၂၅ မေ ၂၀၁၄

ပဲခူးတိုင်း တောင်ငူမြို့ တွင် ဗကသများအဖွဲ့ချုပ် မှ ဆန္ဒပြ ချီတက်မှု ဆောင်ရွက်ခဲ့သည်။

ထို ဆန္ဒပြချီတက်ပွဲသို့ ဗကသ ဗဟိုလုပ်ငန်း ကော်မတီ နှင့်အတူ ပြည်ခရိုင် ၊ ဟင်္သာတခရိုင် ၊ မြင်းခြံခရိုင် ၊ တောင်ငူခရိုင် ၊ မုံရွာခရိုင် ၊ မန္တလေးခရိုင် နှင့် ရန်ကုန်တောင်ပိုင်း ခရိုင် အစရှိသည့် ခရိုင် ကျောင်းသားသမဂ္ဂများ စုပေါင်း ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

သဲကုန်းမြို့ အောင်ကုန်းရွာ တွင် လယ်သမားအရေး ကူညီဆောင်ရွက် ပေးနေသော တောင်ငူ ဗကသ ကျောင်းသား ကိုကောင်းထက်ကျော် နှင့် လယ်သမားများအား အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးဆောင်ရွက်မှု အား ရှုံ့ချလျက် ဆောင်ရွက်ခဲ့သော ရဲတပ်ဖွဲ့အား အရေးယူပေးရန် ၊

ပြည်သူ နှင့် ကျောင်းသားကို အခြေမခံပဲ ပြည်သူ့လွှတ်တော်တွင် အတည်ပြုလိုက်သည့် အမျိုးသားပညာရေး ဥပဒေ မူကြမ်း အား အလိုမရှိ ကြောင်း ၊

မတရားပုဒ်မများ တပ်၍ ဖမ်းဆီးခြင်း အမှုဖွင့်ထားခြင်းများ ရုပ်သိမ်းပေးရေး။ 
သိမ်းဆည်း လယ်ယာမြေများ ပြန်လည်ရရှိရေး။

စသည့်အချက်များ တောင်းဆို ဆန္ဒပြခဲ့သည်။

ဆန္ဒပြပွဲကို ၂၀၁၄ မေလ ၂၅ ရက် ၊ နံနက် ၉း၃၀ အချိန်တွင် တောင်ငူရွှေဆံတော်ဘုရား နေရာမှ ခွပ်ဒေါင်းအလံ လွှင့်ထူလျက် အာဇာနည်အပေါင်းအား အလေးပြု ၍ စတင်ပြီး ချီတက်ခဲ့ကြပြီး နံနက် ၁၀း၃၀ နာရီခန့် တွင် ပြန်လည်ရောက်ရှိ အလေးပြုပြီး အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး ကော်မတီ
ဗကသများအဖွဲ့ချုပ်
ဗဟိုလုပ်ငန်းကော်မတီ

ABFSU CWC

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive