မေလ ၂၃ ရက် ၂၀၁၄ ခုနှစ်

နားရွက်ဆွဲခံလိုက်ရသည့် အမေရိကန် သမ္မတ အိုဘားမား ကိုယ်ရံတော်များက မှည့်တစ်ပေါက် မစွန်းအောင် အစွမ်းကုန် ကာကွယ်ထားသည့် အမေရိကန် သမ္မတကြီးကို အမည်မသိ ကလေးငယ် တစ်ဦးက နားရွက်ဆွဲသွားသည့် အခြေအနေသည် ရွှင်မြူးရယ်မောစရာ သတင်းတစ်ပုဒ်လည်း ဖြစ်လာ သည်။

အမေရိကန် သမ္မတဆိုသော ဂုဏ်ပုဒ်သည် ကမ္ဘာပေါ်တွင် ဩဇာအကြီးဆုံး၊ အရေးအရာ အထားခံရဆုံး၊ လုံခြုံရေးအတွက် အလေးထားခံရဆုံး ပုဂ္ဂိုလ်အဖြစ် ရည်ညွှန်းခြင်းလည်း ဖြစ်သည်။ သို့သော်လည်း အဆိုပါ ပုဂ္ဂိုလ်ကြီး ဘာရတ်အိုဘားမားခမျာ ကလေးငယ် တစ်ဦး၏ နားရွက်ဆွဲမှုကို အလစ်အငိုက် ခံလိုက်ရပြီး ရှောင်တိမ်းနိုင်ခဲ့ခြင်း မရှိခဲ့ချေ။ ကိုယ်ရံတော်များက မှည့်တစ်ပေါက် မစွန်းအောင် အစွမ်းကုန် ကာကွယ်ထားသည့် အမေရိကန် သမ္မတကြီးကို အမည်မသိ ကလေးငယ် တစ်ဦးက နားရွက်ဆွဲသွားသည့် အခြေအနေသည် ရွှင်မြူးရယ်မောစရာ သတင်းတစ်ပုဒ်လည်း ဖြစ်လာသည်။

အင်္ဂါနေ့က အိမ်ဖြူတော်တွင် ပြုလုပ်သော ကလေးများ၏ အနုပညာ ကျွမ်းကျင်မှု သရုပ်ပြပွဲ အစီအစဉ် တစ်ခုတွင် အိုဘားမားနှင့် ဇနီးဖြစ်သူ မစ်ချယ်လ် အိုဘားမားတို့ တက်ရောက်ခဲ့ကြသည်။ ထိုအချိန်တွင် အိုဘားမားကို စကားပြောချင်စိတ် များနေသည့် ကလေးတစ်ဦးက ၎င်းကို အာရုံစိုက်မိစေရန် သမ္မတကို နားရွက်ဆွဲထားခဲ့ခြင်း ဖြစ်သည်။ မည်သူမည်ဝါမှန်း တိတိကျကျ မသိရသည့် အဆိုပါ ကလေးငယ်သည် အိုဘားမားကို တစ်စုံတစ်ရာ တိုးတိုးကပ်ကပ် ပြောလိုစိတ် ပြင်းပြနေပြီး သမ္မတ၏ ဘယ်ဖက်နားကို လက်ဖြင့် ဆွဲထားခဲ့သည်။

အိုဘားမားကလည်း ခန္ဓာကိုယ်ကို ကိုင်းထားကာ ကလေးငယ် ပြောဆိုနေသည်ကို စက္ကန့်အနည်းငယ်ကြာမျှ စိတ်ဝင်တစား နားထောင်နေခဲ့သည်။ ယင်းစွမ်းရည်ပြပွဲ အစီအစဉ်ကို မစ်ချယ်လ်က ဦးစီးဦးရွက်ပြု ကျင်းပခြင်းဖြစ်ပြီး အိုဘားမားက ကလေးများထံ လာရောက်တွေ့ဆုံခဲ့ရာ၌ ယခုလို ရယ်မောစရာ အခြေအနေမျိုးအဖြစ် နားရွက်ဆွဲခံလိုက်ရရှာခြင်း ဖြစ်သည်။အိုဘားမားတို့ ဇနီးမောင်နှံသည် အိမ်ထောင်ရေး ပြဿနာအချို့ ရှိနေပြီး သမ္မတသက်တမ်း ကုန်ဆုံးချိန်၌ မစ်ချယ်လ်က ကွာရှင်းမည်ဟု သတင်းအချို့ ထွက်ပေါ်နေပြီး အိမ်ဖြူတော်ကမူ ယင်းကို မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။ ၎င်းတို့၏ အိမ်ထောင်သက်သည် (၂၁)နှစ်မျှ ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ထိုနေ့က စွမ်းရည်ပြပွဲတွင် သမ္မတ ဇနီးမောင်နှံမှာ ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ရှိနေခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network.

Posted by Unknown on Friday, May 23, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive