ပြီးခဲ့သော ရက်ပိုင်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲကင်းစခန်းမှူး ဒုရဲအုပ် နွေမောင် ဦးစီး တပ်ဖွဲ့ဝင် (၈)ဦးသည် ၂၀၁၄ မေ(၁၇၀၉၂၀) ရက်ချိန်ခန့်တွင် မြန်-ဘင်း နယ်စပ် နယ်မြေ(၁) မိုင်တိုင် (၅၂)စခန်းမှ နယ်စပ်စည်းရိုး လမ်းအတိုင်း ဗုန္ဓုလ ကျေးရွာဘက်သို့ ထွက်ခွာခဲ့စဉ်တစ်ဘက်နိုင်ငံမှ ကျူးကျော် ဝင်ရောက်ပြီး ခြုံခို စောင့်ဆိုင်း နေသော RSO သကသ (၄၀)ကျော်ခန့်မှ လက်နက်ငယ်များ ဖြင့် ခြောင်းမြောင်း ပစ်ခတ် ကာ တစ်ဘက် နိုင်ငံတွင်း သို့ ပြန်လည် ဝင်ရောက် တိမ်းရှောင်သွားခဲ့သော ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်အတွင်း တစ်ဖက်နိုင်ငံရှိ RSO အဖွဲ့မှ ၃ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာ ရရှိခဲ့ပြီး
မိမိတို့မှ ရဲတပ်ဖွဲ့ဝင်(၄)ဦး ကျဆုံးကာ (၁)ဦး ဒဏ်ရာရ၊ လက်နက်ငယ်ဖြင့် (၂)ဦး ပျောက်ဆုံးခဲ့သည်ကိုလည်း စိတ်မကောင်းဖွယ်ရာ တွေ့မြင်ရမှာဖြစ်ပါတယ်။
၎င်းအပြင် ယင်းအဖွဲ့သည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မှတ်တိုင်အမှတ် ၃၈ နှင့် ၅၄ တွင်လည်း တပ်မတော်စစ်ကြောင်းများနှင့် ထိပ်တိုက်တွေ့မှုများဖြစ်ပွားခဲ့သေးသည်။ 
တကယ်တော့ RSO အဖွဲ့ဆိုတာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ အခြေပြုပြီး လုပ်ရှားနေတဲ့ မွတ်စလင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ပါ။ ဒါကို ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အနေနဲ့ RSO အဖွဲ့က ဒဏ်ရာရရှိသူတွေကို လိုက်လံရှာဖော်နေသော်လည်း ထိထိရောက်ရောက် အရေးယူပြီး ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိပါဘူး။
ယခုအချိန်မှာတော့ RSO မွတ်စလင်အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ နယ်စပ်ကင်းစခန်းများကို အလစ်အငိုက် ၀င်ရောက်တိုက်ခိုက်ခြင်း၊ တိုင်းရင်းသားကျေးရွာတွေကို လစ်ရင်လစ်သလို ၀င်ရောက်တိုက်ခိုက်နေတာကို တွေ့ရမှာဖြစ်တယ်။အရင်ကတော့ အခုလိုမျိုး အကြမ်းဖက်လုပ်ဆောင်မှုတွေ အနည်းငယ်သာရှိခဲ့ရာမှ အစ္စလမ်နိုင်ငံများမှ အထောက်အပံ့များ ရပ်စဲလိုက်ပြိးနောက် ၄င်းတို့၏ လုပ်ဆောင်ချက်များကို ပိုမိုအာရုံစိုက်မိလာစေရန်အတွက် မိမိတို့နိုင်ငံတွင်းသို့ အကြိမ်အကြိမ်အခါခါဝင်ရောက်ကာ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။
အထက်ပါသတင်းကို ပြည်တွင်းရှိ လေးချောင်းထောက်မီဒီယာများမှာ ဖော်ပြတာလည်းမတွေ့ရပါဘူး။ တကယ်တော့ ဒါဟာ အမျိုးသားရေးပါ။ အမျိုးသားရေး တွင်တွင်အော်နေတဲ့ ၈၈ တို့ NLD တို့လည်း ဘာမှကြေငြာချက်ထုတ်တာ မကြားရပါဘူး။ တကယ်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုတာနှစ်စဉ်သဘာဝဘေး
အန္တရာယ်ခံရခြင်း၊ အိမ်နီးချင်းနိုင်ငံများနှင့်ဘာသာရေးအရကွဲပြားခြားနားခြင်းနှင့် လူဦးရေပေါက်ကွဲမှုမှ တဆင့်အိမ်နီးချင်းနိုင်ငံများသို့ စိမ့်ဝင်မှု များပြားခြင်း စသည်တို့ကြောင့်ေ ဒသတွင်းတည်ငြိမ်ရေးနှင့် 
လုံခြုံရေးအေား ခြိမ်းခြောက်နေသောနိုင်ငံတစ်နိုင်ငံ အဖြစ်တည်ရှိနေကြောင်းလည်း တွေ့မြင်နိုင်ပါတယ်။
နှစ်စဉ်သဘာဝဘေးအန္တရာယ်ခံစားရပြီး ဆင်းရဲမွဲတေမှုနှုန်းမြင့်မားမှုအပေါ်
ဘာသာရေးအစွန်းရောက် အသေခံအကြမ်းဖက်သမားများ၏ စည်းရုံးမှုမှတဆင့်လည်း
အိုစမာဘင်လာဒင် လက်သစ်    အမြောက်အများပေါ်ထွက်လာမည်ကိုလည်း
နိုင်ငံတကာမှ စိုးရိမ်ပူပန်လျက်ရှိခြင်းတို့ကြောင့် ၀ိုင်းဝန်းထောက်ပံ့မှုများပေးနေရတာကိုလည်း တွေ့ရမှာပါ။
ထို့အတွက် နှစ်စဉ်သဘာဝဘေးအန္တရာယ်ခံစားနေရကာ လူဦးရေပေါက်ကွဲနှုန်းမြင့်မားလာနေသော အဆိုပါနိုင်ငံအားနိုင်ငံတကာမှသော်လည်းကောင်း၊ဒေသတွင်းနိုင်ငံများကသော်လည်းကောင်း
လစ်လျူရှုထားမည်ဆိုပါကလည်း နိုင်ငံတကာအသိုင်းအ၀ိုင်းတွင်စိုးရိမ်ပူပန်မှု၊ထိတ်လန့်ကြောက်ရွံ့မှုဖြစ်ပေါ်စေမည့် အသေခံအကြမ်းဖက်သမားများ
ပေါက်ဖွားရာနိုင်ငံဖြစ်လာနိုင်သဖြင့် အရေးကြီးသည့်နေရာမှ မပါသော်လည်း
အရေးပါသည့် နေရာ၏တွင်ရှိနေသော နိုင်ငံတစ်နိုင်ငံအဖြစ် မိမိတို့ကလည်း 
သတိကြီးကြီးထားကာ ယခင်ကထက်ပို၍ နယ်စပ်ဒေသလုံခြုံရေးကို ဂရုစိုက်သင့်ပါကြောင်း နှင့် RSO ကဲ့သို့သော အကြမ်းဖက်အဖွဲ့အစည်းများကိုလည်း အစရှိနောင်နောင်မဖြစ်ရလေအောင် ပြတ်ပြတ်သားသား ချေမှုန်းသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive