SSA (၀မ်ဟိုင်း)အဖွဲ့မှ တပ်ရင်းမှူ အဆင့်ရှိစောရွှေ ခေါင်းဆောင်တဲ့ အဖွဲ့တစ်ဖွဲ့မှ နမ့်ပတ်ရွာ ဥက္ကဌဖြစ်သူ
ဦးပေါ်ဆွဲအား သေနတ်နဲ့ ပစ်သတ်ခဲ့သည်ဟုသတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၇ ရက်နေ့ နေ့လည် ၁၂ ခန်တွင် စောရွှေ ခေါင်းဆောင်တဲ့ အဖွဲ့တစ်ဖွဲ့မှ လူကြုံတစ်ဦးဖြင့်အခေါ် လွှတ်ပြီး ဦးပေါ်ဆွဲကို ဟိုနမ့်ရွာသို့ လာခဲ့ဖို့ ဆင့်ခေါ်ပြီး အခုလိုပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ဦးပေါ်ဆွဲ၏ မိသားစုဝင်တစ်ဦးပြောပြချက်အရ-

“ဦးပေါ်ဆွဲဟာ နေ့လည် ၁ နာရီခွဲလောက်မှာ စောဦးက ခေါ်တယ်ဆိုလို့ ဆိုင်ကယ်နဲ့ ထွက်သွားတယ်။နောက် ၂ နာရီလောက်ကြာတော့ ဟိုနမ့်ရွာက လာပြောတယ်။ ဦးပေါ်ဆွဲသေပြီတဲ့။ကျွန်မတို့ဖြင့်ယုံတောင်မယုံနိုင်ဘူး။”   ဟုဆို သည်။

ဟိုနမ့်ရွာသွားများ၏ ပြောပြချက်အရ
”ဦးပေါ်ဆွဲဟာ စောရွှေတောင်းတဲ့ ဆက်ကြေးကို မပေးနိုင်တဲ့အတွက်အခုလို သတ်လိုက်တာ။သူတို့တောင်းတာကလဲ ခနခန လာတောင်းတယ်လေ။ ဘယ်ကပိုက်ဆံနဲ့ ပေးမလဲ။ မရှိလို့တောင်ယာလုပ်စားပါတယ်ဆိုမှ လုပ်စာကို သူတို့ကိုပဲ ပေးနေရတော့..ဦးပေါ်ဆွဲက တကယ်လဲ မရှိတော့ပါဘူးလို့ပြောတယ်။ဒါနဲ့ စောရွှေက တောင်ယာဘက်ခေါ်သွားတာတွေ့တယ်။ နောက်တော
သေနတ်သံကြားရတော့တာပဲ”ဟုဆိုသည်။

အသတ်ခံရသူဦးပေါ်ဆွဲမှာ ပလောင်လူမျိုးတစ်ဦးဖြစ်ပြီး တောင်ယာလုပ်ကိုင်စားသူတစ်ဦးဖြစ်သည်။၎င်း၏
ရုပ်အလောင်းအားဆွေမျိုးများနှင့် ဟိုနမ့်ရွာ အတွင်းရေးမှူးဦးစံခမ်းတို့မှ ညနေ ၄ နာရီတွင် သဂြိုလ်ပေးခဲ့ကြောင်း သိရှိရသည်။


စိုင်းဖန်း
http://www.oppositeyes.info



0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive