ကော်မရှိသတိပေးစာ ၏ ပထမစာမျက်နှာအားတွေ့ရစဉ်


အောင်ပင်လယ်ကွင်းမှာ ဟောပြောခဲ့တဲ့ တပ်မတော် ကိုယ်စားလှယ်တွေ အပေါ် စိန်ခေါ်ခဲ့တဲ့ စကား တစ်ချို့ အတွက် အန်တီစုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတိပေးလိုက်တာကို ကြားရတာ ကိုယ်လဲ တစ်ဆက်တည်း စဉ်းစားမိတာတွေ ရေးမိသွားတယ်......။

ပြည်ထောင်စုလွှတ်တော်က ပြင်ဆင် ၊ ဖြည့်စွက် ၊ပယ်ဖျက် ၊ ရုတ်သိမ်းခြင်း မပြုသေးသမျှ ကာလပတ်လုံး အခြေခံ ဥပဒေ၏ နိဒါန်း နှင့် ဇယားများ အပါအ၀င် ဥပဒေပုဒ်မ များ အားလုံးမှာ အာဏာတည်လျက်ရှိနေပါတယ် ဆိုတာကို တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌအန်တီ စု အနေနဲ့  သိစေချင်ပါတယ်...။

တပ်မတော်ကို ထိပ်တိုက် ရင်ဆိုင် စိန်ခေါ်သော စကားများသည် လက်ခုတ်သံ ပင် ဖြစ်လင့်ကစား ရလာဒ်မှာ မကောင်းနိုင်သော ၊ အတုမယူသင့်သော ၊ အမျိုးသားရင်းခြားစိရေးကို ပျက်စီးစေသော ၊ တပ်မတော်နှင့် ပြည်သူကို သွေးခွဲ သလို ဖြစ်ကာ နိုင်ငံရေးတည်ငြိမ်မှု့ ကိုလဲ အနှောက်အယှက်ဖြစ်စေနိုင်သလို ၊ ပြည်သူအားလုံး လိုချင်သော အပြောင်းအလဲကောင်းကိုလဲ ထိခိုက်စေနိုင်တယ် ဆိုတာ ခွပ်ဒေါင်းသခင် အန်တီစု တကယ်ပင် သတိမပြုမိလေသလား..
.လို့  လေးလေးစားစားပဲ မေးလိုက်ပါရစေ..။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဟာ ခြေဥ ပြင်ဆင်ဖို့ အတွက် အခြေခံ အုတ်မြစ်ကောင်းဖြစ်ပါလိမ့်မယ် အန်တီ စု...။

အမျိုးသား ပြန်လည်ရင်ခြားစိရေးမှာ တပ်မတော် ကို ထည့်မတွက်ရင် အပြောင်းအလဲ ကောင်းဆိုတာ ပြည်သူတွေ အတွက် မမြင်လာနိုင်ဘူးလို့  လေးစားစွာဖြင့် အသိပေးပါရစေ အန်တီ စု...။

ပြည်သူ့ အား သည် တကယ်တော့ ပြည်တွင်းမှာသာ ရှိတာပါ အန်တီစု..။ ပြည်ပဖိအား ကို အားကိုးတာဟာ ပြည်တွင်း ယုံကြည်မှု့ ကို ကိုယ်တိုင် ဖျက်စီးရာရောက်သလို..အပြောင်းအလဲကောင်းအတွက် ထိရောက်တဲ့ အခြေခံ လိုအပ်ချက် ဖြစ်တဲ့ အပြန်အလှန် ယုံကြည်မှု့ ဆိုတာကို တိုက်ရိုက်ထိခိုက်စေနိုင်ပါတယ် အန်တီ စု..။

ပြည်ထောင်စုဖွား ကိုယ့်သွေးသားအရင်းအခြာများဖြစ်ကြပြီး အပြောင်းအလဲကောင်းတစ်ခုကို ဖန်တီးတည်ဆောက်ရာမှာ အပြန်အလှန် ယုံကြည်မှု့ ၊ အပြန်အလှန် လေးစားမှု့ တွေကနေတစ်ဆင့်ပြီး တစ်ဆင့် အကောင်းဆုံး တည်ဆောက်လို့  ရနိုင်တာပဲ မဟုတ်လား အန်တီ စု..။

ပြည်သူတွေ အတော်များများဟာ တကယ်တော့ လက်ရှိ အချိန်ထိ အနှစ် ၅၀ ကျော် ပိတ်ဆို့ ခံထားရတဲ့ အတွက် မျက်စိမမြင် ၊ နားမကြားသူ အဆင့် သာသာပဲ ရှိကြပါသေးတယ်...

ကျေးဇူးပြုပြီး ဒီမိုကရေစီစနစ်ကို သွားနိုင်တဲ့ အမှန်လမ်းကို ပဲ ဒီမိုကရေစီ နည်းကျကျ ပြည်သူတွေကို ခေါ်ဆောင်သွားပေးပါလို့  လေးစားယဉ်ကျေးစွာဖြင့် တင်ပြတောင်းဆိုရင်း...။

အပြုသဘောများစွာဖြင့် လေးစားလျက်
ဘစည်(စင်ကာပူ)
Photo Credit to Dr Tint Swe

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive