ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာတွင် ၂၀၀၅ ခုနှစ်က ဂျပန်နိုင်ငံနိုင်ငံသံရုံးရန်ပုံငွေဖြင့် BAJ မှဆောက်လုပ်လှူဒါန်းခဲ့သော အငူမော်တံထားကြောင့် မယူကမ်းခြေတွင်နေထိုင်ကြသောာ ဒေသခံများမှာ ရာသီမရွေးသွားရေးလာရေးလွယ်ကူချောမွေ့လာခဲ့ကြပေသည်။ ယခင်က ထိုတံထားမရှိ သည့်အချိန်တွင် ဆိပ်ကမ်းမရှိသောကြောင့် ထိုနေရာသို့သွားရေးလာရေးမှာ လွန်စွာခက်ခဲခဲ့ပေသည်။ထိုလမ်းသည် စစ်တွေမှ မောင်တော သို့သွားလာရာတွင်အရေးပါသောလမ်းပိုင်းတစ်ခုလည်းဖြစ်သည်။
ယခုနှစ်လေလံရာသီအစတွင် ထိုအငူမော်တံထားတွင် ဈေးကောက်စကောက်နေသည်ကိုတွေ့မြင
သို့သော် ၂၀၀၅ ခုနှစ်တွင် အစိုးရထံသို့တရားဝင်အပ်နှံခဲ့ပြီးဖြစ်သော်လည်း မည်သည့်အခါမှ အငူမော်တံတားတွင် အခကြေးငွေတစ်စုံတစ်ရာကောက်ခံခြင်းမရှိခဲ့ပါ။ တခုနှစ် ၂၀၁၄ ခုနှစ်မှစတင်ကာ အငူမော်တံထားတွင် အခကြေးငွေများစတင် ကောက်ခံနေသည်ကိုတွေ့ရှိရပါသည်။ ဘုတ်ကပ်လျင် ဘုတ်တစ်စီးကို ကျပ် ၁၀၀၀/-၊ ဘုတ်ငယ်၊ လှေငယ် တစ်စီးကို ကျပ်၅၀၀/-ဆိုင်ကယ်တစ်စီးကို ကျပ်၁၅၀၀/ - စသည်ဖြင့် ကောက်ခံနေကြောင်းလည်းကြားသိရပါသည်။
ဤသို့အခကြေးငွေကောက်ခံနေမှုကြော င့် ဒေဒထွက်ကုန်ပစ္စည်းများ စစ်တွေသို့တင်ပို့ရောင်းချရာတွင် ဈေးကောက်နှုန်းအမြောက်အများပေး နေကြရသောကြောင့် ထိုတံထားကိုအသုံးပြုနေကြသော မယူကမ်းသူကမ်း သားများ လွန်စွာစိတ်မကောင်းဖြစ်နေကြရပါသ ည်။ အစိုးရ အနေဖြင့် ဈေးကောက်ခွင့်ပေးထားသည်ဆိုလျင် လည်း မည်သည့်ကုန်ပစ္စည်းအတွက် အကောက်အခွန် မည်မျှပေးရမည်ကို အသိပေးဖော်ပြထားသည့် ဈေးကောက်နှုန်းကို ပြထားသင့်ပေသည်။ ယခုကား ဈေးကောက် သူများတောင်းသမျှကိုပေးနေကြရသည် ။
ဂျပန်အစိုးရမှဆောက်လုပ်ပေးခဲ့သော ဤတံထားကို အသုံးပြုကာဈေးကောက်ကောက်နေခြင်းကား နိုင်ငံတကာအသိုင်းအဝိုင်း များကြားတွင် လွန်စွာရှက်ဖွယ်ဖြစ်နေသောကြောင့်  ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှုးတို့အနေဖြင့် လျော်ကန်သင့်မြတ်မှုရှိမရှိစုံစ မ်းစစ်ဆေးသင့်သည်။
ရဲအောင်ဒိုင်
ဂျပန်အစိုးရမှဆောက်လုပ်ပေးခဲ့သေ
ရဲအောင်ဒိုင်
0 comments