Photo: ရခိုင်ပြည်နယ် စီးပွားရေးကျတာ ပဋိပက္ခကြောင့်ဟု ဒုသမ္မတပြော  ရခိုင်ပြည်နယ်မှာ စီးပွားရေး ကျဆင်းနေရ တဲ့ အဓိက အကြောင်းအရင်းဟာ လက်ရှိဖြစ် ပွားနေတဲ့ မတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေကြောင့်  ဖြစ်တယ်လို့ ဒုသမ္မတ စိုင်းမောက်ခမ်းက  ပြောပါတယ်။  မေလ ၁၈ ရက်နေ့က စစ်တွေမှာလုပ်တဲ့ ဒေသခံပြည် သူတွေနဲ့ တွေ့ဆုံပွဲမှာ ဒုသမ္မတ က ခုလို ပြောလိုက်တာပါ။  လက်ရှိ ရခိုင်ပြည်နယ်မှာ စီးပွားရေး ကျဆင်းပြီး တနှစ်ပြီး တနှစ် ဂျီဒီပီ ကျဆင်းလာတဲ့အကြောင်း၊ ဒေသတွင်း မတည်ငြိမ်မှု ဖြစ်နေတဲ့ ပြဿ     နာကို မဖြေရှင်းနိုင်သရွေ့ စီးပွားရေး ကျဆင်းနေဦးမှာ ဖြစ်တဲ့ အကြောင်း၊ ဒေသတည်ငြိမ်မှုရှိလာမှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမယ်လို့ စိုင်းမောက်ခမ်းက ပြောပါတယ်။  အရင်က ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ်နဲ့ နေပြည်တော်ကောင်စီ စုစုပေါင်း ၁၅ ခုအနက် ဒုတိယ ဖွံ့ဖြိုးမှုအနိမ့်ဆုံး ပြည်နယ်အဆင့်ကနေ ပြီးခဲ့တဲ့နှစ်က ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ပြည်နယ်အဆင့် ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။  DVB (မြန်မာပိုင်း)

ရခိုင်ပြည်နယ်မှာ စီးပွားရေး ကျဆင်းနေရ
တဲ့ အဓိက အကြောင်းအရင်းဟာ လက်ရှိဖြစ်
ပွားနေတဲ့ မတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေကြောင့်
ဖြစ်တယ်လို့ ဒုသမ္မတ စိုင်းမောက်ခမ်းက
ပြောပါတယ်။

မေလ ၁၈ ရက်နေ့က စစ်တွေမှာလုပ်တဲ့ ဒေသခံပြည် သူတွေနဲ့ တွေ့ဆုံပွဲမှာ ဒုသမ္မတ က ခုလို ပြောလိုက်တာပါ။

လက်ရှိ ရခိုင်ပြည်နယ်မှာ စီးပွားရေး ကျဆင်းပြီး တနှစ်ပြီး တနှစ် ဂျီဒီပီ ကျဆင်းလာတဲ့အကြောင်း၊ ဒေသတွင်း မတည်ငြိမ်မှု ဖြစ်နေတဲ့ ပြဿ နာကို မဖြေရှင်းနိုင်သရွေ့ စီးပွားရေး ကျဆင်းနေဦးမှာ ဖြစ်တဲ့ အကြောင်း၊ ဒေသတည်ငြိမ်မှုရှိလာမှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမယ်လို့ စိုင်းမောက်ခမ်းက ပြောပါတယ်။

အရင်က ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ်နဲ့ နေပြည်တော်ကောင်စီ စုစုပေါင်း ၁၅ ခုအနက် ဒုတိယ ဖွံ့ဖြိုးမှုအနိမ့်ဆုံး ပြည်နယ်အဆင့်ကနေ ပြီးခဲ့တဲ့နှစ်က ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ပြည်နယ်အဆင့် ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

DVB (မြန်မာပိုင်း)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive