တိုင်းရင်းသားတစ်ယောက်လို တာဝန် ထမ်းဆောင်သွားဖို့ ရည်ရွယ်ချက်ရှိပါတယ်” ဟုပြောကြားခဲ့ပြီး “တစ်ချိန်ကျရင်တော့ အားလုံးက ယုံကြည်မှုတွေ နားလည်မှုတွေရပြီး ရခိုင်ဒေသကြီး တည်ငြိမ်လာမယ်လို့ ထင်ပါတယ်”ဟု ဗိုလ်ချုပ်မောင်မောင်အုန်းက ဆိုသည်။

ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု အမတ်များကမူ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ရာထူးကို မည်သည့်ပါတီကဖြစ်စေ ရခိုင်တိုင်းရင်းသားတစ်ဦးသာဖြစ်သင့်သည်ဟု ဆိုသည်။
သို့သော် ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း ဦးလှမောင်တင်ကိုမူ အားရမှုမရှိဟုဆိုသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်သည် ဇွန် ၂ဝ ရက်တွင် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ပြီး
ဇွန် ၂၁ ရက်တွင် နယ်စပ်ရေးရာဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အစားထိုးခန့်အပ်ခဲ့သည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အသစ် ရွေးခြယ်ခန့်အပ်ရေးအတွက် ဇွန် ၂၅ ရက်တွင်
ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးခေါ်ထားသည်။

Read More

From : ..eleven
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် နှစ်ဦးစလုံး၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ဇွန် ၂၄ ရက်တွင် ပြောကြားသည်။

ဦးဌေးဦးသည် ယခင်ဗိုလ်ချုပ်မှူးကြီး မိသားစုနှင့် နီးစပ်သူတစ်ဦးဖြစ်ပြီး မကြာခဏ သွားရောက်တွေ့ဆုံမှုများ ရှိသည်ဟု သိရသည်။

သတင်းထောက်များ မေးမြန်းသည့် ဦးသန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်မှု ရှိ၊ မရှိ မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် “ကျွန်တော် မရောက်တာတော့ ကြာပြီ။ ဒါပေမဲ့ သိတာကတော့ နှစ်ဦးစလုံး ကျန်းမာရေးအခြေအနေ ကောင်းကြပါတယ်” ဟု ဖြေကြားသည်။

အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်သည် ယခင်ရက်ပိုင်းအတွင်းက ရန်ကုန်မြို့ရှိ တပ်မတော်စစ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေရသည်ဟု လုပ်ကြံသတင်းများ ထွက်ပေါ်ခဲ့သည်။


 .. www.MyanmarExpress.net
 

Read More


 NLD ပါတီဝင်များနှင့် ဒေါ်စုထောက်ခံသူများရဲ့ ခြိမ်းခြောက်ခြင်း ခံနေရသူ ဒေါ်ခင်ဝိုင်းကြည်၏ နေအိမ် အဖောက်ခံရ ကြောင်း သတင်းရရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ကိုအကြပ်ရိုက်စေခဲ့သည့် အချိုးက ကိုယ်စားလှယ် PR စနစ် အသက်သွင်းသူ NDF ပါတီမှာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်အိမ်မှာ ညသန်းခေါင်အချိန် အဖောက်ခံခဲ့ရပြီး တရားဥပဒေစိုးမိုးရေး အကြောင်း ပြောသူ ဒေါ်အောင်ဆန်းစုကြည်နဲ့  လူ့အခွင့်အရေး အကြောင်း အမြဲ စိုးရိမ် တတ်သူ အမေရိကံသံရုံး၊ ကုလ နဲ့ အနောက်နိုင်ငံများ နှုတ်ဆိတ်နေကြပါတယ်။ 

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၏ အိမ်သို့ ဇွန်လ ၂၃ ရက် သန်းခေါင်းယံအချိန်က အဖောက်ခံရပြီး ပစ္စည်းအချို့ အခိုးခံလိုက်ရသည်ဟု ဒေါ်ခင်ဝိုင်းကြည်က အတည်ပြုပြောကြားပါတယ်။

“ကံကောင်းတာက လွှတ်တော်ဝင်တဲ့ကဒ်တွေ၊ ပတ်စ်ပို့စ်တွေ၊ မှတ်ပုံတင်တွေ ပါတဲ့အိတ်ကို အိမ်ရှေ့မှာပြန်ထားခဲ့တယ်၊ သူ့စိတ်ထဲ ပိုက်ဆံပါတယ်ထင်လို့ ယူတာ မတွေ့တော့ ပြန်ထားခဲ့တယ်”ဟု ဒေါ်ခင်ဝိုင်းကြည်ကဆိုပါတယ်။

ဒေါ်ခင်ဝိုင်းကြည်၏ မြောက်ဒဂုံမြို့၊ ၄၆ရပ်ကွက်ရှိ အိမ်ဖောက်ခံရခြင်းကြောင့် ဆမ်းဆောင်းဟန်းဆက် မီနီတစ်လုံး၊ အိတ်တစ်လုံး အခိုးခံခဲ့ရပြီး အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားထားခြင်းမရှိဟု ဒေါ်ခင်ဝိုင်းကြည်က ပြောပါတယ်။ လွှတ်တော်ကဒ်၊ ပတ်စ်ပို့နှင့် မှတ်ပုံတင်များပါသည့်အိတ် ပြန်တွေ့သည့်အတွက် အမှုမဖွင့်ခြင်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်ခင်ဝိုင်းကြည်သည်  ဇွန်လ ပထမပတ်က အချိုးကျ ကိုယ်စားပြုစနစ် (ပီအာရ်စနစ်)ကို တင်သွင်းခဲ့ပြီးနောက် ၎င်းကို NLD ပါတီဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်  ထောက်ခံသူများက လူမှုကွန်ယက်ပေါ်တွင် ခြိမ်းခြောက်မှုများ၊ ရိုင်းဆိုင်းဆဲဆိုမှုများ နှင့် အောက်တန်းကျစွာ တိုက်ခိုက်ရေးသားမှုများ ပြုလုပ်ခဲ့ကြပါတယ်။

ဒေါ်ခင်ဝိုင်းကြည်ကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အဟန့်အတားဖြစ်စေမယ့် မျိုးစောင့်ဥပဒေ ထောက်ခံသူ ဆရာတော်ဦးဝီရသူ နှင့် ဒေါ်အောင်ဆန်းစုကြည်ကို အရှက်ရစေခဲ့သူ ဦးဆန်းလွင်တို့လည်း ခြိမ်းခြောက်ခံနေရကြောင်း သတင်းရရှိပါတယ်။

.. www.MyanmarExpress.net

Read More

သံဃာတော်တွေကို အကြမ်းဖတ်သမားအဖြစ်ပြောနေသော အင်တာနက်လူမိုက်များသို့သမိုင်းဆိုတာ လိမ်၍မရဘူး။ မြန်မာ ပြည် ရခိုင်ပြည်နယ်မှာ ၁၉၄၂နှစ်စ၍ ဘာတွေဖြစ်ခဲ့လဲဆိုတာ ဒီထောက်ထားတွေက သက်သေဖြစ်ပါတယ်။

ဦးဇင်းတို့တွေက ရဟန်းတော်များဖြစ်သည့်နှင့်အညှီသာသနာအလုပ်ကို မလုပ်ဘူးပြောနေကြသော အင်တာနက်မှာ လူမိုက်များကို သမိုင်းနှင့် သမိုင်းတန်းဖိုးကိုနားလယ်ကြပါ။စာဆိုတာ ရေးတိုင်းကောင်းတာ မဟုတ်ပါဘူး။အင်တာနက်သုံးတက်ယုံ ကွန်ပျူတာကိုင်နိုင်ယုံနဲ့ကိုယ်ကို သွေးနထင်ရောက်နေ့သော အင်တာနက်မှာ တစ်ချို့သော နိုင်ငံရေး တော်လှန်ရေး လူမိုက်များနှင့်၃၇နှစ်မင်းနတ်များကို ကုလားဇာတ်ထဲသွင်းသော ပညာတက် စာတန်းပြုစုရေးသမားကြီးများ ကိုယ်ပိုင်းဥာဏ်သုံးပြီး စဉ်စားတော်မှုကြပါ။ကိုယ်ပြောလိုက်တာလေးက အညှင်ပွားစရာတွေဖြစ် လာခဲ့ရင် မကောင်းပါဘူး။အခုတော့ အမေကျော်ဒွေတော်လွမ်းပြနေကြတဲ့ အင်တာနက်လူမိုက်များသိစေချင်ပါတယ်။

ဘူးသီးတောင်၊ မောင်တောမှ ဘင်္ဂါလီများသတ်၍ သေခဲ့ရပါသော မြောက်များစွာသော ရခိုင်သား၊ သူများ၏ အကြောင်းတွေကို ရော လျှစ်လျှူရှုနေကြမှာလား။ မိတ္ထီလာမှာ သေသွားတဲ့ ၃၄ ယောက်ကို လူမျိုးတုန်းသတ်ဖြတ်နေပါတယ်လို့ဆိုရင်။ ဘူးသီးတောင်၊ မောင်တောမှာ ရခိုင်တွေသေတာ ရေတွက်လို့တောင် မရတော့ပါ။ ဒုတိယကမ္ဘာစစ်ကစပြီ အခုထိလည်း အသတ်ခံနေရတုန်းပါဘဲ။ ဘယ်သူကများ လူ့အခွင့်အရေး အော်ဖူးပါသလဲ။ ကြောက်လန့်စွာနဲ့ ကိုယ့်ကိုယ့်ကို ကာကွယ်ရင်း၊ ကိုယ့်ရပ်ကိုယ့်ဒေသမှာ ကျီးလန့်စာ စားနေခဲ့ရတာကိုရော ဘယ်သူတွေ လာပြီးကူညီခဲ့ကြပါသလဲ။ ကုလားတွေ မီးလောင်တိုက်သွင်းလို့ပျောက်ကွယ် သွားရတဲ့ရွာတွေလက်ညိုးထိုးမလွဲပါပဲ။

(၁၉၄၂ )ခုနှစ် ကုလားရခိုင် အဓီကရုဏ်း စတင်ဖြစ်ရခြင်း အကြောင်းတရားကား စစ်တွေမြို့မှ စတင်ဖြစ်ပွါးလေသည်၊ အင်္ဂလိပ်တပ်ဖြစ်သော ရာခ်ျပုကုလားစစ်သားများက ရခိုင်အမျိုးသမီးများကို အဓမ္မပြုကျင့် ရခိုင်အမျိုးသားများကို ကုလားအရပ်သားများနှင့် ပူးပေါင်း၍ အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ရာမှ မခံမရပ်နိုင်ဖြစ်ပြီး စတင်ဖြစ်ပွါးလာရခြင်းဖြစ်လေသည်။

ယင်းပြသနာသည် မြေပုံမြို့နယ်၊မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်များသို့ ကူးစက်သွားသည်။ ယင်းကိစ္စကို ရခိုင်နိုင်ငံရေးခေါင်းဆောင်များဖြစ်ကြသော ဦးပညာ သီဟ ၊ ဦးသာကျော်(ဘုံဘောက်)တို့ကပြန်ဖြေပေးသဖြင့်အထက်ပါမြို့များမှာ အေးဆေးငြိမ်သက်သွားခဲ့ပါသည်။

အထက်ပါမြို့နယ်များမှ ထွက်ပြေးကြသော ကုလားများနှင့် ဘူးသီးတောင် မောင်တောမြို့နယ်များမှ ပညာတတ်ကုလားခေါင်းဆောင်အချို့သည် ယင်းဒေသရှိ ရခိုင်တိုင်းရင်းသားများနှင့် ရခိုင်ကျေးရွာများကို ချေမှုန်းသုတ်သင် သတ်ဖြတ်ကြရန် နှိုးဆော်စည်းရုံးကြလေသည်၊

ယင်းအချိန်တွင် (မေဂျာ ကျော်ခိုင်)သည် ၄င်းကိစ္စကို ထိမ်းသိမ်းရန် စစ်တွေမြို့မှ ကုလားခေါင်းဆောင်များဖြစ်သော ဦးယာဆိန်း(ရှေ့နေ)ဦးဆူတန်မာမတ် ၊ဦးဘိုးခိုင် စသောသူများနှင့် ကြိုးပမ်းသော်လည်း မအောင်မြင်သည့် အပြင် (မေဂျာ ဦးကျော်ခိုင် )ကိုယ်တိုင် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာတွင် ကုလားများ၏ ပစ်ခတ်လိုက်သော သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားရလေသည်။ (၁၉၄၂)ခုနှစ် မေလတွင် မောင်တောမြို့နယ်ရှိ ကုလားကျေးရွာ အားလုံးသည် လူစုရုံးပြီး လက်နက်ကိုင်များကိုင်ဆောင်လျှက် ရခိုင်ကျေးရွာများကို တိုက်ခိုက်ဖျက် ဆီး မီးရှို့ခြင်းများ စတင်ပြုလုပ်လာကြသည်၊ရခိုင်ကျေးရွာများကို ၀ိုင်းထားခြင်း ၊ လမ်းတံတားများအား ဖြတ်တောက်ဖျက်ဆီးထားခြင်းတို့ ပြုလုပ်ကြသည်။

မောင်တောမြို့ကို ဒုတ် ဒါး လက်နက် ကိုယ်စီဖြင့် ၀ိုင်းရံထားသည့် အင်အားမှာ(၂၀၀၀၀)နှစ်သောင်း ကျော် ကျော် လောက်ရှိမည်ဟု ခန်းမှန်းကြသည် ။၊မောင်တောမြို့ ၀င်ပေါက် ထွက်ပေါက် အားလုံးကို ပိတ်ဆို့ထားကြသည်၊ မောင်တောမြို့နယ် ပတ်ဝန်းကျင်ကျေးရွာများတွင်လည်း ကုလားများ ၀ိုင်းဝန်းထိုးခုတ်ကြသည်ဟု သတင်းများကြားကြရသည်။ ဒါးဒါဏ်ရာနှင့် မောင်တော မြို့ပေါ်သို့ တက်လာသော သူများမှာလည်း မနည်းလှပါ၊မောင်တောမြို့ အလယ်ရွာက ဟုထင်ပါသည် အိမ်ထောင်စုတစ်စု မနက်(၄နာရိ)လောက်တွင် ဘူးသီးတောင်သို့ ဖေါက်ထွက်ပြေးကြရာ ကညင်တန်းမှာ ကုလားများ ခုတ်လွတ်လိုက်သော ကြောင့် ပါသွားသော ပစ္စည်းများအားလုံးလည်း လုယူခံရပြီး သွေးသံရဲရဲ ဖြင့်မြို့ထဲသို့ပြန်ဝင်ပြေးလာသည်ကိုတွေ့ရှိခဲ့ရသည်။

ယင်းနေ့ မိုးလင်းသည့်အချိန်မှ စ၍ ရရာပစ္စည်းများကို ထုတ်ပိုးပြီး ထွက်လာခဲ့ကြရာ လမ်းများပေါ်တွင် မိမိကဲ့သို့ အထုတ်အပိုးများဖြင့် ဟိုဟို ဒီဒီ ပြေးလွားနေကြသော ထိတ်လန့် ကြောက်လန့်နေကြသည့် ရခိုင်အုပ်စုလိုက်အုပ်စုလိုက် တွေ့ရပါသည်၊ ယင်းအချိန်က အစိုးရက ချိတ်ပိတ် ထားသော ဘုန်းကြီးကျောင်း ကွက်လပ်တွင် လူ(၅၀၀၀)လောက် စုမိလာကြသည်၊ မြောက်ဖက်ပိုင် ကညင်ချောင်းရွာများမှ လူများကို လည်းကောင်း၊ မြို့နှင့်နီးသော တောင်ပိုင်းရွာများဖြစ်သည့် မှော်ဝင်ရွာ ၊မကျီးချောင်းရွာ ၊ ရေဖုန်းပြင်ရွာ၊ ပန်းတောပြင်ရွာ စသော ရခိုင်ရွာများမှ လူများကိုလည်းတွေ့ရပါသည်။ အသက်ဘေးကို ကြောက်ရွံနေကြသော လူအုပ်ကြီးသည် ကလေးငိုသံ လူကြီးဆူညံသံများနှင့် ပွက်ပွက်ညံနေသည်၊

ထိုနေ့က စက်ရှင်တရားသူကြီး ဦးအောင်သာကျော် ဘူးသီးတောင်ငွေတိုက်မှ ငွေများကို သိမ်းဆည်းရန်နှင့် မောင်တောကို ကုလားများဝိုင်းရံထားကြောင်း သိရ၍ အကူအညီပေးရန် ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရပါသည်။ ဥိ၊းအောင်သာ ကျော်က ဘူးသီးတောင်သို့ ပို့ပေးမည်ဟု ပြောသည်၊ ဘူးသီးတောင်သို့သွားရန် စောင့်နေကြစဉ် မိုးသက်လေပြင်းကျပြိး မိုးအကြီးအကျယ် ရွာနေသောကြောင့် ဘူးသီးတောင်လမ်းပိတ်နေကြောင်း ကြားသိရပြန်သည်၊

စစ်သားအစောင့်အရှောက်နှင့် မသွားပါကလည်း သတ်ရန် လမ်းတလျှောက်လုံး ကုလားများ စောင့်နေကြကြောင်း ကြားသိရပြန်သည်၊
မနက်(၉)နာရီလောက်တွင်ဦးအောင်သာကျော်ကနတ်မြစ်တစ်ဖက်ကမ်း တက္ကနက်သို့ ပို့ပေးရန် ကြိုးစားမည်ဖြစ်ကြောင်းပြောပါသည်၊ နေ့လည်(၁၂)နာရီလောက်တွင် အောင်သာကျော် နှင့်အတူ အင်္ဂလိပ်စစ်ဗိုလ် တေလာ နှင့် နီပေါ ဂေါ်ရခါးစစ်သား ရောက်လာပြီး မောင်တောသင်္ဘောဆိပ်သို့ ပို့ပေးပါသည်၊ အာရကန် ဖလိုတီလာ ကုမ္မဏီပိုင် သင်္ဘောဖြင့် အခေါက်ခေါက် အခါခါ ပြေးဆွဲသော်လည်း မနိုင်မနင်း ဖြစ်နေလေရာ လှေသန်ဗာန်များနှင့် လည်း ပို့ပေးကြသည်။

မောင်တောမြို့ တစ်ဖက်ကမ်း ယခု ဘင်္ဂလားဒေခ့်ျ နိုင်ငံ တက္ကနက်သို့ ရောက် ၍ ညဖက်တွင် တောက်မီးလျှံများတလိမ့်လိမ့် တက်လာသည်ကို တွေ့မြင်ရလေသည်၊ မောင်တောမြို့ကို ကျွန်တော်တို့ မရှိသည့်နောက်ပိုင်း ကုလားများ ထောင်သောင်းချီ ၀င်ရောက် လာကြရာ ရခိုင်အိမ်များတွင် ရှိသော ဆန် ဆီ ဆား ပုဂံ ခွက်ယောက် အိမ်ထောင်ပရိဘောက များပါမကျန် စိတ်တိုင်းကျ ယူငင်ကြပြီး နောက် အိမ်များ ကျောင်းများကို မီးရှို့ကြလေသည်၊ ဤအရေးအခင်းတွင် နတ်မြစ်ကမ်းခြေမှ ကျေးရွာများ ဖြစ်ကြသော ငါးခူရ ၊ ခြံပြင် ၊ရွက်ညှိုးတောင်၊ သရက်အုပ်၊ စသော ကျေးရွာများသည် လှေများဖြင့် နတ်မြစ်တစ်ဖက်ကမ်းသို့ ထွက်ပြေးလွတ်မြောက်ကြသော်လည်း ကမ်းခြေနှင့် ဝေးသော ရခိုင်ကျေးရွားဘားလုံးသည် ရွာလုံးကျွတ် အသတ်ခံခဲ့ရလေသည်၊

အချို့ရွာများသည် မယူတောင်တန်းကို ဖြတ်ကျော်ပြီး ဘူးသီးတောင် ကျောက်တော် မြောက်ဦးနယ်များသို့လက်လွတ်ထွက်ပြေးကြသော သူများသည်ဘူးသီးတောင် လက်ဝဲတက်ရွာ မှ ကုလားများ ခုတ်၍လည်းကောင်း ၊ မောင်တောမြို့ တောင်ပိုင်းတွင် အသက်ရှင် လွတ်မြောက်သော ကျေးရွာများမှာ မရှိသလောက်နည်းပါးသည် အားလုံးရွာလုံးကျွတ် ခုတ်သတ်ခံခဲ့ရသည်၊ အလယ်သံကျော် ရဲစခန်းကို လက်နက်သိမ်းပိုက်ပြီး ရဲသားအားလုံးနှင့် ကျေးရွာသားများအားလုံး ကို သတ်ဖြတ်ပစ်လိုက်ကြသည်။

တပ်ထုံးပြင် ကျေးရွာအတွင်းရှိသမျှကလေးလူကြီးများ သည် ရွာကို ကုလားများ ၀ိုင်းရံထားသောအခါ ဘုန်ူးကြီးကျောင်းသို့ ပြေးဝင်ခိုလှုံကြလေသည်၊ထိုအခါ ကုလားများသည် ရွာသားများနှုင့် ဘုန်းကြီးကျောင်းကိုပါ မီးရှို့လိုက်သဖြင့် ကလေး လူကြီး မိန်းမ ဘုန်ူးကြီး ကိုရင် ဖိုးသူတော် အားလုံး (၅၀၀)ကျော် အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခြင်း ခံခဲ့ရလေသည်၊ တဖန် (၁၉၄၂)ခုနှစ် ဇွန်လတွင် ဗိုလ်ရန်အောင် ခေါင်းဆောင်သော ဗမာ့လွတ်လပ်ရေးအဖွဲ့သည် ဘူးသီးတောင်မြို့ကို သိမ်းပိုက်သောအခါ ဘူးသီးတောင် မောင်တော မြို့နယ်အတွင်းရှိ ဖြစ်ပွါးလျှက်ရှိသော ကုလား ရခိုင် အဓိကရုဏ်းနှင့် တပ်ပြေးကုလားများ၏ ဆူပူသောင်းကျန်ူးမှုကို ငြိမ်းချမ်းအောင် ဆောင်ရွက်ရန်မောင်တောမြို့နယ်ရှိ အုပ်ချုပ်ရေးတာဝန်ကျ ဘဂီလီကုလားများ နှင့် ဆက်သွယ်ခဲ့ရပါသသည်၊

၎င်းတို့၏ ဖိတ်ခေါ်ချက်အရ ဗိုလ်ရန်အောင် ဗိုလ်မျိုးညွန့်တို့ ခေါင်းဆောင်သော တပ်စိတ်တစိပ် ကို စေလွတ်၍ ချစ်ကြည်ရေး ငြိမ်းချမ်းရေး အတွက် စေ့စပ်ကမ်းလှမ်းရန် ကုလားခေါင်းဆောင်များနှင့် စေလွတ်လိုက်လေသည်။

ယင်းနေ့တွင် ကညင်တန်းကျေးရွာ အူရဒူကျောင်း (ယခု အထကကျောင်းဝင်း ပလီနေရာတွင် ကုလားခေါင်း ဆောင်းများက ချစ်ကြည်ရေး ထမင်းပွဲ တစ်ပွဲ တည်ခင်းလိုသည်ဆိုသဖြင့် ပါလာသော လက်နက်များကို တစ်နေရာတွင် စုပုံထား လေသည်၊ ထမင်းစားနေစဉ်ပင် ကြိုတင်စီစဉ်ထားသော သူများက ဗိုလ်ရန်အောင်တို့အဖွဲ့ကို ၀ိုင်းဝန်းခုတ်ကြသဖြင့် အုပ်ချုပ်သူ
တပ်မတော်အရာရှိ နှစ်ဦးနှင့် နောက်ပါအားလုံး သေဆုံးကြရလေသည်၊(၁၉၄၂)ခုနှစ် ကုလား ရခိုင် အရေးအခင်းတွင် (မောင်တောမြို့ မြောက်ပိုင်းတွင် လုံးဝပြန်လည်ထူထောင်ခြင်း မပြုနိုင်ဘဲ ပြိုပျက် ဆုံးရှုံးသွားသော ကျေးရွာများစာရင်း နှင့် အိမ်ခြေစာရင်းမှာ အောက်ပါ အတိုင်းဖြစ်ပါသည်၊

(၁) သစ်ပုတ်ချောင်းရွာ ( အိမ်ခြေ ၂၀ )
(၂)ကံပြင်ရွာ (အိမ်ခြေ ၄၃ )
(၃)ရေဖုန်းပြင်ရွာ(အိမ်ခြေ ၅၀ )
(၄) ပန်းတောပြင်ရွာ (အိမ်ခြေ ၅၀ )
(၅) မောင်ဦးရွာ (အိမ်ခြေ ၃၀ )
(၆) ခွဆုံပြင်ရွာ (အိမ်ခြေ ၄၅ )
(ရ) ပြင်ဖြူရွာ (အိမ်ခြေ ၄၅ )
(၈)ဒိုးတန်းရွာ (အိမ်ခြေ ၂၀၀ )
(၉) သက်ကေပြင်ရွာ (အိမ်ခြေ ၅၀)
(၁၀)၀က်ပိုက်ရွာ (အိမ်ခြေ ၆၀)
(၁၁) ကျောက်ချောင်းရွာ( အိမ်ခြေ ၂၅)
(၁၂) ပုဏ်ဏားဆပ် ရွာ(အိမ်ခြေ ၆၀)
(၁၃) သဲချောင်းရွာသစ်
(၁၄) ငန်းချောင်းရွာ (အိမ်ခြေ ၅၀)
(၁၅)ဒါကြီးစားရွာ (အိမ်ခြေ ၄၀)
(၁၆)ကျောက်ပြင်ဆိပ်ရွာ (အိမ်ခြေ ၃၀ )
(၁၇)ပြင်ဖြူချောင်းရွာ (အိမ်ခြေ ၅၀ )
(၁၈) ရေခပ်ချောင်းရွာ (အိမ်ခြေ ၅၀)
(၁၉)ငါးစားကြူးရွာ (အိမ်ခြေ ၆၀ )
(၂၀) ပြောင်ပစ်ရွာ (အိမ်ခြေ ၄၀)
(၂၁)ပြင်ရှည်ရွာ (အိမ်ခြေ ၃၀ )
(၂၂) ဖရုံချောင်းရွာ (အိမ်ခြေ ၃၀ )
(၂၃) ဆင်သေပြင်အထက်ရွာ (အိမ်ခြေ ၄၀ )
(၂၄) ဆင်သေပြင် အောက်ရွာ (အိမ်ခြေ၂၀)
(၂၅) သဲဖြူချောင်းရွာ (အိမ်ခြေ ၄၀ )
(၂၆) ပြားသားမဲရွာ (အိမ်ခြေ ၁၅ )
(၂၇) တောင်ဖက်ရွာ (အိမ်ခြေ စာရင်းမရ
(၂၈) ဖေါက်ကျီတောင်ရွာ (အိမ်ခြေ ၃၀ )
(၂၉) အထက်ဘော်တူလာရွာ (အိမ်ခြေ ၄၂ )
(၃၀)အင်တူလာရွာ (အိမ်ခြေ ၅၀)
(၃၁) အင်းချောင်းရွာ (အိမ်ခြေ ၃၀ )
(၃၂) အင်္ဂါဖ ရွာ (အိမ်ခြေ ၄၀)
(၃၃) ကာလာရွာ (အိမ်ခြေ ၈၀)
(၃၄)လဘော်ဝရွာ (အိမ်ခြေ ၃၆ )
(၃၅) ဒုံးကျော်ဖရွာ (အိမ်ခြေ ၂၂ )
(၃၆) သက်ကေပြင်ရွာ (အိမ်ခြေ ၇၅ )
(၃၇) ဂျိတ်ချိုင် (အိမ်ခြေ ၄၀)
(၃၈)ကိုင်စူးရွာ (အိမ်ခြေ ၂၄ )
(၃၉) တပ်ချောင်းရွာ (အိမ်ခြေ ၃၀)
(၄၀) အလယ်ချောင်း (အိမ်ခြေ ၈၂)
(၄၁) မောင်ရွေဇံရွာ (အိမ်ခြေ ၂၀)
(၄၂) သာဒိုးလှရွာ (အိမ်ခြေ ၄၀)
(၄၃) တပ်ချောင်းချေရွာ (အိမ်ခြေ ၃၀)
(၄၄) ဆင်ပြကွင်းရွာ (အိမ်ခြေ ၄၀ )
(၄၅) ရွှေဒိုင်းရွာ (အိမ်ခြေ ၄၆ )
(၄၆)ရေချမ်းချောင်း (အိမ်ခြေ ၄၀)
(၄၇) ငါးချမ်းရွာ (အိမ်ခြေ ၂၃ )
(၄၈) ရဲအောင်စံရဖွေရွာ (အိမ်ခြေ ၄၀ )
(၄၉)ကြောင်နဖေ အထက်ရွာ (အိမ်ခြေ ၃၀)
(၅၀)ကြောင်နဖေ အောက်ရွာ (အိမ်ခြေ ၂၅ )
(၅၁) ချက်စူရွာ (အိမ်ခြေ ၂၀ )
(၅၂) အရိုးကျရွာ (အိမ်ခြေ ၄၀ )
(၅၃) ကျော်ထွီးချောင်းရွာ (အိမ်ခြေ ၃၀)
(၅၄) အင်းချောင်းအထက်ရွာ (အိမ်ခြေ ၄၈)
(၅၅)အင်းချောင်းအောက်ရွာ (အိမ်ခြေ ၂၆ )
(၅၆) ရွှေဖီဦးဖရွာ (အိမ်ခြေ ၂၅ )
(၅၇)ထောက်ကလန်ရွာ (အိမ်ခြေ ၈၈ )
(၅၈)တောင်ပြိုလက်ဝဲရွာ (အိမ်ခြေ ၁၆ )
(၅၉) တောင်ပြိုလက်ယာရွာ (အိမ်ခြေ ၂၈ )
(၆၀)ဒေးတန်းညာ (ရခိုင်ရွာ) (အိမ်ခြေ ၂၂)
(၆၁) ကွမ်းသီးပင်ရွာ (အိမ်ခြေ ၁၂ )
(၆၂) ကျမ်းထောင်ရွာ (အိမ်ခြေ ၁၅ )
(၆၃) တန်းချောင်းရွာ (အိမ်ခြေ ၁၈ )
(၆၄) စံထွန်းဦးရွာ (အိမ်ခြေ ၂၀ )
(၆၅) အရှေ့ ခမောင်းဆိပ်ရွာ (အိမ်ခြေ ၃၅ )
(၆၆) အနောက်ခမောင်းဆိပ်ရွာ (အိမ်ခြေ ၂၅ )
(၆၇) သူလူတောင် အထက်ရွာ (အိမ်ခြေ ၅၀ )
၆၈) သံခုံရွာ (အိမ်ခြေ ၃၀ )
(၆၉) မဖြူမရွာ (အိမ်ခြေ ၄၀)
(၇၀) ကုံးတက်ရွာ (အိမ်ခြေ စာရင်းမရ )
(၇၁) ခင်ပြိုသားရွာ (အိမ်ခြေ ၆၀)
(၇၂)ရွှေငင်ချောင်းအထက်ရွာ(အိမ်ခြေ ၄၀ )
(၇၃) ငရန့်ချောင်းရွာ ၅၀ )
(၇၄)သစ်တုံးနားရွာ (အိမ်ခြေ ၆၀)
(၇၅) ပန်းရွှေအောင်ဖရွာ (အိမ်ခြေ ၂၀ )
(၇၆) ရွှေလှခိုင်ရွာ (အိမ်ခြေ ၂၀)
(၇၇) တမန်းသားရွာ (အိမ်ခြေ ၃၀)
(၇၈)ချဒိုးရီရွာ (အိမ်ခြေ ၁၅ )
(၇၉) သာအောင်ရွာ (အိမ်ခြေ ၃၀ )
(၈၀)လောင်းပတ်ရွာ (အိမ်ခြေ ၃၀)
(၈၁) ၀က်ကျိန်းရွာ (အိမ်ခြေ ၁၀၀ )
(၈၂)ကြက်ကျိန်းရွာ (အိမ်ခြေ ၄၀ )
(၈၃) ကျွဲသဘောက် အထက်ရွာ (အိမ်ခြေ ၄၅
)(၈၄) ကျွဲသဘောက် အောက်ရွာ (အိမ်ခြေ ၆၀ )
(၈၅) ကျောက်တန်းရွာ (အိမ်ခြေ ၅၀ )
(၈၆)စိမ့်တောပြင်ရွာ (အိမ်ခြေ ၄၀ )
(၈၇) ဂေါ်ဒူရ အထက်ရွာ (အိမ်ခြေ ၂၅ )
(၈၈) ဂေါ်ဒူရ အောက်ရွာ (အိမ်ခြေ ၆၅ )
(၈၉) ကျွန်းပေါက်ရွာ (အိမ်ခြေ ၃၅ )
(၉၀) တရိမ်းရွာ (အိမ်ခြေ ၁၅၀ )
(၉၁)တင်သာရရွာ (အိမ်ခြေ ၂၅ )
(၉၂)သဲချောင်းရွာ (အိမ်ခြေ ၆၅ )
(၉၃) ငှက်ပျော့ချောင်းရွာ (အိမ်ခြေ ၄၅ )
(၉၄)ငါးစံဘော်ရွာ (အိမ်ခြေ ၈၀ )
(၉၅) လက်ဖွဲကျရွာ (အိမ်ခြေ ၂၀)
(၉၆) ကျောက်ချောင်းရွာ (အိမ်ခြေ ၅၀ )
(၉၇)ရဲအောင်ချောင်းရွာ (အိမ်ခြေ ၇၀)
(၉၈) ရေနောက်ငါးသားရွာ (အိမ်ခြေ ၂၀ )
(၉၉) မီးကျောင်းချောင်းရွာ (အိမ်ခြေ ၁၅ )
ရွာပေါင်း ကိုးဆယ့်ကိုးရွာ ရှိ ရခိုင်ရွာများမှာ ကုလားယုတ်တို့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံကြရလေသည် ၊ ထိုထိုသော ရွာများမှ သက်ရှိဆို လျှင် ခွေးတစ်ကောင်တောင် အပြင်ကိုမထွက်ဘဲ သေပွဲဝင်ခဲ့ကြရသည်၊ ထိုအပြင် ရွာလုံးကျွတ် ကုလားသတ်ဖြတ်ခံရ၍ အိမ်ခြေအလိုက် စနစ်တကျ ကောက်ခံရှာဖွေ မရရှိသော ကျေးရွာများမှာလည်း အလွန်များပြား သည်ကိုတွေ့ရပါသည်၊

၎င်းကျေးရွာများမှာ
(1) ဘော်ဒုလာအောက်ရွာ
(2) ဒိုင်းပိုင်ရွာ
(3) ခိုင်ဦးဖရွာ
(4)သာသြအောင် ရွာသစ်
(5)တပ်ချောင်းချေ တီစားရွာ
(6) မိမင်းသာဖရွာ
(7) ရွှေဒိုင်ရွာ
(8)တောင်ပုတ်ရွာ
(9) လမုံ့ကိုင်းရွာ
(10)ဝေလာဂေါင်းတုံးရွာ
(11) သလူချောင်းရွာ
(12) ရဲဘော်ဦးရွာ
(13)သဲနီရွာ
(14)ကြောင်ခိုးရွာ
(15) ငါးရံချောင်းရွာ
(16)မီးချောင်းခုတ်ရွာ
(17)သစ်တုံးနားရွာ
(18)မှိုင်းစရီရွာ
(19)ဘဲရုပ်ရွာ
(20)ကျောက်ပြင်လှရွာ
(21)မောင်ဆိပ်ရွာ
(22)ဖက်ဝန်းချောင်းရွာ
(23)ဂါရာပြင်ရွာ
(24)၀က်ကျိန်းချေရွာ
(25)စံကားပင်ရင်းရွာ
(26)ငဖြူချောင်းရွာ
(27)နတ်ကျောက်ရွာ
(28)ပြိုင်ချောင်းရွာ
(29)ကြင်ဖေါ်ရွာ
(30)အောင်လှဖြူရွာ
(31)သင်္ဘောလှရွာ
(32)မီးတိုက်ရွာ
(33)နံသာတောင်ရွာ
(33) ကွမ်းတောင်ရွာ
(34)ဂေါ်ဒူရသဲချောင်းရွာ
(35)ဆင်အိုးရွာ (36) ကျောက်ချောင်းချေရွာ
(38)ဂန့်ဒရံရွာ
(39) ဂြစ်ချောင်းအောက်ရွာ
(40)သစ်သီးပင်အလယ်ပြင်ရွာ
(41)လောင်းဒုံစေတီပြင်ရွာ
(42)ဟန်စားမရွာ
(43) ငါးခူရချောင်းဝရွာ
(44)ကျာခေါင်းထောင်ရွာ
(45)မောင်လုံးဖရွာ
(46)ကြ က်ရိုးပြင်ရွာ
(47)ငန်းချောင်းရွာ
(48)ပွင့်ဖြူချောင်းရွာကြီး
(49)ပွင့်ဖြူချောင်းရွာချေ
(50)ချစ်စံဖရွာ
(51)နေပူခံရွာသစ်
(52)နေပူခံ ရွာဟောင်း
(53)မောင်နှမသဲချောင်းရွာ
(54) ချောင်းမြောက်ရွာ
(55)သလူချောင်းရွာ
(56) ရွာူသစ်ကေရွာ
(57)မင်္ဂလာကြီးကျေးရွာ
(58)ကျောက်လှေကားရွာ
(59)စပ်ချကုန်းရွာ
(60)သဲဖြူကျွန်းရွာ
(61)မင်းကျိုးချောင်းရွာ
(62)ရီဖုန်းပြင်ရွာ
(63)ခွဆုံပြင်ရွာ
(64)သစ်ပုတ်ချောင်းရွာ
(65)ကင်းချောင်းရွာ
(66)အတွင်းကင်းချောင်းရွာ
(67)ကံပြင်ရွာ
(68)ကျိးကန်းဖြူရွာ
(69) မှော်ဝင်ရွာ
(70)ဂြင်းချောင်းရွာ
(71)လင်းဘားကုန်းရွာ
(72)ဇော်မတက်ရွာ
(73) ငါးခူရ တောင်ရွာ
(74)ချီးစားရွာ
(75)အပေါက်ဝရွာ
(76)လာလီရွာ
(77)စိန်ပန်းရွာ
(78)တုံးချောင်းအထက်ရွာ
(79)တုံးချောင်းအောက်ရွာ
(80) ကာဒီရွာ
(81)အုန်ူးပင်ရင်းရွာ
(82)ဒိုးတန်းရွာ
(83)ကညင်တန်းရွာ
(84)အလယ်သံကျော် ရွာဟောင်း
(85)ကြန်ချောင်းရွာ
(86)သင်္ဂနက်ရွာ
(87) ကျောင်းတောင်ရွာ
(88)တပ်ထိုးပြင်ရွာ
(89)မြင်းလွတ်ချောင်းရွာ
(90)မြီချောင်းရွာ
(91)ရှောက်ကိုင်းရွာ
(92)ကျောက်ပန်းဒူရွာ
(93)ဗောဓိကိုင်းရွာ
(94)ရွှေမောင်ရွာ
(95)အတွင်းပြင်ရွာ
(96)ကြံတန်းချောင်းရွာ
(97) အင်းဒင်ကြီးရွာ
(98)အင်းဒင်ချေရွာ
(99)သ၀င်ချောင်းရွာ
(100)ကိုးတန်ကောက်ရွာချေ
(101)သျိန်ခါလီရွာ
(102)ဒုံးပိုက်ရွာ
(103)ဆင်ဝပ်ရွာ
(104) အောင်လှဖ ရွာ
(105) ဖေါက်ကျီချောင်းရွာ
(106)ပေါက်တောပြင်ရွာ
(107) ကုန်းတန်းရွာ
(108)ပဒင်းရွာ
(109) ရေတွင်းကျွန်းရွာ
(110)ချရားတန်းရွာ
(111)၀ါးချရွာ
(112)ညောင်ပင်ကြီးအထက်ရွာ
(113)ညောင်ပင်ကြီးအောက်ရွာ
(114) ဒါက်ရွာ
(115) လှပိုးခေါင်ရွာ
စုစုပေါင်း ရွာပေါင်း (115)ရွာတို့သည်အိမ်ခြေစာရင်းအတိအကျမရဘဲ ကုလားများသတ်ဖြတ်ခံရသော ရွာများဖြစ်ကြသည်။ ကုလားကို ယုံကြ ၊သနားကြ ၊ ကုလားဆိုင်က ၀ယ်စားကြ ၊ကုလားရောင်းသောပစ္စည်းကို ၀ယ်သုံးကြမည်ဆိုလျှင် ထိုထက်ဆိုးသော အဖြစ်သို့ ရောက်ရအုံးမည်ဟုယုံကြည်မိပါသည် ။

အဘယ်ကြောင့်ဆိုသော် အထက်ပါ(1942)အရေးအခင်းတွင်
ရခိုင်လူမျိုးများသာ အသတ်ခံရသည် ရခိုင်ပြည်ပျောက်မသွားသေးပါ ၊ကုလားများ ၄င်းအချိန်က စီးပွါးရေးအားမကောင်းသေးပါ နောင်ဖြစ်လာမည့် အရေးအခင်းရှိလာလျှင်ကုလားများသည်စီးပွါးရေးအားကောင်းလာပါက ရခိုင်ပြည်ပါ ပျောက်သွားနိုင်သည်။

ဒီအချက်လတ်များကို မောင်မောင်လွင်ဖေစစ့်ဘွတ်ကနေ့ရယူပါသည်။
 

.. www.MyanmarExpress.net

Read More


Byအေးမြတ်သူ



အငှားယဉ်ကို လုယူခဲ့သည့် အမျိုးသားကို တွေ့ရစဉ် (ဓာတ်ပုံ - FB/Soe July)


ရန်ကုန်မြို့အင်းလျားလမ်းတွင် အငှားယာဉ်ကို နေ့ခင်းကြောင်တောင် အကြမ်းဖက်လုယက်ခဲ့သူအား ဥပဒေရုံးက ပြစ်ဒဏ်ပိုကျခံနိုင်သည့် ပုဒ်မသို့ ပြောင်းလဲသတ်မှတ်ပေးခဲ့ကြောင်း ဗဟန်းမြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။


ပြီးခဲ့သည့် မေလ ၂၁ ရက် က ဗဟန်းမြို့နယ် ဓမ္မစေတီမီးပွိုင့် မှ အင်းလျားလမ်းအတိုင်းမောင်း နှင်လာသော အငှားယာဉ်တစ်စီး ကို အမျိုးသားတစ်ဦးက ယာဉ်ရှေ့ပိတ်ရပ်ပြီး ယာဉ်အတွင်းသို့ အတင်းဝင်ရောက်ကာ ယာဉ်မောင်းကို အကြမ်းဖက်ထိုးကြိတ်ပြီး ယာဉ်ကိုလုယူခဲ့ခြင်းဖြစ်သည်။

ယာဉ်ကို လုယက်ကာ မောင်း နှင်လာရာ တက္ကသိုလ်ရိပ်သာ လမ်းနှင့်အင်းလျားလမ်းမီးပွိုင့် လမ်းဆုံတွင် ယာဉ်သုံးစီးဆင့် တိုက်မိခဲ့ပြီး တာဝန်ကျယာဉ် ထိန်းရဲကိုပါ ၎င်းက လက်သီးဖြင့် ထိုး ကြိတ်သဖြင့် ဗဟန်းနှင့် ကမာ ရွတ်မြို့နယ် ရဲစခန်းတို့တွင် ခိုးမှု၊ တာဝန်ဝတ္တရားနှောင့်ယှက်မှုနှင့် ယာဉ်တိုက်မှုပုဒ်မသုံးခုဖြင့် အမှု ဖွင့်အရေးယူခဲ့သည်။

၎င်းကို တရားရုံးသို့ မတင် ပို့မီ အမှုဖြစ်စဉ်နှင့် ရဲစခန်းမှဖွင့်ဆို ထားသည့်အမှု ပုဒ်မကို ဥပဒေရုံး က ပြန်လည်စစ်ဆေးသည့်အခါ ၎င်းအမျိုးသားသည် သာမန်လု ယက်ခဲ့ခြင်းမဟုတ်ဘဲ ယာဉ်မောင်းကို နာကျင်စွာပြုလုပ်ခဲ့၍ ယခင်ပြစ်မှုပုဒ်မ ၃၈၂ အစား ၃၉၂ သို့ပြောင်းဖွင့်ရန် သတ်မှတ်ခဲ့ပြီး အနောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးတင်စစ်ဆေး လျက်ရှိသည်။

‘‘တရားစွဲလိုက်ပြီ။ ပြီးခဲ့တဲ့ အပတ်ထဲမှာပဲ။ ရက်တော့မမှတ် မိတော့ဘူး။ သူ့ကို စခန်းကဖွင့်တဲ့ ပုဒ်မကိုပြောင်းပြီး ဥပဒေရုံးက ပုဒ်မ ၃၉၂ နဲ့ ဖွင့်လိုက်တယ်။ သူက သာမန်လုယက်တာမဟုတ် ဘဲ နာကျင်အောင်လုပ်ခဲ့တဲ့ အတွက် ပြန်ပြီးပြင်ဆင်သတ်မှတ် ပေးခဲ့တယ်။ ပြစ်ဒဏ်ကတော့ ပိုကြီးသွားတာပေါ့။ အရင်ပုဒ်မနဲ့ ဆို ထောင် ၇၊ ၈ နှစ်လောက်ပဲ ကျမှာ။ အခုထောင် ၁၀ နှစ် လောက်အထိ ကျသွားနိုင်တယ်’’ ဟု ဗဟန်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၈၂ (ခိုး မှု) သည် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထိုသူအား အလုပ် ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် အထိ ချမှတ်နိုင်ပြီးငွေဒဏ်လည်း ချမှတ်နိုင်သည်။ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၉၂ (လုယက်မှု)သည်လည်း အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ် အထိ ချမှတ်နိုင်သည့်အပြင် နေဝင်၊ နေထွက်ကြား ပြည်သူများသွားလာရာလမ်းတွင် ကျူးလွန်ပါက ထောင်ဒဏ်ဆယ့်လေးနှစ်အထိ ချမှတ်နိုင်သည်ဟု သိရသည်။

Read More
Posted by Unknown on Tuesday, June 24, 2014


ညိုသဏ်း ၊ Flower News Journal အတွဲ (၁၀) အမှတ် (၂၄)

မောင်တော၊ ဇွန် ၂ဝ- ဘင်္ဂါလီများ ခိုးဝင်၊ ထွက်မှုများ ရှိ၊ မရှိ နှစ်စဉ်စစ်ဆေးနေသည့် မောင်တောနယ်စပ် လူဦးရေစာရင်းကို နယ် ခြားစောင့်ရဲနှင့် နိုင်ငံခြားသားများ မတရား ဝင်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့ (မကဖ)တို့က ဇွန် ၁ဝ ရက်တွင် မြို့ပေါ်ရပ် ကွက်များနှင့် ကျေးရွာများတွင် ကောက်ယူ မှုများ ပြုလုပ်နေကြောင်း သိရသည်။

မောင်တောနယ်စပ်ဒေသတွင် ၂ဝ၁၂ ခုနှစ် ဇွန် ၈ ရက် ဆူပူအကြမ်းဖက်မှု များဖြစ်ပွားပြီးနောက် ဘင်္ဂါလီဦးရေ သောင်း ချီကာ ထွက်ပြေးတိမ်းရှောင်နေကြပြီး ဒုချီး ရားတန်း ဘင်္ဂါလီကျေးရွာတွင် ရဲတပ်ကြပ် ကြီးအောင်ကျော်သိန်း အသတ်ခံရမှုနှင့် ပတ်သက်၍လည်း ပြစ်မှုကျူးလွန်သူများ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြောင်း သိရ သည်။ အဆိုပါ ပြစ်မှုကျူးလွန်သူများမှာ ဖြစ်စဉ်ဖြစ်ပွားမှု အချိန်ကြာမြင့်လာသည် နှင့်အမျှ ကျေးရွာများသို့ ပြန်လည်ဝင်ရောက် နေထိုင်မှုများရှိနေကြောင်း ဆိုသည်။

မောင်တောမြို့နယ်အတွင်း လူ ဦးရေစာရင်းကောက်ယူခြင်းကို တိုင်းရင်း သားနေအိမ်များနှင့် ဘင်္ဂါလီကျေးရွာများ တွင်ပါ တစ်အိမ်တက်ဆင်းကောက်ယူနေ သော်လည်း ဘင်္ဂါလီအများစုမှာ စာရင်း ကောက်ခံမှုကို ငြင်းဆန်ခြင်းများ ပြုလုပ်နေ ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

ယခင် နစက လက်ထက်ကာလ က လူဦးရေစစ်ဆေးရာတွင် နေအိမ်ရှိ လူ အရေအတွက်ကို အိမ်ထောင်စုနှင့် တိုက်ဆိုင် စစ်ဆေးကာ မှတ်တမ်းဓာတ်ပုံ ရိုက်ယူခြင်း နှင့် အိမ်ထောင်စုတွင် အမည်ရှိပြီး လူမရှိ သူများကို BD ပြေးအဖြစ် ကြေညာခြင်းများ ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 
http://www.oppositeyes.info 

Read More




လာမည့်ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြု (PR) စနစ်ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် ခြိမ်းခြောက်ခံနေရပါတယ်။

ဒေါ်ခင်ဝိုင်းကြည်ကို တယ်လီဖုန်းနဲ ဆက်သွယ်ခြိမ်းခြောက်တာ၊ လွှတ်တော်အတွင်းမှာ
စောင်းမြောင်း ပြောဆိုတာ၊ မီဒီယာတွေမှာလဲ သမိုင်းတရားခံအဖြစ် ရေးသားဖော်ပြမှုတွေ ကြုံတွေ့နေရတယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဇွန်လ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

NDF ပါတီဝင် တစ်ဦးဖြစ်တဲ့ ဒေါ်ခင်ဝိုင်းကြည်က ခြိမ်းခြောက်ခံနေရတဲ့အတွက် စိုးရိမ်တဲ့အကြောင်း အခုလို ရင်ဖွင့်လာပါတယ်။ “ဖုန်းကနေတစ်ဆင့် ကိုယ်ရေးကိုယ်တာတွေ မိသားစု အရေးကိစ္စတွေအထိ မေးမြန်းနှောက်ယှက်တာတွေ ကြုံရတယ်။ အန်တီက နေပြည်တော်မှာ ရှိနေပေမဲ့ ရန်ကုန်က မိသားစုကို စောင့်ကြည့်နေတဲ့ပုံစံမျိုးအထိ ဖြစ်လာတော့ နည်းနည်းတော့ စိုးရိမ်တာပေါ့”

PR စနစ် အဆိုတင်တဲ့ အချိန်က ပြည်နယ်တွေမှာ မကျင့်သုံးဘဲ တိုင်းဒေသကြီးတွေမှာပဲ ကျင့်သုံးဖို့ တင်ပြခဲ့ပေမယ့် တိုင်းရင်းသားပါတီ အများစုက ပြင်းပြင်းထန်ထန် ကန့်ကွက်နေတာ နားမလည်နိုင်ဘူးလို့ သူကဆိုပါတယ်။ထိုသို့ ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့သူတွေမှာ အင်အယ်ဒီပါတီဝင်တွေ ထိပ်ဆုံးကဖြစ်နေတယ်လို့ဆိုပါတယ်။ ညီနောင်တိုင်းရင်းသားများပါတီ ဖက်ဒရေးရှင်းအဖွဲ့ဝင် တိုင်းရင်းသားပါတီတွေက PR စနစ်ကို အပြင်းအထန် ကန့်ကွက်ထားပါတယ်။ တိုင်းရင်းသား ပြည်နယ်တချို့မှာတော့ ဆန္ဒပြကန့်ကွက်မယ်လို့ ကြေညာထားပါတယ်။ 

http://www.oppositeyes.info

Read More

မြန်မာနိုင်ငံတွင် ဝေဖန်မှုမြင့်မားနေသော ရိုမန်းဘောထ်တို့ရဲ့ကမ္ဘာ အပြာစာအုပ် ရေးသားသူ အောင်ရင်ငြိမ်းနှင့်အဖွဲ့က ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ကြောင်း၊ အောင်ရင်ငြိမ်းနှင့်အဖွဲ့မှာ NLD ပါတီထောက်ခံသူများ ဖြစ်ကြောင်း သတင်းရရှိသည်။

မကြာမီရက်ပိုင်းအတွင်းက စာအုပ်ဆိုင်များသို့ ရောက်ရှိလာခဲ့သော အဆိုပါ အပြာစာအုပ်၏ မျက်နှာဖုံးအပေါ်ဘက်တွင် NC18 ဟု ဖော်ပြထားပြီး ရှေးရိုးစွဲ ၀ါဒီများအတွက် မဟုတ် ဟု အဓိပ္ပါယ်ရရှိသော Not For Conservatives ဟု ဖော်ပြထားသည်။

အဆိုပါ စာအုပ်ကို အမှာစာရေးပေးကြသူများမှာ ကဗျာရေးသူ မင်းခက်ရဲနှင့် ဓီမိုကရေစီနှင့် လူ့အခွင့်အရေးအကြောင်း ရေးသားလေ့ရှိသူ မလေး တို့ဖြစ်ကြောင်း၊ အောင်ရင်ငြိမ်း၏ အပြာစာအုပ်မှာ လူ့အခွင့်အရေးရှုထောင့်အရ သင့်လျော်သည် ဟု ယင်းအမှာစာရေးပေးသူနှစ်ဦးစလုံးက ယူဆထားဖွယ်ရာ ရှိကြောင်း၊ အမှာစာရေးပေးသူ(၂)ဦးသာမက အောင်ရင်ငြိမ်းနှင့်အဖွဲ့မှာ NLD ပါတီထောက်ခံကြသူများ ဖြစ်ကြောင်း သိရှိရသည်။

ကာယကံရှင် အောင်ရင်ငြိမ်းက “တစ်ခွန်းတည်း ပြောမယ်။ ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာဟာ အပြာစာအုပ် မဟုတ်ဘူး။ နောက်တစ်ခွန်း ထပ်ပြောမယ်။ ရိုမန်းဘော့ထ်ဟာ ခင်ဗျားတို့ လူ့အဖွဲ့အစည်းအဟောင်းကြီးကို လူသားသစ် အဖွဲ့အစည်းဖြစ်အောင် လုပ်ကြဖို့ အသိအမြင်နဲ့ အနုပညာ အသေခံဗုံးခွဲခြင်း” ဟူ၍ ယင်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇွန်လ ၂၃ ရက်နေ့က ရေးသားဖော်ပြသည်။

ကဗျာဆရာဝေမှူးသွင်ကလည်း “ဟေ့ အောင်ရင်ငြိမ်း.. ငါကမင်းကို တစ်ချိန်ချိန် စာပေလွတ်လပ်ခွင့် ရလာရင် ဦးနုတို့၊ သိန်းဖေမြင့်တို့ လိုရေးဖို့ ပြောတာကို မင်းက အခု ရတနာဝင်းထိန်လို ရေးလိုက်တာကိုးကွ” ဟု ဆုံးမစကားပြောကြားသည်။

ကဗျာဆရာ မိုးဦးကမူ “အောင်ရင်ငြိမ်း ကို ကန့်ကွက်စရာ မလိုပါဘူး.. တရားစွဲ စရာ မလိုပါဘူး။ ခင်ဗျားတို့ မျက်လုံးတွေ နဲ့ သူ့စာတွေ မဖတ်ရင် ပြီးတာဘဲ။
ဒို့တာဝန် အရေးသုံးပါးတွေ တောင် ရစ်ပြီးကျော်ခဲ့တာ။ ဘယ့်နှယ် .. ဖွင့်ပြီး ဖတ်ရမဲ့ စာအုပ် ကိစ္စကျ မှ ကမ္ဘာလာပျက်နေတယ်.။ လေတယ်ဗျာ” ဟု ပြောကြားသည်။ ထို့အပြင် ယင်းက “ခင်ဗျားတို့တွေ လဲ ခု စာအုပ် ကို မီးရှို့ ရုံ မကလို့ တရားစွဲစွဲ ဗျာ။ မကျေနပ်ရင် ထောင်ချလိုက် အဲ့ ရေးသူ ကို.။ ဒါပေမဲ့ ခင်ဗျားတို့ တွေ လဲ အဲ့ လို လိင် ကိစ္စ တွေ လုပ်ခဲ့ မယ် ဆိုရင်. ခင်ဗျားတို့.........................ီး ကိုခင်ဗျားတို့ ဖြတ်လိုက်ဗျာ။ ဆောရီးဘဲ ..
ရိုင်းသွားရင်” ဟု ပြင်းပြင်းထန်ထန် ပြောကြားသည်။

စာရေးသူ အောင်ရင်ငြိမ်းကလည်း “အပြာစာသားတွေက မညစ်ညမ်းပါဘူး။ လိင်ကိစ္စဟာ ညစ်ညမ်းတယ်လို့ တရားသေ သတ်မှတ်စွဲလမ်းနေတဲ့ ရှေးရိုးစွဲဝါဒီတွေရဲ့ အသိအမြင်တွေကမှ ဟောင်းနွမ်းစုတ်ပြတ် ညစ်ညမ်းနေတာပါ” ဟု တုံ့ပြန်လိုက်သည်။

ထို့အပြင် ၄င်းက “ကျွန်တော် မိန်းမတွေနဲ့ လိင်ဆက်ဆံတဲ့ ဇာတ်ဝင်ခန်းတွေကိုပဲ ဝေဖန်နေကြတာ ခင်ဗျားတို့ မသိစိတ်မှာ အပြာရောင်တွေ လွှမ်းမိုးနေလို့လား။ ကျွန်တော့်ရဲ့ တရားဥပဒေနဲ့ ဆိုင်တဲ့အမြင်တွေ လိင်လွတ်လပ်ခွင့်အမြင်တွေကို ဆွေးနွေးဖို့ ပျက်ကွက်နေကြတာ ခင်ဗျားတို့ ဥာဏ်မမီလို့လား။ ရှေးရိုးစွဲ အသိအမြင်ချိုးဖောက်မှုတွေကို မမြင်ချင်ဟန်ဆောင်နေကြတာ မျက်ကန်းကွန်ဆာဗေးတစ်တွေ မို့လို့လား” ဟုလည်း ဆိုသည်။

ပြည်ထောင်စုလွှတ်တော်နာယက၏ မိသားစုဝင်များ ထုတ်ဝေနေသည် ဟု သိရှိကြသော The Street View ဂျာနယ်မှ သတင်းထောက် မှူးသစ်ကလည်း “ကိုအောင်ရင်ငြိမ်းစာအုပ်ထွက်လာမှပဲ မြန်မာ့လူ့အဖွဲ့အစည်းကြီးရဲ့ သောက်တလွဲ ပိတ်မိနေတဲ့ အတွေးအခေါ်တွေကို ပိုပြီး သိသိသာသာ မြင်မိတော့တယ်။
သောက်သုံးမကျတဲ့ကောင်တွေဟာ အပေါစား အပျော်ဖတ် လုံးခြင်းဝတ္တုတွေထဲက လူတွေရဲ့ အတွေးအခေါ်တွေကို အဆိပ်မိစေတာတွေ၊ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ကို သောက်သုံးမကျတဲ့ အလေ့အကျင့်တွေ ဖြစ်ပေါ်စေတာတွေ၊ အတွေးအခေါ်တွေ တန်းဖိုးစံနူန်း လွဲချော်စေတာတွေ အဲ့ဒါတွေကို ဘယ်သူမှ အရေးတယူမပြောကြဘူး။ ဒီစာအုပ်ကြမှ လိုချင်ရာဆွဲကြည့်ပြီး ကွက်ဖတ် ကွက်ပြောနဲ့ အာရုံပဲ” ဟု တုံ့ပြန်လိုက်သည်။

ထို့အပြင် ပြည်ထောင်စုလွှတ်တော်နာယက၏ မိသားစုဝင်များ ထုတ်ဝေနေသည် ဟု သိရှိကြသော The Street View ဂျာနယ်မှ သတင်းထောက် မှူးသစ်က “ဒီစာအုပ်ကောင်းကြောင်းပြောမိရင်ပဲ ကိုယ့်ကိုယ်ကိုယ် စ်ညမ်းသူကြီးဖြစ် သွားတော့ မလိုလို၊ ဒီစာအုပ်ကို မကောင်းပြောမှ လူ့သန့်ရှင်းကြီးဖြစ်သွားတော့ မလိုလို သောက်တလွဲတွေပဲ။ သေချာတာကတော့ ဒီစာအုပ်ကို ဝေဖန်သူအများစုဟာ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းဆိုတဲ့ တန်ဖိုးစံနူန်းကို သေချာနားမလည်ကြဘူး အတွေးအခေါ်တွေရဲ့ လွတ်လပ်မှုတန်းဖိုးကို သေချာနားမလည်ကြဘူး
လူသားရဲ့ တစ်ယောက်ရဲ့ ဖြစ်တည်မှု တန်းဖိုးစံနူန်းကို သေချာနားမလည်ကြဘူး။ ပိတ်မိနေတဲ့ အသိစိတ်ဘောင်ထဲကနေ ဝေဖန်ရင်တော့ မှားမှာပဲ။ ဒီစာအုပ်ထဲမှာ ကြိုက်တာရှိသလို မကြိုက်တာလည်းရှိတယ်။ ဒါပေမယ့် ဒါကို အဆိပ်အတောက် တစ်ခုကို အော်ဂလီဆန်ချင်စရာကောင်းတဲ့ အရာတစ်ခုလို ဝေဖန်နေတာက ပိတ်မိနေတဲ့ အတွေးအခေါ်နဲ့ ကိုယ့်ကိုယ်ကိုယ် လိမ်နေကြတာပဲ” ဟုလည်း ဝေဖန်သည်။

စည်သူအောင်မြင့်မှာသတင်းစာသမားဆောင်းပါးရှင်သာ ဖြစ်ကြောင်း၊ စာပေအနုပညာသမား မဟုတ်ကြောင်း၊ စည်သူအောင်မြင့်က ၄င်းနှင့်မမီသော အရာကို လှမ်းကိုင်ခြင်းဖြစ်ကြောင်း၊ အလွဲကြီးလွဲသွားကြောင်း မှူးသစ်က ဆိုသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာများ ဘာသာပြန်ဆိုနေသူ၊ NLD ပါတီ ထောက်ခံသူ ကဗျာရေးသူ မင်းခက်ရဲကလည်း “ရိုမန်ဘော့တ် ဝေဖန်ချက်နှင့် ပတ်သတ်၍ အောင်ရင်ငြိမ်း ၀တ္ထု အမှာစာ ရေးစဉ်ကတည်းက ဒီဝတ္ထုဟာ အတော်ကလေးဝေဖန်ခံရမယ့် ၀တ္ထု ဆိုတာ ကျွန်တော်သိနေခဲ့တယ်။ အကြောင်းက အောင်ရင်ငြိမ်းဝတ္ထုဟာ မြန်မာလူ့အဖွဲ့အစည်းအတွင်း လွှမ်းမိုးကြီးစိုးဆဲ တန်ဖိုးစံ တွေနဲ့ ဆန့်ကျင်ကွဲလွဲနေလို့ပဲ ။ ထင်တဲ့ အတိုင်းပဲ ။ ဝေဖန်သံတွေ စထွက်လာခဲ့ပြီ ။ဒါပေမယ့် ကျွန်တော် မျှော်လင့်ထား သလို ဝေဖန်ရေးမျိုးတော့ မဟုတ်ဘူး။ တကယ့်ကို ခပ်ညံ့ညံ့ဝေဖန်ရေးမျိုးပဲ။ အကြောင်းက ဝေဖန်သူဟာ ၀တ္ထုရဲ့ အခြမ်းတစ်ခြမ်းမှာ (အောင်ရင်ငြိမ်း သိသလောက် ) ထည့်ဝင်ထားတဲ့အိုရှိုး၊ ဖူးကိုး ၊ ဘာထရန်ရပ်ဆဲ တို့ရဲ့ အရေးအသားတွေကို မဖော်ပြတော့ဘဲ လိင်ဆက်ဆံမှုအခန်းတွေကို သာတစ်ဖက်သက်ဖော်ပြသွားတာကိုတွေ့ရတယ်။ ဒါဟာ မျှတတဲ့ ဝေဖန်ရေးတစ်ရပ်မဟုတ်လှဘူး” ဟု ဝေဖန်သူများကို တုံ့ပြန်လိုက်သည်။

၎င်းအပြင် “အခုလိုကျွန်တော်ရေးနေရတာက အောင်ရင်ငြိမ်း ၀တ္ထုကို ကောင်းမွန်တဲ့ ၀တ္ထုကောင်းတစ်ပုဒ်ပါ ၊ အတွေးအခေါ်တွေကို အဆင့်တန်းမြင့်မြင့်ဖော်ပြထားတာပါ လို့ ခုခံကာကွယ်ပေးနေတာ မဟုတ်ဘူး။ ဝေဖန်သူတွေရဲ့ မပြည့်ဝမှုကို ဖော်ပြချင် တာသက်သက်ပဲ။ ဒီနေရာမှာ အဲဒီလို ဝေဖန်သူတွေ ကို ကျွန်တော်တစ်ခုပြောချင်တာက ခင်ဗျားတို့ဟာ ကျွန်တော်အတွက်တော့ ဘာမျှ စိတ်ဝင်စားစရာ မကောင်းတဲ့ လူတွေဆိုတာပါပဲ ။ ခင်ဗျားတို့ဟာကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲမှာ ကလေးတောင်သိထားတဲ့ အမြင်တွေကိုင်ပြီး လူ့အဖွဲ့အစည်းနဲ့ ဆန့်ကျင်ကွဲလွဲနေတဲ့ အရေးအသားတစ်ရပ်ကို ဝေဖန်နေတာလောက်ပဲ ရှိတာ။ တစ်ချို့အရေးအသားတွေဟာ မညစ်ညမ်းဘူးမဟုတ်ဘူး ညစ်ညမ်းတယ်။ ဒါပေမယ့် ဒီစာအုပ်က အပြာစာအုပ်မဟုတ်ဘူး။ တစ်ဖက်မှာသူ့ရဲ့ သူတတ်နိုင်သလောက်အားထုတ်ကြိုးပမ်းထားတဲ့ အိုရှိုး၊ ဘာထရန်ရပ်ဆဲလ်တို့ရဲ့ အတွေးအခေါ်ကလေးတွေကလည်း အတော်အတန်ပါတယ်။ ဒါဟာ ညစ်ညမ်းစာအုပ် ဆိုတာနဲ့ အဓိကကွဲလွဲရတဲ့အချက်ပဲ။ ညစ်ညမ်းတဲ့ အရေးအသားပိုင်းတိုင်း ညစ်ညမ်းစာအုပ်မဟုတ်ဘူးဆိုတာလောက်တော့ ဝေဖန်သူတွေ သိသင့်တယ်။ ဒီတော့ ခင်ဗျားတို့က ဒီဝတ္ထုဟာ ဘယ်လို အောင်တန်းနောက်တန်းကျတယ်လို့ ကပ်ကပ်လန်ရန်တွေ့နေကြပေမယ့် ကျွန်တော်အတွက်တော့ ဖြင့် ခင်ဗျားတို့ဟာ ကျွန်တော်တို့အားလုံးသိပြီးသားအတွေးအခေါ်တွေကိုင်ပြီး ပါဝါအားသာချက်ရှိတယ်ဆိုတာသိသိကြီးနဲ့ လူအထင်ကြီးအောင်မဏ္ဍိုင်တိုင်တတ်ပြနေတာထက်မပိုဘူး ။ ဒါကြောင့် ခင်ဗျားတို့ရဲ့အမြင်တွေထဲမှာ ကျွန်တော်လေ့ လာစရာလည်းဘာမျှမရှိတာ မဆန်းလှဘူး။ တကယ်လို့ ခင်ဗျားတို့ ပြောသလို အောင်ရင်ငြိမ်းရဲ့ ၀တ္ထုဟာ အောက်တန်းကျတယ်၊ အော့နှလုံးနာစရာကောင်းတယ် ဆိုရင်တောင်မှ အဲဒီလို အောက်တန်းကျတယ်ဆိုတဲ့ အရေးအသား ဟာ ခင်ဗျားတို့ ဝေဖန်နေတဲ့ စကားတွေထက်တော့ အများကြီးလေ့လာ စူးစမ်းချင်စရာကောင်း တယ်ဆိုတာ တော့ သိထားကြဖို့ လိုလိမ့်မယ်” ဟု ဝေဖန်သူများကို ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်သည်။

ယင်းအပြာစာအုပ် ထုတ်ဝေခြင်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန အရေးယူပေးရန်လည်း တောင်းဆိုမှုများ ရှိနေကြောင်း သိရသည်။ အပြာစာအုပ် ရေးသားသူ အောင်ရင်ငြိမ်း၏ လူမှုကွန်ရက်စာမျက်နှာမှာ https://www.facebook.com/aungyin.nyein?ref=pymk&fref=pymk ဖြစ်ကြောင်း သိရှိရသည်

Read More


အီရတ်မြောက်ပိုင်းနှင့် အနောက်ပိုင်း ဒေသ
များရှိ မြို့ရွာများကို သိမ်းပိုက်ထားသည့် ISIS
စစ်သွေးကြွများသည် အာဏာရှင်ဟောင်း
ဆက်ဒမ်ဟူစိန်အား သေဒဏ်ချမှတ်ခဲ့သည့်
တရားသူကြီး တစ်ဦးကို လက်စားချေ


သုတ်သင်လိုက်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

ရာအော့ဖ် အက်ဘ်ဒူလ်ရာဟ်မန်သည် (၂၀၀၆)ခုနှစ်က ဟူစိန်အား ကြိုးဆွဲချ ကွပ်မျက်ရန် အမိန့်ချမှတ်ခဲ့သည့် တရားသူကြီး ဖြစ်သည်။ ISISတို့သည် ဇွန်လလယ်က ရာဟ်မန်အား ဖမ်းဆီးရမိခဲ့ပြီး ဟူစိန်အတွက် လက်စားချေသည့် အနေဖြင့် ကွပ်မျက်ခဲ့ခြင်းဟု သိရသည်။

ဂျော်ဒန် လွှတ်တော်အမတ် ခါလီ အက်တီယာနှင့် ISIS ဆွန်နီ မွတ်ဆလင် စစ်သွေးကြွတို့၏ Facebook စာမျက်နှာများပေါ်တွင် စတင်ဖော်ပြခဲ့သော သတင်းကို အီရတ်အစိုးရက အတည်မပြုခဲ့ချေ။ သို့သော်လည်း အီရတ်၏ နာမည်ကျော် တရားသူကြီး တစ်ဦးဖြစ်သော ရာဟ်မန်ကို ISISက သေဒဏ်စီရင်လိုက်ပြီ ဆိုခြင်းကိုလည်း အစိုးရက မငြင်းဆန်ခဲ့ချေ။ ကလေး(၃)ဦး၏ ဖခင်ဖြစ်သော ရာဟ်မန်သည် ဇွန်လ(၁၆)ရက်နေ့က အဖမ်းခံရပြီး (၂)ရက်အကြာတွင် သေဒဏ်စီရင်ခံရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ဂျော်ဒန်အမတ် အက်တီယာက ဘဂ္ဂဒက်၏ အခြေအနေ မငြိမ်သက်တော့သည့်နောက် ရာဟ်မန်သည် ကချေသည် တစ်ဦးအသွင် ရုပ်ဖျက်ဝတ်ဆင်ကာ ထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း စစ်သွေးကြွတို့လက်ထဲသို့ တည့်တည့်မတ်မတ် ကျရောက်ခဲ့ခြင်းဟုလည်း Facebook တွင် ရေးသားခဲ့သည်။

ရာဟ်မန်သည် (၁၉၈၈)ခုနှစ်က ဟူစိန်၏ စစ်တပ်က အဆိပ်ဓာတ်ငွေ့များဖြင့် တိုက်ခိုက်မှုကို ခံခဲ့ရသည့် ဟာလက်ဘ်ဂျာ ဒေသတွင် မွေးဖွားခဲ့သူဖြစ်ပြီး ဟူစိန်ကို သေဒဏ်စီရင်ရာ၌ ၎င်းသည် နာကျည်းမှု ခံစားချက်ကို ဘက်လိုက်ပြီး ပြင်းထန်စွာ ဆုံးဖြတ်ခဲ့ကြောင်း ဝေဖန်မှုများ ကြုံခဲ့ရသည်။

_Ref: Dailymail
7Day News Daily

Read More

 ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သည် ရခိုင်ပြည်
သူတို့ရွှေးချယ် ထားသော ရခိုင်တိုင်းရင်းသား
 လွှတ်တော်ကိုယ်စားလှယ် တစ်ဦး
သာဖြစ်ရမည် ဟု ရခိုင်အမျိုးသားပါတီက


ဇွန် ၂၃ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ယင်းကြေညာချက်တွင် အသစ်ခန့်အပ် တာဝန်ပေးမည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်တိုင်းရင်းသား တစ်ဦး ဖြစ်ရမည်။ အသစ်ခန့်အပ် တာဝန်ပေးမည့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သည် ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှသာလျှင် ဖြစ်ရမည်ဟု ပါရှိသည်။

“ရခိုင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ ရှိပါတယ်။ ပြည်နယ်တစ်ခုရဲ့ ၀န်ကြီးချုပ်က အဲဒီပြည်နယ်က တိုင်းရင်းသားတွေပဲ ဖြစ်သင့်တယ်” ဟု ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က မဇ္ဈိမကိုပြေသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်သည် ဇွန်လ ၁၉ရက်က ရာထူးမှ နုတ်ထွက်သွားပြီးနောက် ၀န်ကြီးချုပ် အသစ်ခန့်အပ်နိုင်ရေးအတွက်
ပြည်နယ်လွှတ်တော်အစည်းအဝေးကို ဇွန် ၂၅ ရက်တွင် ခေါ်ယူမည် ဖြစ်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မည့် ပုဂ္ဂိုလ်မှာ နယ်စပ်ရေးရာ
ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း ဟု အကြိုခန့်မှန်းသတင်းများ ထွက်ပေါ်လျက်ရှိသည်။

ပုံစာ - နယ်စပ်ရေးရာဒုတိယဝန်ကြီး (စစ်တွေ ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ) ဗိုလ်ချုပ်မောင်မောင်အုန်း က စစ်တွေ ပဋိပက္ခ စုံစမ်းစစ်ဆေးရရှိမှုများနှင့်ပတ်သက်၍ ၂၀၁၄ခုနှစ် ဧပြီလ ၉ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရွှေလီလမ်း မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ရှင်းလင်းပြောကြားနေစဉ်။

(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
Mizzima News Daily

Read More

မြန်မာနိုင်ငံမှာ အလုပ်အကိုင်တွေ ရှား
ပါးတော့ မြန်မာ အမျိုးကောင်းသမီးလေးတွေ
အများစုဟာ ပြည်ပ နိုင်ငံတွေမှာ အလုပ်
အကိုင်တွေ ထွက်၍ လုပ်ကိုင်နေကြရပါတယ်
 ။ဒီလို ပြည်ပ ထွက်ပြီ အလုပ်လုပ်နေကြတဲ့

မြန်မာ့ အမျိုးသမီးတချို့ဟာ ရင်နာစရာအဖြစ်တွေနဲ့ ကြုံကြိုက်ခဲ့တာတွေကိုလဲ အားလုံးသိပါတယ်။


အခု ဖြစ်ရပ်ကလဲ ပြည်ပနိုင်ငံမှာ အလုပ်သွားလုပ်တဲ့ မြန်မာ အမျိုးသမီးတစ်ဦးရဲ့ ရင်နာစရာဖြစ်ရပ်ပါ ဒီသတင်းကို အများသိဖို့ လိုအပ်လို့ ဒီနေရာ ထပ်ပြီတောင်းဆိုပါရစေ ..အများသိအောင် SHARE ပေးကြပါ။
ဂျော်ဒန်နိုင်ငံဆိုတာ မွတ်စလင်နိုင်ငံဖြစ်ပါတယ်။

အခု ဖြစ်ရပ်က ၁၈ ...၆ နေ့က ဖြစ်တာပါ ။ဖြစ်ပုံက အဲ့နေမှာ အရေးတကြီး ပိုက်ဆံလိုအပ်မှုကြောင့် အလုပ်မှ အဆောင်ကို အဌားကားစီးပြီပြန်သွားပါတယ်။ အဲ့လို အဌားကားစီးပြီ ပြန်အသွားမှာ အဌားကား သမားက ရောက်အောင်လိုက်မပို့ပဲ နောက်ထပ် လူတစ်ယောက်ဆီကို လွဲခဲ့တယ်လို သိပါတယ်။
မလည်မ၀ယ် ရိုးအ တဲ့ မြန်မာအမျိုးသမီးကို jordan နိုင်ငံသား အလွဲခံခဲ့ရတဲ့ လူယုတ်မာမှ ဆိုင်ကယ်ဖြင့် တက်ဆောင်သွားပြီ အဓမ္မအကြိမ်ကြိမ် ပြုကျင့်ခဲ့ပါတယ်။

ပြုကျင့်ပြီ လူယုတ်မာက မြန်မာအမျိုးသမီးကို ထားပစ်ခဲ့ပြီထွက်သွားပါတယ်။မြန်မာအမျိုးသမီးဟာ စုတ်ပြတ်ပေရေပြီ အလုပ်ရှိရာ အားယူလာခဲ့ပါတယ်။

အဲ့ဒီ အလုပ်မှာ ရှိတဲ့ မြန်မာတွေ ချက်ချင်း မသိကြပါဘူးနောက် တစ်ယောက်စ ပြောရင် အကုန်သိကုန်ပါတယ်။ဘယ်လို လုပ်ကြမယ်ဆိုတာကို မြန်မာ အများစုက မသိပါဘူး အဲ့ဒီ နိုင်ငံမှာ မြန်မာတွေ အတွက်ကာကွယ်ပေးမယ့် ဘာအဖွဲ့ အစည်းမှ မရှိပါဘူး။

မြန်မာ အလုပ်သမားတွေအုပ်ချုပ်တဲ့သူက မြန်မာနိုင်ငံသူရှမ်းတရုတ်မ တစ်ယောက်ဖြစ်ပါတယ်။
မြန်မာနိုင်ငံ တောမြို့တွေက အလုပ်သမားတွေကို ခေါ်ယူပေးပြီ စီးပွားရှာနေတဲ့ သူပါ။

အဓမ္မအပြုကျင့်ခံရတော့ မြန်မာအလုပ်သမားအရေးကိုဆောင်ရွှက်ပေးနေတဲ့ စေတနာရှင်ဂျော်ဒန်နိုင်ငံသူ ရှေ့နေမ တစ်ယောက်မှ အမှုဖွင့်ဖို့ပြောပါတယ်။ အဲ့ဒါကို ဘာအကြောင်းမှ မပြန်သေးပဲ မြန်မာတွေအုပ်ချုပ်တဲ့ ရှမ်းတရုတ်မ နဲ့ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီး နှစ်ယောက်ထဲတွေ့ဆုံစကားပြောပါတယ် ။

 ပြောပြီတော့ဂျော်ဒန်နိုင်ငံသူရှေ့နေကို အကြောင်းပြန်ပါတယ် ဘာအမှုမှ မဖွင့်တော့ဘူးဆိုပြီ ပြောလိုက်ကြပါတယ် ..နိုင်ငံသူရှေ့နေမက အရမ်းစိတ်ဆိုးပြီ နင့်တို့ မြန်မာတွေ လူလိမ်တွေ နောက်ကို နင့်တို့ကို ဘာမှကူညီမပေးဘူးဆိုပြောသွားတယ်လို့ ပြောပါတယ်။

နောက်မှ သိရတာက ရှမ်းတရုတ်မက အပြုကျင့်ခံရတဲ့အမျိုးသမီးကို ...နင့် ဒီမှာဆက်လုပ်ချင်ရင် ငါ့စကား နားထောင် နားမထောင်ရင် နင့်ကို ပြန်ပို့မယ်ဆိုပြီ ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။


အဲ့လို သိရတော့ မြန်မာ တွေက မခံနိုင်တော့ပဲ ဆန္ဒပြပြီအရေးဆိုဖို့ လုပ်ကြပါတယ်။ အဲ့ဒါကို သိသွားတဲ့ ရှမ်းတရုတ်မက အပြုကျင့်ခံရတဲ့ အမျိုးသမီးဆီထပ်သွားပြီဘာတွေပြောလိုက်တယ်မသိဘူး အပြုကျင့်ခံရတဲ့ အမျိုးသမီးဟာ ချက်ချင်းပြန်မယ်ဆိုပြီဖြစ်သွားပါတယ်။

ဘာတွေ ခြိမ်းခြောက်ပြောဆိုလိုက်တယ်ဆိုတာကို အားလုံး ၀ိုင်မေးသော်လည် အမျိုးသမီးက လုံးဝ မပြောပြပါဘူး။

အဲ့ဒါကြောင့် ယခုလ (၁၈) ရက်နေ့မှာ ဖြစ်ပြီ ၁၉ ရက်နေ့ည ၉ နာရီမှာ အမျိုးသမီးကို ချက်ချင်းပြန်ပို့လိုက်ပါတယ်။

ဘာအရေးယူမှုမှ မလုပ်ပေး ဘာကာကွယ်မှုမှမရပဲ မြန်မာပြည်ကို ပြန်သွားရပါတယ်။
အရမ်းရင်နာစရာကောင်းပါတယ်။

အလာတူ ဖြစ်ရပ်မျိုးကို မကြာသေခင်ကလဲ ဖြစ်ခဲ့ပါတယ်ဘာအရေးယူမှုမှ မလုပ် ပဲ ပြန်ပို့ခဲ့ပါတယ်။
အဲ့ဒီလို ဘာအရေးယူမှုမှ မလုပ်ပေးတဲ့ အတွက် လူယုတ်မာတွေဟာ မြန်မာအမျိုးသမီးတွေကို ရဲရဲတင်းတင်း စော်ကားမှုတွေပြု လာနိုင်ပါတယ်။


ဖြစ်တဲ့ စက်ရုံရဲ့ လိပ်စာနဲ့ အတူ မြန်မာတွေပေါ့ ရက်စက်တဲ့ ရှမ်းတရုတ်မပုံရော အပြုကျင့်ခံရတဲ့ အမျိုးသမီးပုံပါ တင်ပေးလိုက်ပါတယ်...။

ဒီအကြောင်းကို သက်ဆိုင်ရာကိုရော မြန်မာနိုင်ငံသားတွေကိုပါ သိစေချင်ပါတယ်
ဒါကြောင့် ရှယ်ပေးကြပါ ခင်ဗျ။။

မိုးသက်အောင် မေးဖြင့် ပို့  ပေးပါသည်။


CENTURY MIRACLE LTD
JORDAN. P.O HOX 5
RAMTHA 21468
AL-HASSAN INDUSTRIAL
ESTATE
RANTHA - JORDAN.. .......

စိုးပြည့်မှူး

Read More

အီရတ်နှင့် ဆီးရီးယားတို့တွင် လတ်တလော
 အပြင်းအထန် သူပုန်ထနေသော စွန်နီ
ဘာသာရေးအစွန်းရောက်အုပ်စု ISIS က
မိသားစုများအား သမီးဆက်သရန်
 တောင်းဆိုကြောင်း The Daily Mirror
မှ ဖော်ပြသည်။



၎င်းတို့ဆင်နွှဲနေသော ဘာသာရေးစစ်ပွဲတွင် အမျိုးသမီးများလည်း မဖြစ်မနေပါဝင်ရမည်ဖြစ်ပြီး စစ်သွေးကြွတို့နှင့် လိင်ဆက်ဆံခြင်းဖြင့် ၀ိညာဉ်အား သန့်စင်ကြရန် တောင်းဆိုထားသည်။

အစွန်းရောက်တို့ သိမ်းပိုက်ထားသည့် မိုစူးလ်နှင့် တိကရစ်မြို့များတွင် တွေ့ရသော လက်ကမ်းစာစောင်များ၌ ဘုရာသခင်၏အလိုတော်ကို ချိုးဖောက်သူများ ရိုတ်နှက်နှိပ်စက်ခြင်း၊ သတ်ပစ်ခြင်း ခံရမည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။

ဆော်ဒီနိုင်ငံမှ ဘာသာရေးခေါင်းဆောင်တဦး ပေးထားသော အစ္စလာမ်ဘာသာရေးဆိုင်ရာ စည်းမျည်းစီရင်ထုံး(fatwa) တခုအရ ISIS စစ်သွေးကြွများအား ဆီးရီးယားအမျိုးသမီးများအပေါ် အဓမပြုကျင့်ခွင့်ပေးထားသည်။

“ဒါဟာ အစ္စလာမ်ဘာသာရဲ့အဆုံးအမတွေအားလုံးနဲ့ ဆန့်ကျင်ဖီလာဖြစ်ပါတယ်၊ သူတို့(စစ်သွေးကြွများ)က မိန်းမတွေအပေါ် ဒီလိုမဒိန်းပြုကျင့်တာကို လိင်ဂျီဟတ်တမျိုးလို့ ထင်နေတယ်၊ အဟုတ်ပါဘူး။ ဒါဟာ စစ်ရာဇ၀တ်မှုပါ” လို့ ဘဂ္ဂဒက်တက္ကသိုလ်မှ လက်ချာဆရာ နာဆာကတ်တောက ပြောသည်။

Ref ; TNP
News Watch

Read More

တနိုင်းချောင်းအတွင်း စက်လှေမတော်
တဆတိမ်း မှောက်မှုကြောင့် လှေတွင်
လိုက်ပါလာသည့် နာဂအမျိုးသားဆိုရှယ်
လစ်ကောင်စီ (ငြိမ်းချမ်းရေး) အဖွဲ့မှ အရာ
ရှိအဆင့်နှစ်ဦး ပျောက်ဆုံးနေကြောင်း


ခန္တီးမြို့နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ ပြန်ကြားဆက်ဆံရေးရုံးမှ  သတင်းရရှိသည်။

ဇွန်လ ၂၀ ရက်က နန်းယွန်း မြိ့နယ်ပိုင် တကားကျေးရွာ၊ တကားချောင်းမှ တနိုင်းချောင်းသို့ ဆန်တက်လာစဉ် တကားချောင်း နှင့် တနိုင်းချောင်းဆုံအရောက် တွင် လှိုင်းရိုက်ခတ်မှုကြောင့် စက်လှေတိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။

‘‘စက်လှေသမားအပါအဝင် ဝန်ထမ်းက ခြောက်ယောက်ပါ သွားတာ။ ငါးယောက်က အသက် ပြန်ရှင်တယ်။  နှစ်ယောက်က တော့ ပျောက်နေတယ်လို့ သတင်းရထားတယ်။  အခုအချိန်ထိ ပြန်မတွေ့သေးဘူး’’ဟု  ပြန်ကြားဆက်ဆံရေးရုံးမှ တာဝန်ခံတစ်ဦးက ပြောသည်။

  စက်လှေတိမ်းမှောက်မှု ကြောင့် နာဂအမျိုးသားဆိုရှယ် လစ်ကောင်စီ  (ငြိမ်းချမ်းရေး) အဖွဲ့မှ  ဗိုလ်ကြီးအဆင့်တစ်ဦးနှင့် အရာခံဗိုလ်တစ်ဦးတို့ပျောက်ဆုံး နေကြောင်း သတင်းရရှိသည်။

 ယခုတစ်ပတ်အတွင်း မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် တနိုင်းချောင်းအပါအဝင် တရုံ၊ တဝမ်ချောင်းများ ရေကြီးနေသည့် အတွက် စက်လှေလမ်းကြောင်းများလည်း ပိတ်ထားသည်။
7Day News Daily

Read More

နိုင်ငံတော်မှပေးထားသော ပြည်ထောင်စု
ဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ နေအိမ်ရှိ
ပစ္စည်းများအား သာသနာရေးဝန်ကြီးဌာနမှ
 ပြန်လည်သိမ်းယူခဲ့ကြောင်း သတင်းရရှိသည်။



၂၀၁၄ ခုနှစ် ဇွန် ၂၃ ရက် နံနက်ပိုင်းတွင် သိန်းတစ်ရာခန့် အလွဲသုံးစားပြုလုပ်မှုဖြင့် အမှုဖွင့်အရေးယူခံထားရသည့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၏ နေပြည်တော်ရှိ နိုင်ငံတော်မှပေးထားသော နေအိမ်ရှိပစ္စည်းများအား သာသနာရေးဝန်ကြီးဌာန၏ ၀န်ထမ်းများက လာရောက်သယ်ယူသွားခဲ့ကြောင်း ပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေများပြောပြချက်အရ သိရသည်။

"ဒီနေ့ မနက် ၉ နာရီဝန်းကျင်က ကားတွေနဲ့လာပြီး အဲဒီအိမ်ကပစ္စည်းတွေကို သယ်ယူသွားတာတော့တွေ့တယ်။ ကျွန်မတို့လည်း အဲဒီအနားကို ကပ်လို့မရတာနဲ့ အဝေးကပဲကြည့်နေရတယ်။ အဲဒီမှာလုံခြုံရေးရဲတွေလည်းပါတယ်။ ဘယ်သူ့အိမ်မှန်းတော့မသိပါဘူး" ဟု ရတနာသိဒ္ဓိရပ်ကွက်တွင် နေ့စားအလုပ်လုပ်သူတစ်ဦးကဆိုသည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏နေအိမ်သည် ဒုတိယ၀န်ကြီးများအား နိုင်ငံတော်မှချပေးထားသည့် ရတနာသိဒ္ဓိရပ်ကွက် ရေနီလမ်း အိမ်အမှတ် ၂၁၈၉ တွင် ပြည်ထောင်စုဝန်ကြီးထမ်းဆောင်ချိန်တွင် နေထိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ဇွန် ၁၉ ရက်တွင် လယ်ဝေးမြို့နယ် ယက်ကန်းစင်တောင်ကျေးရွာ၌ နှစ်ကျိပ်ရှစ်ဆူ အောင်တော်မူစေတီတော် ထီးတော်တင်ပွဲတွင် ဌာနပိုင်ဘဏ္ဍာငွေ အလွဲသုံးစားပြုလုပ်မှုဖြင့် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းတွင် ပ/၂၁/၂၀၁၄ ပြစ်မှုပုဒ်မ ၄၀၉/၁၀၉ ဖြင့် (စ.စ.စ) အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တရားလိုပြုအမှုဖွင့်တိုင်ကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မြို့နယ် တရားရုံးတွင် ဇွန် ၁၉ ရက်က ပထမဦးဆုံးအကြိမ်အဖြစ် ရုံးထုတ်ခဲ့ကြောင်း၊ အဆိုပါနေ့ ညနေပိုင်းတွင် ဦးဆန်းဆင့်အား ရမည်းသင်းထောင်၌ ထိန်းသိမ်းထားရှိပြီး လာမည့်ဇူလိုင်လဆန်းတွင် ဒုတိယအကြိမ်အဖြစ် ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

Read More

ဖွံ့ဖြိုးမှု နိမ့်ကျပြီးတော့ ပဋိပက္ခတွေ ခဏ
ခဏ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ ရခိုင်
တိုင်းရင်းသားတွေ နေပျော်အောင် အမျိုး
သားရေး တာဝန်တစ်ရပ်အနေနဲ့ လုပ်ပေးဖို့


အမျိုးသား လွှတ်တော်မှာ ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။

အဲဒီအဆိုကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဇွန်လ ၂၃ ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသား လွှတ်တော် အစည်အဝေးမှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးတဲ့အတွက် ရခိုင်တိုင်းရင်းသားတွေဟာ နေရပ်စွန်ခွာပြီး ထိုင်း၊ မလေးရှားစတဲ့ ပြည်ပနိုင်ငံတွေနဲ့ ရေကြည်ရာ မြက်နုရာဒေသတွေကို သွားရောက် နေကြပါတယ်။ မြန်မာနိုင်ငံမှာ ရခိုင်နည်းတူ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ ဒေသတွေရှိပေမဲ့ ရခိုင်ပြည်နယ်က ပိုအရေးကြီးပါတယ်လို့ ဦးလှဆွေက ဆိုပါတယ်။

ဘာကြောင့်လဲဆိုတော့ နေရပ်စွန့်ခွာသွားတဲ့ ရခိုင်တိုင်းရင်းသားတွေ နေရာမှာ ပြည်ပကဝင်လာတဲ့ လူမျိုးခြားတွေ စိမ့်ဝင်မှု ပြဿနာကြောင့် ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။ ရခိုင်တိုင်းရင်းသားတွေ နေထိုင်ခဲ့တဲ့ ကျေးရွာကြီး တချို့ဆိုရင် နာမည်သာ ကျန်ခဲ့ပေမယ့် ရခိုင်တိုင်းရင်းသားတွေ မနေ ထိုင်တော့ဘဲ လူမျိုးခြားတွေ ဝင်ရောက်နေထိုင်နေကြပြီလို သူက ဆက်ပြောပါတယ်။

အဲဒါကြောင့် ရခိုင်ပြည်နယ်မှာ ဟိုတယ်ဇုန်တွေ ဖော်ထုတ်ပေးဖို့၊ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့၊ သီလဝါလိုမျိုး စီးပွားရေးဇုန်တွေ ဖော်ထုတ်ပြီးပေးဖိုလိုတယ်လို့ ဦလှဆွေက ဆိုပါတယ်။ အဲသလို လုပ်ပေးမှ ရခိုင်တွေက နေရပ်မစွန့်ဘဲ ကိုယ့်ဒေသမှာ အခြေတကျနေမယ်လို့ သူကဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေ နေပျော်အောင် အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ ပြည်ထောင်စု အစိုးရက လုပ်ပေးဖို့ အဆိုကို ဦးလှဆွေက ဇွန်လ ၂၃ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
အဆိုကို ကန့်ကွက်သူ မရှိတဲ့အတွက် ဆက်ဆွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။

http://www.shwemyanmarmediagroup.org

Read More

ကျောက်ဖြူမြို့၊ တောင်ရင်းကျေးရွာမှ
ဦးမောင်မြင့်အောင်၊ အသက်(၄၄) နှစ်
သည် ၁၆-၆-၂၀၁၄(တင်္လာ)နေ့ တွင်
 ရွှေဇင်ယော်ဟိန်းကုမ္ပဏီိပိုင် အောင်ကြည်ဇင်


(၉၉၉) အမည်ရှိ ငါးဖမ်းသင်္ဘောပေါ်တွင် ဒေသခေါ်
နှာခေါင်းပေါက်(မြစ်ဝ) နှင့် ဆိတ်ကျွန်းအကြားရပ်နား အလုပ်လုပ်နေစဉ် လုပ်ကိုင်ရင်း ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။

၎င်းဖြစ်စဉ်အားသင်္ဘောပေါ်တွင်လုပ်ကိုင်နေသူမည်သူမျှ မိသားစုသို့ ချက်ချင်း အသိပေးအကြောင်းကြားခဲ့ခြင်း မရှိဘဲ ၁၉-၆-၂၀၁၄(ကြာသပတေး)နေ့ ဆိပ်ကမ်းသို့ သင်္ဘောဆိုက်ကပ်ပြီးမှသာလျှင် ၎င်းနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဦးကျော်လှိုင် အသိပေးအကြောင်းကြားခဲ့မှ မိသားစုဝင်များ သိရှိခဲ့သည်။

သင်္ဘောပေါ်တွင် ဦးကျော်လှိုင် မှ တယ်လီဖုန်းဖြင့် အကြောင်းကြားပြောကြားရန်ပြင်ဆင်ချိန် ပဲ့နင်းမှ တယ်လီဖုန်းအားအလျှင် အမြန်ပြန်တောင်းယူခဲ့သဖြင့် မိသားစုထံသို့ အကျိုးအကြောင်း ဂဃနဏ ပြောခွင့်မရ လိုက် ကြောင်း ၎င်းမှပြောဆိုသည်။

မိသားစုဝင်များမှ ရဲစခန်းသို့သွားရောက်တိုင်တန်းအမှုဖွင့်ခဲ့ရာတိုင်ကြား၍ နှစ်ရက်ခန့်ကြာ သည့်အခါကျမှ “ဒီကိစ္စကို လူပျောက်အဖြစ်အရင်ကြော်ငြာရအုံးမယ်၊ အမှုဖွင့်လို့မရသေးဘူး ဘာညာလှည့်ပတ် ပြောဆိုခဲ့ပါတယ်” ဟု မိသားစုဝင်တစ်ဦးက Coral Arakan News အားပြောကြားသည်။

“လှေသားများကိုလည်းအနည်းငယ်ခန့် စစ်ဆေးမေးမြန်းပြီးပြန်လွှတ်ခဲ့ပါတယ်ပြီးတော့ လေဘာဦးစီး နှင့် ညှိုနှိုင်းပြီး ပဲ့နင်း(လှေဦးစီး) နှင့် လျှော်ကြေးကိစ္စ ဆောင်ရွက်လိုက်ပါ” ဟုစခန်းမှူး ပြောဆိုသည် ဟု ၎င်းက ပြန်ပြောင်း ပြောပြသည်။

လေဘာဦးစီးမှ ပဲ့နင်းအားခေါ်ယူညှိုနှိုင်းမှုပြုလုပ်ခဲ့သော် ပဲ့နင်းမှ မထီမဲ့မြင်ပြုကာ “(ငါးသိန်း)ဘဲ လျှော်ကြေးပေးနိုင်မယ်။ ဒါကိုမယူဘူးဆိုရင်လည်းမတက်နိုင်ဘူး။ ကြိုက်တဲ့နေရာမှာ သွားတိုင်နိုင်တယ်” ဟုဆိုကာ ရုံးခန်းမှ ထွက်သွားခဲ့သည်ဟု ယင်းကိစ္စကိုအကျိုးဆောင်ရွက်သူ (ဦးမောင်မြင့်အောင်)
၏ သူငယ်ချင်းတစ်ဦးမှပြောဆိုခဲ့သည်။

ပဲ့နင်းမှာ ထားဝယ်မှ ဖြစ်ပြီး သင်္ဘောပိုင်ရှင်မှာ ရန်ကုန်မှ ဖြစ်ကာ ရခိုင်ဒေသသို့လာရောက် စီးပွါးရှာဖွေ နေသူများဖြစ်သည်။ (ဦးမောင်မြင့်အောင်)၏ ဇနီးနှင့်မိသားစုဝင်များသည် ဖြစ်စဉ်အား ရဲစခန်းတွင် တိုင်တန်း၍ မရသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လိပ်မူပြီးတိုင်းတန်းထားကြောင်းသိရှိရသည်။

( Coral Arakan News အတွက် လှိုင်းလုံးချေ ရေးသားသည်။

Read More

မန္တလေးတိုင်း မိုးကုတ်မြို့တွင် သီတဂူ
စက္ခုဒါနဆေးရုံနှင့် နိုင်ငံတကာအဆင့်မီ
 ကျောက်မျက်စင်တာ တည်ဆောက်မည်
ကို ဒေသခံများနှင့် အရပ်ဘက်လူ့အဖွဲ့
အစည်းများက ကန့်ကွက်နေကြောင်း


ရတနာကုန်သည်ကြီးများအသင်း (မိုးကုတ်)အတွင်းရေးမှူး (၂) က မဇ္ဈိမကို ပြောသည်။
မိုးကုတ်မြို့တွင် မျက်စိဆေးရုံသီးသန့် မရှိသောကြောင့် သီတဂူစက္ခုဒါနဆေးရုံ တည်ဆောက်ရန် မြေသန့် မြေနုတ် မင်္ဂလာကို ဇွန် ၁၂ရက်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဆေးရုံဆောက်မည့်အနီးတွင် ကျောက်မျက်စင်တာတည်ဆောက်မည်ဖြစ်သည်။
ဒေသခံများက တည်ဆောက်ရန် သဘောမတူခြင်းမှာ အဆိုပါနေရာသည် မိုးကုတ်မြို့၏ အထင်ကရနေရာ တစ်ခုဖြစ်သော မြို့လယ်အင်းရှိနေခြင်းကြောင့် ဖြစ်သည်။ ထိုမြို့လယ်အင်းနှင့် မိုးကုတ်မြို့သည် ဒွန်တွဲနေပြီး မြို့လယ်အင်းသည် နိုင်ငံခြားခရီးသွားများနှင့် မြန်မာပြည်အနှံ့မှ လာရောက်သူများ စိတ်ဝင်စားသည့် နေရာတစ်ခုဖြစ်သည်။


အဆိုပါ အင်းမတိမ်ကော မပပျောက်စေရန် မိုးကုတ်ဒေသခံများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများက ၀ိုင်းဝန်းထိန်းသိမ်းလျက်ရှိကြောင်း မြို့လယ်အင်းသည် ကိုလိုနီခေတ်တည်းက တည်ရှိခဲ့ကြောင်း ယင်းနေရာကို စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်တွင် ဗိုလ်မှူးအောင်မြိုင်က စည်ပင်သာယာပိုင်လုပ်၍အကွက်များ ရိုက်ရောင်းခဲ့ပြီး တိုက်ခန်းများနှင့် မိုတယ်တည်ဆောက်ခဲ့သည်ဟု ဆိုသည်။


ကန့်ကွက်နေသည့်ကြားက ဆက်လက်တည်ဆောက်ပါက ဆန္ဒဖော်ထုတ်သွားမည်ဟု ဒေသခံနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများက ဆိုသည်။ အဆိုပါမြို့လယ်အင်းသည် ဧက ၃၀ ရှိပြီး၊ မြေပြင် ၁၄ ဧကနှင့် ရေပြင်မှာ ၁၃ ဧကသာ ရှိတော့သည်။


အဆိုပါမြို့လယ်အင်းကို ဇွန် ၂၂ရက် ကလည်း မန္တလေးစိမ်းရောင်စိုအဖွဲ့က မိုးကုတ်မြို့ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အင်းသန့်ရှင်းရေး ပြုလုပ်ခဲ့သည်။


“ကျွန်တော်တို့က မျက်စိဆေးရုံကိုတော့ မကန့်ကွက်ချင်ဘူး။ ကျောက်မျက်စင်တာကိုတော့ လုံးဝမဆောက်စေချင်ဘူး။မလုပ်စေချင်တာကတော့ ဘာမှမလုပ်စေချင်ဘူး။ သဘာဝအတိုင်းပဲ မြင်ချင်ကြတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ အင်းထိန်းသိမ်းရေးကော်မတီဖွဲ့ဖို့ လုပ်နေတယ်” ဟု စိမ်းလန်းမိုးကုတ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ တာဝန်ခံ ကိုစိုးမင်းလှိုင်က ပြောသည်။
မိုးကုတ်မြို့တွင် ကျောက်မျက်စင်တာမရှိသောကြောင့် ဒေသခံများ ဈေးနှုန်းအနှိမ်ခံရမှုများရှိပြီး ကျောက်များ ရှားပါးလာခြင်းကြောင့် ဒေသခံများစားဝတ်နေရေး ခက်ခဲလာကြောင်းဆိုသည်။


“ကျွန်တော်တို့ မိုးကုတ်မှာ သီးသန့် ကျောက်မျက်ဈေးမရှိဘူး။ တခြားမြို့တွေမှာရှိပြီး တကယ်ထွက်တဲ့မြို့မှာ မရှိဘူးဖြစ်နေတယ်။ မိုးကုတ်မှာက ရှိသင့်တယ်။ အခု ကျောက်မျက်ရောင်းဝယ်ရေးကို စည်ပင်ပန်းခြံမှာ သွားလုပ်နေရတယ်။ အဲလိုကျတော့ ဈေးအနှိမ်ခံရတာတွေလည်းရှိတယ်။

သယ်ယူခွင့်ကျတော့လည်း လက်ဝတ်ရတနာပဲရတယ်။ အောက်ခြေလူတန်းစားအတွက်က ဒုက္ခဖြစ်တယ်။ ဆောက်ပြီးသွားရင် မိုးကုတ် ဒေသခံသောင်းချီပြီး အလုပ်အကိုင်ရကြမယ်။ မိုးကုတ်လည်း ဒီထက်ပိုပြီး ဖွံ့ဖြိုးလာမယ်။ ဆောက်ဖို့နေရာကလည်း ဒီအင်းနေရာက အကောင်းဆုံးနဲ့ အသင့်တော်ဆုံးဖြစ်နေတယ်။

 ဒါကို ကန့်ကွက်နေတော့ ဆက်လုပ်ဖို့ ခက်တယ်။ ကျွန်တော်တို့အတွက် လုပ်တာမဟုတ်ဘူး အားလုံးအတွက်လုပ်တာပါ။ အခုလိုကန့်ကွက်နေတော့ လုပ်ဖို့ရက်ကို မသတ်မှတ်နိုင်သေးဘူး”ဟု ရတနာကုန်သည်ကြီးများအသင်းမှ အလုပ်မှုဆောင် ဦးလှအောင်က ပြောကြားသည်။


မျက်စိဆေးရုံကန့်ကွက်နေမှုမှာ မြို့ခံလူထုအနည်းစုကသာ ကန့်ကွက်နေခြင်းဖြစ်ပြီး၊ မိုးကုတ်မြို့သည် မျက်စိကျန်းမာရေး စောင့်ရှောက်မှု အလိုအပ်ဆုံးဖြစ်ကာ မိုးကုတ်မြို့တွင် ရွှေတွင်းများရှိသောကြောင့် မျက်စိဝေဒနာ အများဆုံးဖြစ်ပွားလျက်ရှိရာ ဆေးရုံမှာတည်ဆောက်သင့်သည်ဟု ဆေးရုံတည်ဆောက်ရေးအဖွဲ့ဝင် ဦးဇော်ဝင်းက ပြောသည်။


မြို့ခံများကအင်းအတွင်းတွင်စီမံကိန်း ဆက်လက်လုပ်ဆောင်ပါက မန္တလေးတိုင်းအစိုးရအဖွဲ့ထံသို့ မြို့လူထုနှင့် အရပ်ဘက်အဖွဲ့အစည်းများက ဇွန်လကုန်တွင် တိုင်ကြားသွားမည်ဖြစ်ပြီး အကြောင်းမထူးပါက ဆန္ဒဖော်ထုတ်သွားမည်ဖြစ်သည်။

မိုးကုတ်မြို့တွင် အရပ်ဘက်အဖွဲ့အစည်း ၂၀ ကျော်ရှိသည်။

Mizzima News Daily

Read More

နျူကလီးယား ပညာရပ်ကို မြန်မာနိုင်ငံ၌
ယခုထက် ပိုမိုအလေး ထားဆောင်ရွက်ပေး
ရန် အဆိုကိုလျှို့ဝှက်မဲပေး စနစ်ဖြင့် အမျိုးသား
လွှတ်တော်မှ အတည်ပြု လိုက်ကြောင်း
သိရသည်။



ယနေ့ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေး ၁၇ ရက် မြောက်နေ့ တွင် ယင်းအဆိုနဲ့ပတ် သက်၍ဆွေးနွေးရာ၌ အဆိုကို လွှတ် တော်ကိုယ်စား လှယ်ငါးဦးမှ ထောက် ခံဆွေးနွေးခဲ့ကြပြီး သိပံ္ပနှင့်နည်းပညာ ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးမှ ယခုထက်ပို၍ အလေးထားဆောင် ရွက်သွားမည် ဟု ဖြေကြားခဲ့သော် လည်း နျူကလီးယား ပညာရပ်မှာ နောက် မျိုးဆက်အထိ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရန်လိုအပ်နေသည့်အတွက် အဆိုအပေါ် အစိုးရပိုမို ထိရောက် သော ဆောင်ရွက်မှုပြုလုပ်နိုင်ရန် လွှတ်တော်၏အဆုံးအဖြတ်ရယူ ခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုကို လွှတ်တော်၌ လျှို့ဝှက်မဲပေးစနစ်ဖြင့် စက်ခလုတ် နှိပ် ဆန္ဒပြုခဲ့ကြ ကာ ထောက်ခံမဲ ၁၂၈ မဲ၊ ကန့်ကွက် ၅ မဲဖြစ်သဖြင့် ထောက် ခံသူများပြား၍ အနိုင်ရခဲ့ခြင်းဖြစ် သည်။ ရန်ကုန်တိုင်းဒေသကြီးမဲ ဆန္ဒနယ် အမှတ်(၈)အမျိုး သား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်ကြည် က ''နျူးကလီးယားနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှကျွမ်းကျင်တဲ့ပုဂ္ဂိုလ် အလွန်နည်းပါးပါတယ်။

ပညာသင် ကြားရေး အပိုင်းတွေမှာလဲ အ ထောက်အကူပြုပစ္စည်းတွေအရမ်း နည်းပါတယ်''ဟု လွှတ်တော်တွင်ပြော ကြားခဲ့သည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကို ကိုဦးမှ လွှတ်တော်၌ဖြေကြားရာတွင် နျူကလီးယားစနစ်အား စနစ်တကျ လုပ်ဆောင်နိုင် ရန် အဖွဲ့စည်းများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း နျူကလီးယားစွမ်းအင်အား ယခင် လထက်ပိုမို၍ ကျန်းမားရေး၊

စိုက်ပျိုး ရေး၊ မြေအောက်ရေရှာဖွေရေးစသည့် လုပ်ငန်းများတွင် အသုံးပြုနေကာ နျူကလီးယားပညာရပ် အား ကျောက် ဆည်မြို့ရှိ နည်းပညာတက္ကသိုလ် မန္တလေးနည်းပညာတက္ကသိုလ်များ ၌ သင်ကြားပေး လျက်ရှိပြီး အသုံးချ ရေး တွင်လည်း လွှတ်တော်ကိုယ်စား လှယ်များတင်ပြ သည့်အတိုင်း ဆောင် ရွက်လျက်ရှိကြောင်း နျူကလီးယား လက်နက် မပြန့်ပွားရေး ကာကွယ်ရေး များမှာ အလွန်အရေးကြီးသည့်အ တွက် လက်ရှိတွင်လည်း နျူကလီး ယားကိုစနစ်တကျဆောင် ရွက်နိုင်ရန် အတွက် နျူကလီးယားဘေး အန္တရာယ် ကင်းရှင်းရေးဥပဒေအား ရေးဆွဲလျက် ရှိကြောင်း လွှတ်တော်၌ပြန် လည်ရှင်း လင်းဖြေကြားခဲ့သည်။


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုဦးက ''နျုကလီးယားဘေး အန္တရာယ်ကင်းရှင်းရေး ဥပဒေအပြင် နျူကလီးယားအသုံး ချရေးဆိုင်ရာ ဥပဒေကိုလဲရေးဆွဲနေပြီး ယင်းဥပဒေ မူကြမ်းတွေကို သက်ဆိုင်ရာဌာန အသီးသီးကိုပို့ပြီး အကြံပြုချက်ရယူ နိုင်ဖို့တောင်းခံ ထားပါတယ်''ဟု ဖြေ ကြားခဲ့သည်။


လက်ရှိတွင် နျူကလီးယားစွမ်း အင်အသုံးပြုခြင်းဖြင့် မြန်မာနိုင်ငံ အတွက် အကျိုးဖြစ် ထွန်းစေမည့် နယ်ပယ်များစွာရှိသေးပြီးနောင် အချိန်တွင် မျိုးဆက်သစ် များနျူးက လီးယားနည်းပညာများကို ရရှိအသုံးပြု နိုင်ရန်လိုအပ်သည့် ပံပိုးမှုများကိုနိုင်ငံ တော်မှ လက်ရှိအချိန်ထက်ပံ့ပိုးနိုင် ရန်လိုအပ်ကြောင်း ပြည် သူများအ နေဖြင့် နျူကလီးယားဆိုသည့် စကားလုံး အသုံးနှုန်းအားကြား သည် နှင့် လူကိုအန္တာရယ်ဖြစ်စေမည့် အရာအဖြစ်သာမြင်နေကြပြီး နျူက လီးယားနည်း ပညာကြောင့် ဖွံ့ဖြိုးတိုး တက်သည့် အခြေအနေများဖြစ် ထွန်းလာနိုင်သည်ကို အစိုးအနေဖြင့် ယခုထက်ပိုမိုအသိ ပညာပေးလုပ် ငန်းများနှင့်အတူ နျူးကလီးယား နည်းပညာကိုပြည်သူများကြားကျယ် ပြန့်စွာလုပ်ဆောင်ရန်လိုအပ်ကြောင်း တပ်မတော်သားကိုယ်စားလှယ်များ မှ ဆွေးနွေးခဲ့ကြသည်။


တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးဝင်းမြင့်ထွန်းက ''ကျွန်တော် တို့နိုင်ငံအနေနဲ့ နျူကလီး ယားပညာရပ်တွေ နည်းပညာတွေကို ငြိမ်းချမ်းစွာ အသုံးချမှု အတွက် အ တည်ပြုနိုင်ခွင့်အပြည့်အဝရရှိရန် ရည်ရွယ်ပြီးတော့ နျူကလီးယားလက် နက်မပြန့်ပွားရေးစာချုပ်ကို ၁၉၉၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှာ IAEA နဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။

ဒီစာချုပ် အရ ကျွန်တော်တို့နိုင်ငံ ဟာနျူကလီး ယားလုပ်ငန်းတွေပစ္စည်းတွေ IAEA ရဲ့စောင့်ကြည့်မှုအောက်မှာ သဘော တူစာချုပ်တစ်ခုဖြစ်တဲ့ CSA နဲ့ သူရဲ့ နောက်ဆက်တွဲဖြစ်တဲ့ small quality protocol SMP စတဲ့ သဘောတူညီ ချက်စာချုပ်တွေကို IAEA နဲ့ ၁၉၉၅ ခုနှစ် ဧပြီ ၂ဝရက်မှာ လက်မှတ်ရေး ထိုးခဲ့ပါတယ်။

ဒါ့အပြင် နျူကလီးယား လက်နက် မပြန့်ပွားရေး စာချုပ် ရဲ့ နောက်ဆက်တွဲ သဘောတူညီမှုတွေ ကိုလည်း ၂၀၁၃ ခုနှစ် စက်တင်ဘာ မှာ လုပ်နိုင်ခဲ့တာလဲလေ့လာတွေ့ ရှိရပါတယ်။ ဒီအချက် အလက်တွေ အရအထူးသဖြင့် နျူကလီးယားပစ္စည်း တွေ အချက်အလက်တွေကို IAEA နဲ့ အသိပေးအကြောင်းကြား ဆောင် ရွက်ရပါတယ်။ နျူကလီးယားစွမ်း အင် တွေကိုအသုံးပြုခြင်းအားဖြင့် များစွာ အကျိုးရှိမယ့် နယ်ပယ်ကဏ္ဍများစွာ ရှိပါတယ်။


လက်ရှိနိုင်ငံအခြေအနေ အရ နည်းပညာနဲ့အရင်းအနှီးအခက် အခဲ သဘာဝပတ် ဝန်း ကျင် ဆိုင်ရာ စိန်ခေါ်မှုတွေကြောင့် နျူကလီးယား နည်းပညာတွေ နျူကလီးယားစွမ်းအင် တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်သေး ရင်တောင် နောင် အနာဂတ် မှာ နျူကလီးယားနည်းပညာနဲ့ပတ် သက်ပြီး စွမ်းအင် လိုအပ်ချက်အရ မသုံးမဖြစ်သုံးကောင်းသုံးလာနိုင်ရပါ တယ်။


ဒီလိုအခြေအနေမျိုးကြုံကြိုက် ရင် အောင်အောင်မြင်မြင်နဲ့ဆောင် ရွက်နိုင်အောင် မျိုးဆက်သစ်လူငယ် တွေ ကို ခေတ်မီနည်း ပညာတွေ ရရှိဖို့ မျိုးဆက်သစ် လူ့စွမ်း အား အရင်းအမြစ် တွေ၊ ပညာရှင်တွေစဉ်ဆက်မပြတ် လေ့ကျင့်ပြုစု ပျိုးထောင် သွား ဖို့လို အပ်ပါတယ်။

 လိုအပ်တာတွေကို နိုင်ငံတော်က ယခုထက်ပံ့ ပိုးကူ ညီ ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်'' ဟု အဆိုအပေါ်ထောက်ခံဆွေးနွေး ခဲ့သည်။


Democracy today Daily Newspaper

Read More

ပြီးခဲ့တဲ့ ဇွန် ၁၀ ရက် နေ့က ချင်းပြည်နယ်
မတူပီမြို့နယ်၊ ရေဇွာမြို့ အခြေစိုက် ခလရ
(၂၆၉) မှ ကိုယ်ပှိုင် အမှတ် တသ – ၃၇၁၈၅၀၊
 တပ်သား မျိုးသူရကျော်က အသက် ၄၀ အရွယ်
 အိမ်ထောင်ရှင် အမျိုးသမီး တဦးအား


အဓမ္မ ပြုကျင့် ရန်ကြံ စည်ခဲ့မှု နှင့်ပါတ်သက်ပြီး မတူပီအမျိုးသမီးအသင်း (MWO) ဦးဆောင်မှုဖြင့် ဆန္ဒပြမည်ဟု သိရသည်။

မတူပီ အမျိုးသမီးအသင်းသည်  ဇွန်လ ၂၄ ရက်နေ့တွင် မတူပီမြို့လယ် ရှစ်လမ်း ဆုံတွင် ဆန္ဒပြရန် အာဏာပိုင် ထံ တင်ပြသည်ကို  မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့် မပြုသော် လည်း  ပြုလုပ်မည်ဟု ပြင်ဆင်ထားကြောင်း MWO ဥက္ကဌ Pi Hluai Par က ပြောသည်။



” ဒီကိစ္စနှင့် ပါတ်သက်ပြီး အာဏာပိုင်တွေက ခဏခဏခေါ်တယ်၊ ဒါနဲ့ ကျမတို့ ဒီနေ့ အုပ်ချုပ်ရေးရုံးကို ပြန် သွား တယ်၊ သူတို့က ဆန္ဒပြတာ မလုပ်ဖို့ ပြန်ပြောတယ်၊  ဒါပေမဲ့ ကျမတို့က အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးတွေ နစ်နာမှု တားဆီး ကာကွယ်ပေးရေး အတွက် အစိုး ရနဲ့ ပြည် သူကို ဘာ အနှောင့် အယှက်မှ မပေးပဲ ငြိမ်းချမ်းစွာ ကျမတို့ ဆန္ဒကို ဖော်ထုတ်သွားမယ် ” ဟု ပြောသည်။

ဆန္ဒပြ စုဝေးမှုကို နံနက် ၁၀ နာရီမှ ညနေ ၁ နာရီအကြား ရှစ်လမ်းဆုံတွင် ပြုလုပ်ဖို့ ပြင်ဆင် နေပြီး ဆန္ဒပြပွဲတွင် အမျိုးသမီးဥက္ကဌ နှင့် လူငယ်ခေါင်းဆောင်ဖက်မှ Pu Maung Han တို့ အမှာစကား ပြောကြမည်ဟု သိရသည်။

”အုပ်ချုပ်ရေးဖက်က ခွင့်မပြုပေမဲ့ အမျိုးသမီးအဖွဲ့တင်မဟုတ်ပဲ အမျိုသမီးထုအားလုံး ပါဝင်ဖွယ်ရှိတယ်၊ အဓိက က ဇွန်လ ၁၀ ရက်နေ့က ရေဇွာမြို့ပေါ်မှာ အမျိုးသမီးတဦး အဓမ္မပြု ကျင့်ဖို့ ကြံစည်မှုအတွက်ပေါ့၊ ဘယ်လို ဆက်ဖြစ်မ လဲတော့ မသိဘူး ” ဟု ဆန္ဒပြမှုတွင်ပါဝင်မည့် James Roland က ပြောသည်။

အခြေစိုက် ခလရ (၂၆၉) မှ ကိုယ်ပှိုင် အမှတ် တသ – ၃၇၁၈၅၀၊ တပ်သား မျိုးသူရကျော် သည် တောင်ယာ သို့သွားသည့် အဆိုပါ အမျိုးသမီးအား အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သော် လည်း ရွာသားတွေက အမျိုးသမီးကို အချိန်မှီ ကယ်တင်ခဲ့ကြောင်း သို့သော် တရားခံသည် အမျိုးသမီးကို အနာတရဖြစ်အောင် နှိပ်စက်ခဲ့ကြောင်း သိရသည်။

တပ်သားမျိုးသူရကျော်ကို နယ်မြေခံရဲများက ထိန်းသိမ်းထားခဲ့ရာမှ နယ်မြေခံ တပ်ရင်းမှူးက တရားခံအား  မတူပီသို့ ပို့ထားပြီး  ယနေ့ထိ မတူပီမြို့တွင် ချုပ်ထားဆဲဖြစ်ကြောင်း သိရ သည်။

လေ့လာချက်များအရ အစိုးရတပ်မတော်သားများ နှင့် အရပ်သားအကြား ပြသနာဖြစ်ပါက တပ်မတော်သားများကို အရပ်ဖက် တရားခုံရုံးတွင် မစစ်ဆေးပဲ စစ်ခုံရုံးက ကိုင်တွယ်ပြီး အရေးယူမှုမရှိပဲ တခြားနေရာသို့ တပ်ပြောင်း လေ့ရှိ ကြောင်းသိရသည်။

ယခင် စစ်အစိုးရအုပ်ချုပ်ရေးကာလတွင် ရေဇွာမြို့ပေါ်၌ ယခုလို အဖြစ်မျိုး အများအပြား ရှိခဲ့ဖူးသော်လည်း ပြည်သူများက စစ်သားများကို ကြောက်လန့်နေခြင်း၊ အမှုလုပ်ရန်ငွေကြေး မတတ်နိုင်ခြင်း၊ နစ်နာသူများဖက်က ရှက်ကြောက် စိုးရိမ်နေခြင်း တို့ကြောင့် တရားစွဲဆို အမှုရင်ဆိုင်ခြင်းများမရှခဲ့ကြောင်း သိရသည်။

လက်ရှိ အစိုးရလက်ထက် ၂၀၀၁၄-၁၅ ခုနှစ်အတွင်း  ၁၄ နှစ်အရွယ် မိန်းကလေးငယ်အား စစ်သားတစ်ဦးမှ  အဓမ္မပြု ကျင့်ရန်ကြိုးစားမှု၊ ရဲစခန်းအတွင်းရဲဝန်ထမ်းတဦးက ရွားသား တစ်ဦး အား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုများရှိခဲ့သော်လည်း အရေးယူဆောင် ရွက်မှုမရှိကြောင်း သိရသည်။

 ခိုနူမ်းထုန် သတင်းဌာန

Read More

အခြေခံပညာကျောင်းများ တွင် တက်ရောက်
သင်ကြားနေ သော ကျောင်းသူကျောင်း
သား များအနေဖြင့် အရောင်ဆိုးဆေး
ပါသော မုန့်များကိုစားသုံးရန်မသင့် ကြောင်း
 နှိုးဆော်ချက်အဖြစ် ၈၈


မျိုးဆက်အခြေခံပညာကျောင်းသား သမဂ်္ဂမှ ကျောင်းသူကျောင်းသား ဟောင်းများက ဇွန်လ(၂၃)ရက်နေ့ တွင် သင်္ဃန်းကျွန်းမြို့နယ်ရှိအခြေခံ ပညာအထက်တန်းကျောင်းအမှတ် (၁)တွင် “ရင်သွေးငယ်များကျန်းမာ ရေးအန်္တရာယ်ကင်းတဲ့မုန့်ကိုကျွေး”ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ကြသည်။

ယင်းသို့ပြုလုပ်ခဲ့ခြင်းနှင့်ပတ် သက်၍ အ.က.သ (၈၈ မျိုး ဆက်) မှ ဦးကြက်ဥက “လက်ရှိ ကျောင်းတက်နေတဲ့ကလေးတွေကို အန်္တရာယ်ရှိတဲ့မုန့်တွေကိုမစားစေ ချင်ဘူး။ မုန့်တွေမှာအရောင်ဆိုး ဆေးတွေသုံးထားတဲ့အတွက် ဒီမုန့် တွေကိုစားရင်အန္တရာယ်ဖြစ်တယ်။

ကလေးတွေကလည်းအရောင်လှ လှလေးတွေမြင်ရင်စားချင်ကြတယ်။ ဆိုးဆေးမသုံးတဲ့မြန်မာမုန့်တွေကို စားသုံးသင့်တယ်ဆိုတာကိုအသိ ပေးတဲ့အနေနဲ့ ပြုလုပ်ရခြင်းဖြစ် ပါတယ်”ဟု ရှင်းလင်းပြောကြား သည်။

မိဘများနှင့် ကလေးများ သတိပြုရန်အတွက် နိုးဆော်စာ များဖြန့်ဝေခဲ့ကြရာ အဆိုပါနိုးဆော် ချက်တွင် တရုတ်စာတန်းပါတရုတ် မုန့်မျိုးစုံတို့သည် တားမြစ်ဆေး များ၊ တာရှည်ခံဆေးများ၊ အလွန် အကျွံ့သုံးစွဲထားခြင်းနှင့်အန်္တရာယ် ရှိသော နို့မှုန့်များပါဝင်ခြင်း၊ သက် တမ်းကုန်ရက်စွဲတိကျစွာမပါဝင်ဘဲ ၎င်းမုန့်များကို မည်သည့်ပစ်္စည်း များဖြင့် ထုတ်လုပ်ထားသည်ကို မိမိတို့လူမျိုးများနားလည်သော မြန်မာစာပေဖြင့်ရေးသားဖော်ပြ ထားမှုမရှိခြင်းတို့ကြောင့် လုံးဝ မစားသုံးသင့်ကြောင်း၊ ၎င်းင်းကဲ့သို့ အခြားသောမုန့်များကိုလည်း စား သုံးရန်မသင့်ကြောင်းများပါဝင်သည်။

“သမီးတို့အနေနဲ့ ဒီလိုမုန့်မျိုး တွေကို မစားသင့်ဘူးဆိုတာကို ပြောပြတယ်။ မုန့်တွေလည်းကျွေး တာကို ကျေးဇူးတင်ပါတယ်”ဟု ကျောင်းသူတစ်ဦးက ပြောသည်။

“ကျွန်မတို့အနေနဲ့ ဒီလိုမျိုး ဗဟုသုတမျိုးတွေကို ကျောင်းသား မိဘတွေများများသိဖို့လိုသလို ကျောင်းသူကျောင်းသားတွေလည်း သိရှိဖို့အတွက် များများလုပ်ဆောင် သင့်ပါတယ်”ဟု ကျောင်းသားမိဘ တစ်ဦးက ပြောသည်။

“ရင်သွေးငယ်များကျန်းမာရေး အန်္တရာယ်ကင်းတဲ့မုန့်ကိုကျွေး”အစီ စဉ်ကိုလာမည့် ဇူလိုင်(၇)ရက်နေ့ တွင် ထပ်မံပြုလုပ်ရန်အစီစဉ်ရှိ ကြောင်း သိရသည်။

Hot News Journal

Read More

တရုတ်နိုင်ငံတွင် ရေကြီးရေလျှံနေသည့်
 ဒေသသို့ သွားရောက်စဉ် ရေစိုမည်
စိုးသဖြင့် ဝန်ထမ်းတစ်ဦး၏ ကျောကုန်း
ထက်မှ လိုက်ပါခဲ့သော အစိုးရ အရာရှိ


တစ်ဦး ရာထူးမှ ထုတ်ပယ်ခံလိုက်ရကြောင်း သိရှိရသည်။

ပြည်သူ့ဆက်ဆံရေး အရာရှိ တစ်ဦးဖြစ်သည့် ဝမ်ဂျွန်ဟွာသည် ရေကြီးပြီး ကျောင်းသူကျောင်းသားနှစ်ဦး သေဆုံးခဲ့သည့် ဒေသသို့ စစ်ဆေးရေး ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဂွမ်ရှီမြို့ရှိ ပြည်သူ့ဆက်ဆံရေး ဌာနမှ လက်ထောက်ဒါရိုက်တာဖြစ်သူ ဝမ်သည် ရွှံ့ရည်များ ပြည့်နှက်နေသည့် ဒေသတွင် ၎င်း၏ ဖိနပ်များ ရေစိုမည်ကို စိုးရိမ်နေခဲ့သည်။

ထို့ကြောင့်လည်း ၎င်းကို လက်အောက်ဝန်ထမ်း တစ်ဦးက ကုန်းပိုးစေပြီးမှ လှည့်ပတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ဝမ်က မိမိ၏ အရောင်နုနု သားရေရှူးဖိနပ် အပျက်စီး မခံနိုင်ဟု ပြောဆိုခဲ့သေးကြောင်းလည်း သိရသည်။

လက်အောက်ငယ်သား ဒင်ရှန်ဘို၏ ကျောကုန်းထက် လိုက်ပါရင်း ရေကြီးရာ ဒေသတွင် စစ်ဆေးနေသည့် ဝမ်၏ဓာတ်ပုံများ အင်တာနက်ပေါ် ပျံ့နှံ့လာသည့်နောက် ၎င်း၏ အပြုအမူကို တရုတ်ပြည်သူ အများအပြားက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ ယခုအခါတွင်မူ ဝမ်တစ်ယောက် ရာထူးမှ ဖယ်ရှားခံလိုက်ရပြီ ဖြစ်သည်။

ဝမ်၏ ကွင်းဆင်းစစ်ဆေးမှုကို မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံ တစ်ဦးဖြစ်သော ဟူပန်းက “ဒီလူ့ကို ကြည့်ရတာ မာန်တက်ပြီး စိတ်မပါ လက်မပါ ဖြစ်နေသလိုပဲ။ ဒီနေရာကို သူရောက်လာတာဟာ လူထုရဲ့ ထောက်ခံမှု ရချင်ရုံ သက်သက်ပဲဆိုတာ အရမ်းသိသာတယ်။ ဒါပေမဲ့ ဒီကလူတွေ အားလုံးက သူ့ရဲ့ သရုပ်မှန်ကို သဘောပေါက်ကုန်ကြတယ်။ သူ့လက်အောက်က ဝန်ထမ်းတစ်ယောက်ကို မြည်းတစ်ကောင်လို သဘောထား အသုံးချသွားတာပါ။ အဲဒီဝန်ထမ်းအတွက် ကျွန်တော် စိတ်မကောင်းဘူး။ တော်တော်လေး ရှက်သွားရှာပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အာဏာရ ကွန်မြူနစ်ပါတီ အကြီးအကဲများက ယင်းသတင်းကို ကြားသိပြီးနောက် ဝမ်ကို ရာထူးမှ ဖယ်ရှားရန် ဆုံးဖြတ်ခဲ့သည်။ တရုတ်နိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်း ဒေသများတွင် ဇွန်လလယ် ကတည်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ဒေသအချို့၌ ရေကြီးမှုများ ဖြစ်ပေါ်နေရာ အနည်းဆုံး (၁၄)ဦး သေဆုံးပြီး (၄)ဦး ပျောက်ဆုံးနေကြောင်း သိရှိရသည်။

_Ref: Dailymail
7Day News Daily

Read More

သန်လျှင်မြို့မီးပွှိုင့် မြိုင်တည်းခိုခန်းအနီး ၂၄.၆.
၁၄ နံနက် ၃နာရီဝန်းကျင် သီရိမင်္ဂလာဈေးသို့ 
ကားဖြင့် ပန်းသွားတင်ရန် အတွက် အသက်
 ၄၂ အရွယ် မ......... တစ်ယောက်တည်း
 လမ်းလျှေက်ထွက်လာချိန် အမည်မသိ


ကုလားတစ်ယောက်မှအဓမ္မ ပြုကျင့်ဖို့ကြိုးစားခဲ့ကြောင်းသတင်းရရှိသည်။

အဆိုပါကုလားမှ မ...  ) အလာကိုလမ်းတွင်စောင့်ဆိုင်နေပြီး ပခုံးကိုလိုက်ဆွဲ
လက်နှစ်ဖတ်ကိုအတင်း လျှမ်းဆွဲကာအားဓမ္မလုပ်ဖို့ ကြိုးစားစဉ် မ... မှဘေးပတ်
ဝန်းကျင်အားအော်ဟပ် အကူညီတောင်းပြီးအနီးရှိ ဆိုင်ကယ်ကယ်ရီးသမားများမှ
ကုလားအားဝိုင်းဝန်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။

၎င်းအမျိုးသမီးတွင်  ပြန်လည်ခုခံ ရုန်းကန်တဲ့ အတွက်ကြောင်း ထိုးကြိက်ရိုက်နှက်ခံရပြီး လက်၊ ခြေထောက်များ၊ ပုခုံးများတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းသိရသည်။

'''ကျွန်ပ်တို့ ကအော်သံကြားလို့  လျှမ်းကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက်ကိုဆွဲလား စီးလားလုပ်နေတယ်။ ကျွန်တော်ပြေးလွားပြီးသွားကြည့်တော့မုဒိန်းကျင်ဖို့ လုပ်နေပြီ။

ကျွန်တော်တို့ လာတာကိုမြင်တော့ အဲ့ဒီကုလားက ထွက်ပြေးတယ်။ နောက်တော့အကုန် ၀ိုင်းပြီးဖမ်းကြတယ်။

 အခုရဲစခန်းမှာ ဖမ်းထားပါတယ်''ဟု ကုလားအားဖမ်းဆီးမူတွင်ပါဝင်သော
အမျိုးသားတစ်ဦးမှပြောသည်။

အဆိုပါကုလားအား ပတ်ဝန်းကျင်ဆိုင်ကယ် ကယ်ရီသမားအကူညီကြောင့် တရားခံကို
ဖမ်းမိခဲ့ပြီးလက်ရှိ သန်လျှင်ရဲစခန်းတွင် ဖမ်းဆီးထားကြောင်းသတင်းရရှိသည်။

အောင်မျိုးသက် သာကေတမြို့ .ပို့ ပေးပါသည်။
ရွှေမြန်မာမီဒီယာ

Read More

ရှမ်းပြည်နယ် သီပေါမြို့နယ်က  ခေါင်းတစ်
လုံးသာပါတဲ့ အမွှာကလေးငယ်တစ်ဦးဟာ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့  မဟာရတ်ခ်ျဆေးရုံမှာ လာရောက်ခွဲစိပ်ဆေးကုသမှု ခံယူနေရပါတယ်။



သီးခြား ဦးခေါင်းပါမလာဘဲ  ရင်ဘတ်ကနေ နောက်တဦးတွဲကပ်နေတဲ့  ၆ လရွယ် သမီးငယ် နောင့်ဆိုင်လောဝ်ကို ချင်းမိုင်မဟာရတ်ခ်ျဆေးရုံကြီးမှာ ဒီကနေ့မနက်ပိုင်းက ခွဲစိပ်ကုသ ခဲ့တယ်လို့  ဒီကိစမှာ  လိုက်ပါကူညီပေးနေတဲ့  ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေး အသင်း က ပြောပါတယ်။

နောင့်ဆိုင်လောဝ်ကို မနက် ၈ နာရီက ခွဲခန်းကို ခေါ်သွားပြီး နေ့ခင်း ၁၂ နာရီမှာ ခွဲစိပ်ပြီးစီးကြောင်း ဆလိုက်ရှိုးနဲ့  ပြသချက်အရ သိရတယ်လို့ ဆေးရုံမှာ ရောက်ရှိနေတဲ့ ရှမ်းအမျိုး သမီးရေးရာအဖွဲ့ဝင် နန်းမွမ်းဟွမ်က ရှမ်းဘာသာနဲ့ ခုလိုပြောပါတယ်။

“မနက် ၈ နာရီက ခွဲခန်းထဲခေါ်သွားပြီး နေ့ခင်း ၁၂ နာရီလောက်မှ ခွဲပြီးတဲ့အကြောင်း ဆလိုက်ရှိုးနဲ့ ပြထားပါတယ်။ ကလေးက အပြင်တော့ မထွက်လာရသေးဘူး။ ဒီည အိုင်စီယူ (အရေးပေါ်) ခန်းမှာဘဲ ထားမယ်လို့ ဆရာဝန်က ပြောပါတယ်။ ခွဲစိပ်အထူးကုဆရာဝန်ကြီးက ဦးစီးပြီးတော့ ခွဲပေးတာပါ။ အဲဒီမှာ အရိုးဘက်ဆိုင်ရာ၊ အကြောဆိုင်ရာ၊ သွေးကြောဆိုင်ရာ၊ ကလေးဆရာဝန်တွေရော အဖွဲ့ဝင်တွေ အများကြီးပါပါတယ်။  ဓာတ်ပုံရိုက်ခွင့်တော့ မရှိပါဘူး။ ကုသမှုအားလုံးပြီးစီးသွားရင် သတင်းစာရှင်းလင်းပွဲ လုပ်မယ်။”

မိန်းကလေးကိုယ်မှာ တွယ်ကပ်နေတဲ့ နောက်ထပ်အမွှာဟာ အပြင်ပန်းကနေကြည့်ရင် ခြေနဲ့ လက် ၁ စုံစီ၊  အမျိုးသမီးအင်္ဂါ နဲ့ ကျင်ကြီးစွန့် အင်္ဂါပါရှိတာ တွေ့ရပြီး ဆရာဝန်တွေ ပြောပြချက်အရ အတွင်းပိုင်းမှာ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း ပါရှိကြောင်း၊ နောင့်ဆိုင်လောဝ်မှာ ကျန်းမာရေး ပုံမှန်ရှိပြီး ဘေးရန်ကင်းစွာခွဲစိပ်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း နန်းမွမ်းဟွမ်က ဆက်ပြီး ရှင်းပြပါတယ်။

မိန်းကလေးရဲ့ မိဘတွေဟာ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နောင်နိုင်းကျေးရွာက ဖြစ်ပြီး ပြည်တွင်းအလှူရှင်တွေက သူတို့အဖွဲ့အစည်းကို ဆက်သွယ်မေးမြန်းခဲ့ကြောင်း၊ သူတို့ကလည်း ကလေးဓာတ်ပုံနဲ့အတူ ထိုင်းနိုင်ငံက ဆေးရုံတွေဆီ ဆက်သွယ်စုံစမ်းရာမှာ ချင်းမိုင် မဟာရတ်ခ်ျ (ဆွန်ဒေါက်)က လက်ခံကုသပေးမှာဖြစ်ပြီး ကုန်ကျစရိတ်လည်း တာဝန်ယူမယ်ဆိုလို့  ခေါ်လိုက်တာလို့  ရှမ်းအမျိုးသမီးရေးရာ ရဲ့ ပြောခွင့်ရ နန်းဆိုင်မွန်းက ဖြည့်စွက်ပြောကြားပါတယ်။

“ကျမတို့အဖွဲ့ကလည်း ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေ ကလေးငယ်တွေကို အကူအညီ ပေးနေတဲ့ အဖွဲ့ဆိုပြီး သိကြတော့ ပြည်တွင်းကနေ ဆက်သွယ်လာတာပေါ့နော်။ ၆ လရွယ် မိန်းကလေးကို ခွဲစိပ်ကုသချင်တယ်ပေါ့။ ပြီးတော့ ကျမတို့အဖွဲ့အစည်းအနေနဲ့ ဒီဘက်ကနေ အစစအရာရာ တာဝန်ယူကူညီပေးဖို့ ခွဲစိပ်ပြီးတဲ့အထိ ကူပေးဖို့ ဆက်သွယ်လာပါတယ်။”

သမီးဦးကို ၂၀၁၃ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ သားဖွားဆရာမ ၂ ဦးနဲ့  အိမ်မှာဘဲ မွေးဖွား ခဲ့ကြောင်း၊ ကံအကြောင်းတရားကြောင့် သမီးလေးခုလိုဖြစ်ရပေမယ့် ခွဲစိပ်ကုသခွင့်မရခဲ့ ရင်တောင်မှ ဒီလိုအခြေနဲ့ဘဲ ကျွေးမွေးပြစုသွားမယ်လို့  မိခင်ဖြစ်သူ နန်းခမ်းငွေက  ပြောပါတယ်။

“သမီးကို ဆရာမ နန်းပိန်းပန်နဲ့ ဒေါ်နန်းဆွေတို့က မွေးပေးတာပါရှင့်။ မနက် ၅ နာရီမှာပါ။ ကိုယ်ဝန်ရှိတုန်းကလည်း ဘာမှမလုပ်ခဲ့ပါဘူး။ ပုံမှန်ပါဘဲ။ သမီးကို ဒီအတိုင်းဆိုရင်လည်း ကျွေးမွေးပြုစုသွားမှာပါ။ ဒီဆေးရုံလာရတော့လည်း ၀မ်းသာပါတယ်။ သမီးဘေးကင်းအောင်လို့ ဒီမနက် ဆေးရုံကဘုရားခန်းမှာ ဆွမ်းလောင်းပြီး ဆုတောင်းခဲ့ပါတယ်။”

ထိုင်းကိုမလာခင်က  မြန်မာပြည်မှာ  ကျန်းမာရေးဌာနက ဆရာဝန်တွေ အိမ်ကိုရောက်လာပြီး ကလေးကို ရန်ကုန်မှာ ခွဲစိပ်ကုသပေးရေး အကူအညီပေးမယ်လို့ ကမ်းလှမ်းခဲ့ကြပေမယ့် အလှူရှင်တွေရဲ့ သဘောဆန္ဒအလျောက်  ဒီကိုရောက်လာကြောင်း၊  ဖခင်ဖြစ်သူ စိုင်းလှမြင့်က ပြောပါတယ်။

“သီပေါက ဆေးရုံဆရာ၊ ဆရာမတွေ ၅ ဦး အိမ်ကိုလာပါတယ်။ ရန်ကုန်မှာ သွားခွဲဖို့၊ သူတို့ကူညီပေးမယ်ပြောတယ်။ ကျနော်တို့က ဗမာစကားလည်း မတတ်ဘူး။ အခက်အခဲရှိမှာစိုးလို့ အလှူရှင် ရှမ်းလူကြီးတွေကလည်း ထိုင်းကိုပို့ပေးမယ်လို့ပြောတယ်။ ဒါကြောင့် ဒီကိုလာတာ။ လမ်းမှာ လာတာ ဘာအခက်အခဲမှ မရှိပါဘူး။”

ရှမ်းပြည်နယ်မှာ မနှစ်ကလည်း ခြေလေးချောင်းပါ မိန်းကလေးငယ် ၁ ဦးကို ပင်လုံမြို့နယ် လွယ်မွတ်ကျေးရွာမှာ ဖွားမြင်ခဲ့ပြီး ဧရာဝတီဖောင်ဒေးရှင်းက ကုန်ကျစရိတ်အားလုံး တာဝန်ယူကာ ရန်ကင်းကလေးဆေးရုံကနေ  ပထမဆုံးအကြိမ် အောင်မြင်စွာ ခွဲစိပ်ကုသပေးခဲ့ပါတယ်။

DVB (မြန်မာပိုင်း)

Read More

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်
က ရွာသား ခြောက်ဦးကို အစိုးရ၏ တပ်မ
၈၈ လက်အောက်ခံ တပ်ဖွဲ့များက ဇွန်လ
၂၄ ရက် နံနက်က ၎င်းတို့၏ နေအိမ်မှ ဖမ်း
ဆီးခေါ်ဆောင်သွားသည်ဟု နမ့်ခမ်းမြို့


ဘုရားကြီးကျောင်းမှ သံဃာ ဦးပညာရူပ က မဇ္ဈိမကို မိန့်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်က နမ့်ခမ်းမြို့နယ် မာန်အောင်ကျေးရွာအနီး အစိုးရစစ်တပ်နှင့် ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ဒေသခံ ရွာသားများကို ဖမ်းဆီးစစ်ဆေးမှုများ ရှိသဖြင့် ဒေသခံများက စိုးရိမ်မှုများ ရှိနေသည်ဟု အဆိုပါ သံဃာက မိန့်ဆိုသည်။

“တိုက်ပွဲတော့ မရှိဘူး။ မာန်အောင်ရွာက အစိုးရ စစ်တပ်တွေတော့ ရှိနေတယ်။ အခုချိန်က စစ်ဆေး မေးမြန်းတာတွေ ရှိတယ်။ ဒီနေ့မနက် မာန်အောင်ရွာက ၂ ဦး၊ ဖာဂန်ရွာက ၂ ဦးရယ် ဆိုင်းတောင်ရွာသား ၂ ဦး ၆ ဦးကို အစိုးရ တပ်မ ၈၈ တပ်ဖွဲ့တွေ နေအိမ်ကနေ ခေါ်သွားတယ်။ ဘာမှတော့ မပြောဘူး။ သူတို့ ဒီအတိုင်းခေါ်သွားတယ်။ လမ်းပြဖို့လား မသိဘူး။ ခုထိတော့
မလွတ်လာသေးဘူး”ဟု သံဃာ ဦးပညာရူပက မိန့်သည်။

ဇွန်လ ၂၁ ရက်က ဖြစ်ပွားခဲ့သော အစိုးရစစ်တပ်နှင့် TNLA တို့ တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့သော နမ့်ခမ်းမြို့နယ် မာန်အောင်ကျေးရွာသား ၂၀၀၀ ကျော်သည် ဇွန်လ ၂၂ ရက်က မိမိနေရပ်သို့ ပြန်သွားကြပြီဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

“တိုက်ပွဲဖြစ်တဲ့နေ့ကတော့ ရွာသားတွေ ထွက်ပြေးလာကြတယ်။ ထွက်ပြေးလာတော့ သံဃာတော်တွေနဲ့ ပူးပေါင်းပြီးတော့ TNLA ဘက်ကို တောင်းပန်ပြီးတော့ သူတို့ ဆုတ်ပေးလိုက်တယ်။
သူတို့ပြန်သွားတော့ ၂၂ ရက်နေ့မှာ ရွာသားတွေ ပြန်သွားကြပြီ”ဟု မိန့်သည်။

အစိုးရ စစ်တပ်က ရွာသားများအား ဖမ်းဆီးခြင်း မပြုလုပ်ရန်နှင့် ရွာသားများ ဒုက္ခမရောက်စေရန် အစိုးရစစ်တပ်နှင့် TNLA တို့ နှစ်ဖက် ညှိနှိုင်းဖြေရှင်းရန်လည်း မိန့်ဆိုသည်။

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ မုံးယကျေးရွာအုပ်စုတွင် အစိုးရ စစ်တပ်နှင့် TNLA၊ ကချင်လွတ်မြောက်ရေး တပ်မတော် KIA နှင့် ကိုးကန့်တပ်မတော်/ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NNDAA) မဟာမိတ်ပူးပေါင်း တပ်ဖွဲ့တို့နှင့် မြန်မာအစိုးရ၏ စစ်တပ်တို့ ဇွန်လ ၂၄ ရက် နံနက် ၄ နာရီမှ ၆ နာရီထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

“ကျွန်တော်တို့နဲ့ ကေအိုင်အေရယ်၊ NDAA တွေ ပေါင်းပြီး မုံးယမှာရှိတဲ့ စခန်း၊ ကျွန်တော်တို့ကို အမြဲတမ်း အနှောက်အယှက် ပေးပြီးတော့ လမ်းကြောင်းပိတ်တဲ့စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့လို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်”ဟု TNLA မှ သတင်းနှင့် ပြန်ကြားရေးဌာနက ဒုတိယ တာဝန်ခံ တာပန်လ က မဇ္ဈိမကို ပြောသည်။

ထိုတိုက်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှု မရှိသော်လည်း အစိုးရ စစ်တပ်နှင့် TNLA တပ်တို့ နီးကပ်စွာ လှုပ်ရှားနေသဖြင့် အချိန်မရွေး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာနိုင်သည်ဟု တာပန်လက
ပြောသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း မူဆယ်မြို့တွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UWPC) နှင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီးနောက် ယနေ့ထိ ထပ်မံ တွေ့ဆုံခြင်း မရှိသေးပေ။ သို့သော် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်ရန် ကမ်းလှမ်းခံထားရသော အဖွဲ့ဖြစ်သည်။

Mizzima News  Daily

Read More
Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive