3



“လူသားအချင်းချင်း အမုန်းမပွါးဖို့-ငါတို့ နှုတ်ကိုစောင့်ကြစို့”


ဆိုတဲ့ စတစ်ကာလေးတွေ ၊ ပန်ဖလက်တွေကို ကားဂိတ်တွေနဲ့ လူစည်ကားရာ အရပ်တွေမှာ ပင်နီတိုက်ပုံ
ဝတ်ထားတဲ့ လူငယ်လေးတွေ ၊ မိန်းကလေးငယ်လေးတွေဟာ လိုက်လံဝေနေတာတွေ့ရတယ်။ သိပ်မကြာပါဘူး ကိုယ့်ဆီကို ဦးတည်လာရင်း ကိုယ့်ကိုလည်း စတစ်ကာလေးနဲ့ ပန်ဖလက်လေး ကို ကမ်းပေးတယ်။ ကြည့်လိုက်တော့..”ပန်းစကား” လှုပ်ရှားမှု..လူသားအချင်းချင်းအမုန်းမပွါးဖို့ - ငါတို့နှုတ်ကို စောင့်ကြစို့လို့ ရေးထားတာတွေ့တယ်။ဘာပဲဖြစ်ဖြစ် ဒါဟာ ကောင်းတဲ့လုပ်ဆောင်မှု တစ်ခုပဲလို့ မှတ်ယူရတယ်။တစ်ယောက်နဲ့ တစ်ယောက်အမုန်းပွါးမဲ့စကားတွေကို မပြောပဲရှောင်ကျဉ်ဖို့ ဆိုတာ ကြိုဆိုရမယ့် မင်္ဂလာတပါးမဟုတ်ပါလား။ ကဲ ဒါဆိုရင်တော့ ကောင်းပါပြီ. ..ပန်းစကား လှုပ်ရှားမှုဟာ ပေါ်ပင်လား ၊ တကယ်ထိရောက်လား ဆိုတာ ဆန်းစစ်ကြည့်ကြပါစို့။

       အမုန်းပွါးခြင်း ၊ ပဋိပက္ခဖြစ်ခြင်း ၊ အဓိကရုဏ်းဖြစ်ခြင်းဆိုတာ တစ်ဦးနဲ့ တစ်ဦး ၊တစ်ဖက်နဲ့ တစ်ဖက်
တစ်ဖွဲ့နဲ့ တစ်ဖွဲ့အကြားယုံကြည်မှုပျက်ယွင်းခြင်း ၊ တစ်ဖက်က စကားကို တစ်ဖက်က လက်မခံခြင်းစတဲ့အကြောင်းအရာတွေ ကပဲ မြစ်ဖျားခံတာလို့ ဆိုရမယ်ဆို မမှားပါဘူး။ဒီတော့ ကျွန်တော်တို့က ကိုယ့်နှုတ်ထွက်စကားကို ကိုယ်က စောင့်ထိန်းသင့်ပါတယ်။ဒီလိုပဲ တစ်ဖက်ကလည်း မိမိရဲ့ နှုတ်ထွက်စကားကို စောင့်ထိန်းသင့်ပါတယ်။ ပြဿနာ တစ်ခုမှာ အရပ်မျက်နှာ နှစ်ခု ၊ အုပ်စုနှစ်ခုဆိုတာ ရှိစမြဲပါ။ ဒီတော့ နှုတ်စောင့်စည်းဖို့ ၊ hate speechs တွေ မပြောဖို့ဆိုတာ အုပ်စု နှစ်ဖက်လုံး မှာ တာဝန်ရှိပါတယ်။ပြောတဲ့သူကိုလည်း မပြောအောင် တားမြစ်ရမယ် မဟုတ်လား။ဒီတော့ အမုန်းပွားစကားတွေ ပြောတဲ့သူကိုလည်းတားမြစ်ဖို့ “ပန်းစကား” အဖွဲ့ပေါ်လာတယ်လို့ပဲ ထင်မိပါတယ်။

အခုတစ်လော နိုင်ငံရေး အသိုင်းအ၀ိုင်းမှာ ချဲဂဏန်းရွတ်သလို ရွတ်နေကြတာ ၊ ဂျာနယ်တွေမှာ ပါနေတာဟာ ပုဒ်မ ၄၃၆ အကြောင်းဆိုတာ နေ့စဉ်သတင်းစာဖတ်နေသူတွေသိပါတယ်။ဒါဟာ ဘာထူးခြားလဲ။ ဘာမှ မထူးခြားပါဘူး။ ဘာမှလဲ မထူးဆန်းပါဘူး။ ဒါပေမယ့် ထူးဆန်းတာတော့ ရှိပါတယ် ။ ဒါဟာ ဘာလဲဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ဟောပြောခဲ့တဲ့ ဗိုလ်စိန်မှန်ကွင်း ဟောပြောပွဲနဲ့ အောင်ပင်လယ်မှာ ဟောပြောမှုတွေမှာ.. “ပြည်သူတွေကလည်း တပ်မတော်ကိုမယုံဘူး””တပ်မတော်ကလည်း ပြည်သူတွေကိုမယုံဘူး”ဆိုတဲ့ပြောစကားတွေ အပြင်
“တပ်မတော်ကို ကျွန်မက စိန်ခေါ်တယ်” ဆိုတဲ့ စကားတွေဟာ ပီယ၀ါစာ ချစ်ဖွယ်သောစကား ဖြစ်မလား ၊ နှုတ်မစောင့်တဲ့ အမုန်းပွားစေမယ့် စကားတွေဖြစ်မလားဆိုတာတော့ ပန်းစကား အဖွဲ့က ကျွန်တော်လို လူထက် ပိုလို့ သိတတ်နားလည်မယ် ထင်ပါတယ်။ ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့မူရင်းစိတ်အတွင်းမှာ တပ်မတော်အပေါ်မုန်းသည်ဖြစ်စေ၊ ချစ်သည်ဖြစ်စေ ၊ ဒီလိုမျိုး လူသိရှင်ကြား မိုက်ကြီးတပ်လို့ စိန်ခေါ်တယ်ဆိုတာ…Hate speech တွေ ပြောနေတာဖြစ်ပါတယ်။

   ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌတစ်ဖြစ်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာတပ်မတော်နဲ့ ပြည်သူကို သွေးခွဲနေတယ်ဆိုတာ သိသာထင်ရှားသလို ၊ အမုန်းပွားစေမယ့် စကားတွေ ရွေးပြောနေတာဟာ“ပန်းစကား” ရဲ့ ရည်ရွယ်ချက်နဲ့ လှုပ်ရှားမှုတွေဟာ အာပလာပါ လို့ သက်သေပြနေသလိုပါပဲ။တကယ် လို့များ ကျွန်တော်တို့ ပြည်သူတွေမြင်နေသလို“ပန်းစကာ”ဆိုတာ ပေါ်ပင်အဖွဲ့မဟုတ်ဘူး ၊ ပန်းစကားရဲ့ လှုပ်ရှားမှု ဟာ ဘယ်လို၊ဘယ်ဝါဆိုတာ သက်သေပြလို့ အကောင်းဆုံးအချိန်လည်းဖြစ်ပါတယ်။ဒီလိုမှ မဟုတ်ပဲ မပြောရဲ မဆိုရဲနဲ့..အမုန်းစကားတွေချည်း ပြောနေသူကို လွှတ်ထားမယ်ဆိုရင်…”ပန်းစကား”အဖွဲ့ နာမည်ကို “လမ်းသလား” အဖွဲ့လို့သာနာမည်ပြောင်းသင့်ပါကြောင်း--

မောင်တင်ဦး
(၂၈.၅.၂၀၁၄) 
http://www.oppositeyes.info

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive