ကမန်တိုင်းရင်းသား လူမှုကွန်ရက်'s photo.
ကမန်တိုင်းရင်းသား လူမှုကွန်ရက်'s photo.ကျွန်တော်တို့ မြန်မာနိုင်ငံတော်မှာ ဘသာပေါင်းစုံ ချစ်ခင်ရင်းနှီးစွာဖြင့် ရှေ့ ပဝေသဏီကပင်
အတူယှဉ်တွဲနေထိုင်လာတဲ့နိုင်ငံဖြစ် ပါတယ် ခရစ်ယာန် ဘာသာကိုးကွယ်တဲ့တိုင်းရင်းသား
တွေရှိသလို..အစ္စလာမ်ဘာသာကိုးကွယ်တဲ့တိုင်းရင်းသားတွေလည်းရှိပါတယ်.. အစ္စလာမ်ဘာ
သာကိုးကွယ်တဲ့ တိုင်းရင်းသားတွေ ထဲမှာ ကျွန်တော်တို့ ကမန်တိုင်းရင်းသား တွေဟာလည်း
အပါအ၀င်ဖြစ်ပါတယ် ။ ကျွန်တော်တို့ ကမန်တိုင်းရင်း သားတွေဟာ ရခိုင်ဘုရင်လက်ထက်က
ရခိုင်ဘုရင့်တပ်မတော်မှာ စစ်မှုထမ်းခဲ့တဲ့ လေးသည်တော်မျိုးရိုးပါ ..ယနေ့ အချိန်ထိလဲတိုင်း
သား ၁၃၅ မျိုးထဲမှာတရားဝင်အသိအမှတ်ပြုခံထားရတဲ့ လူမျိုးဖြစ်ပါတယ်။အစၥလမ္ဘာသာ
ကိုယ်းကွယ်တဲ့အတွက်ကြောင့်  ဧည့်သည် လို မသုံးနှုန်းသင့်ပါဘူး ။

ဒီလိုအသုံးအနှုန်းတွေဟာပြည်ထောင်စုသားတွေကို စိတ်ဝမ်းကွဲစေပါတယ်..ဆင်ခြင်ဖို့ 
လိုပါလိမ့် မယ် ။ တဆက်တည်းမှာဘဲ "ကမန်အမျိုးသားတိုးတက်ရေးပါတီ" ကတာဝန်
ရှိသူတွေကို ပြောချင်တာက...ဒီလိုကိစ္စတွေဟာပေါ့ပေါ့တန်တန်လို့ မသတ်မှတ်စေချင်
ဘူး..ဒီလိုအသုံးနှုန်းတွေ ကမိမိတို့ ရဲ့ အမျိုးသားဂုဏ်ကိုထိခိုက်စေတယ်.နောက်ပြီး
ပါတီကပုဂ္ဂိုလ်တွေအနေနဲ့  ကမန်တွေဟာ ကိုယ့်လူမျိုးကို ယနေ့ တိုင် ထိမ်းသိမ်း
နေတာကိုသိပါလျှက် နဲ့ လူကြီးမင်းတို့ ရဲ့ မိတ်ဆွေ ပါတီအဖွဲ့ အစည်တွေကပြောဆို
နေတဲ့ ကမန်တွေ ဘင်္ဂါလီနဲ့ ရောနေတယ်ဆိုတဲ့ အခြေအမြစ်မရှိ့ တဲ့ စကားတွေကို
ကမန်အမျိုးသားတိုးတက်ရေးပါတီက ပုဂ္ဂိုလ်တွေပါ သံယောင်မလိုက်ဖို့ တိုက်တွန်း
လိုက်ပါရစေ

ကမန်တိုင်းရင်းသားလူမှုကွန်ရက်
(၂၆ .၅.၂၀၁၄)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive