နမ့်ခမ်းမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွား ခဲ့ပြီးနောက် တစ်ဦးသေဆုံး၍ တစ်ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်မှ သတင်းရရှိသည်။

နမ့်ခမ်းမြို့နယ် နောင်ခမ် ကျေးရွာနှင့် ကောင်းဝိန်းကျေးရွာ ကြားတွင် အမည်မသိလက်နက် ကိုင်အဖွဲ့က  ထောင်ထားသော ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ မော်တော်ဆိုင်ကယ် စီးနင်းလာသော မူဆယ်မြို့နယ် နမ့်စန်ကျေးရွာမှ ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

၎င်းတို့ကို နမ့်ခမ်းပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကု သစေခဲ့သည်။ ၎င်းတို့နှစ်ဦးအ နက် ဒေါ်နန်းခင်ဌေးသည် မေလ ၂၉ ရက် ညက သေဆုံးသွားသည်ဟု အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ ထိပ်တန်းအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

 နမ့်ခမ်းမြို့နယ်အတွင်း မကြာခဏ  ဗုံးပေါက်ကွဲမှုများ ဖြစ် ပွားနေသဖြင့်  လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေကြောင်း နယ်မြေခံတပ်မတော်စစ်ကြောင်းနှင့် နမ့်ခမ်းမြို့မပြည်သူ့စစ်အဖွဲ့မှ တာဝန်ရှိသူများက ပြောကြားသည်။

Author: အောင်ခိုင်
7DAY DAILY

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive