စပိန် ဖက်ရှင်မဂ္ဂဇင်း Vogue မျက်နှာဖုံးမှာ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး Cristiano Ronaldo ဟာ ကိုယ်လုံးတီး အနေအထားနဲ့ ပါဝင်လာပါတယ်။

ဘောလုံးလောကရဲ့ ဆွဲဆောင်မှုအရှိဆုံး ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ CR7 ဟာ ကာဗာဓာတ်ပုံမှာ အ၀တ်အစားမပါ၊ ခါးထောက်ရပ်နေပြီး ညို့ အားပြင်းတဲ့ ရုရှားမော်ဒယ်မလေး Irina Shayk က အရှေ့ ကနေ မပေါ့်တပေါ် ကွယ်ထားတဲ့အနေအထားပါ။

ရုရှားဇာတိမော်ဒယ်မလေးကလည်း အဖြူရောင်ဝတ်စုံလေးနဲ့ Cristiano Ronaldo ကို လက်တစ်ဖက်က သိုင်းဖက်ကာ ကင်မရာကို ညှို့ အားပြင်ပြင်း ကြည့်နေပုံက အသက်ဝင်လွန်းလှပါတယ်။

နာမည်ကြီးဖက်ရှင်ဓာတ်ပုံဆရာ Mario Testino ရဲ့ ရိုက်ချက်ဟာ ဒီကမ္ဘာကျော်ဘောလုံးကြယ်ပွင့်ကို ကိုယ်လုံးတီးအနေအထားနဲ့ ပရိတ်သတ်တွေ ပထမဆုံးမြင်ရတဲ့ ဓာတ်ပုံလည်းဖြစ်ပါတယ်။

အရင် ဓာတ်ပုံတွေမှာ Cristiano Ronaldo ဟာ အတွင်းခံဘောင်းဘီကို နိမ့်လျှောနေအောင်ဝတ်ပြီး လိင်ဆွဲဆောင်မှုဆန်ဆန် သရုပ်ပြပေးခဲ့ပေမယ့် ဒီတစ်ခါမှာတော့ ဘာမှကို ၀တ်ထားခြင်း မရှိခဲ့ပါဘူး။

ဂျွန်လထုတ် Vogue မဂ္ဂဇင်းဟာ ဒီကာဗာကြောင့် ရောင်းအားကောင်းလိမ့်မယ်လို့ ခန့် မှန်းထားကြပြီး Vogue သမိုင်းတစ်လျှောက် ဆွဲဆောင်မှုအရှိဆုံး မျက်နှာဖုံးဓာတ်ပုံတွေထဲက တစ်ပုံအဖြစ် သတ်မှတ်ပေးထားကြပါတယ်။


http://www.oppositeyes.info 

Posted by Unknown on Friday, May 23, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive