ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းကြောင်း မနေ့ညနေပိုင်းက ထုတ်ပြန်ကြေညာလိုက်ပြီးတဲ့နောက် ပိတ်ခဲ့တဲ့ နယ်စပ် မဲဆောက်-မြ၀တီ ဂိတ်ကို ဒီမနက် ပြန်ဖွင့်ပေမယ့် တံတားအောက် သောင်Mae sot br copyရင်းမြစ်ပေါ် ဖြတ်သန်းသွားလာတဲ့ လှေတွေ ကိုတော့ ပိတ်ထားလိုက်ပါတယ်။

ထိုင်းနိုင်ငံရေး မငြိမ်သက်မှုကြောင့် ထိုင်းတပ်မတော်ဟာ မေ ၂၀ ရက် နံနက် ၃း၀၀ နာရီက မာရှယ်လောထုတ်ပြီး နိုင်ငံတည်ငြိမ်အောင် ထိန်းခဲ့ပြီးနောက် မေ ၂၂ ရက် ညနေ ၄ နာရီ ခွဲမှာတော့ ထိုင်းတပ်မတော်က အာဏာသိမ်း လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ထိုင်းတပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် ညနေပိုင်းမှာ ထိုင်း မြန်မာ ချစ်ကြည်ရေးတံတား မဲဆောက်မြ၀တီတံတားကို ပိတ်ထားခဲ့ပါတယ်။ ဒီမနက်မှာတော့ မနက် ၈ နာရီလောက်က ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမယ့် တံတားအောက် သောင်ရင်းမြစ်ပေါ် ဖြတ်သန်းသွားလာတဲ့ လှေတွေကို ပိတ်ထားလိုက်ပါတယ်။

ထိုင်းနယ်စပ်အရာရှိတဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ နယ်စပ်တံတားကိုတော့ ပုံမှန်အတိုင်းသွားလာခွင့်ပြုထားကြောင်း၊ ဒါပေမယ့် လှေတွေကိုတော့ လုံးဝသွားလာခွင့်မပြုတော့ဘူးလို့ ပြောပါတယ်။

ဒီလို ပိတ်ထားတာ ဘယ်လောက်ကြာအောင် ပိတ်ထားမလဲဆိုတာကိုတော့ ပြောဆိုခြင်းမရှိပါဘူး။
မြ၀တီမြို့မှာနေထိုင်တဲ့ ဒေသခံတဦးကတော့ လှေတွေ ပိတ်ထားတဲ့အတွက် တံတားပေါ်မှာပဲ သွားလာကြတယ်လို့ ပြောပါတယ်။

ထိုင်း-မြန်မာနယ် နောက်တခုဖြစ်တဲ့ တာချီလိတ်-မယ်ဆိုင်မှာတော့ လူအသွားအလာ နည်းသွားတာကလွဲရင် နယ်စပ်ဂိတ်ကတော့ ပုံမှန်အတိုင်းပဲ ဖွင့်ထားတယ်လို့ မယ်ဆိုင်မှာနေထိုင်တဲ့ ဦးတင်မောင်က ပြောပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)


Posted by Unknown on Friday, May 23, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive