ထိုင်းနိုင်ငံမှာ ထိုင်း ဘုရင့်တပ်မတော် စစ်ဦးစီးချုပ်က ယနေ့ ညနေပိုင်းက တိုင်းပြည်ရဲ့ အုပ်ချုပ်မှု အာဏာ အဝဝ ကို စစ်တပ်က တာဝန်ယူလိုက်ပြီဆိုတဲ့ စစ်တပ်က အာဏာ တကယ် သိမ်းလိုက်တာ ကြေညာအပြီး
ဒီကနေ့ ည ကနေစတင်ပြီး ထိုင်း နိုင်ငံ တ၀န်းလုံးမှာ ည ၁၀ နာရီကနေ မနက် ၅ နာရီထိ ညမထွက်ရ အမိန့် ကို ထုတ်ပြန်လိုက်ပါတယ်။



ယနေ့ ညနေပိုင်း နေရာမြင်တွေ့ရတဲ့ ထိုင်း စစ်သားတွေ၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

အဲဒီအမိန့်ကို နောက်ထပ် အမိန့် တစုံတရာ က မပယ်ဖျက်မချင်း ညမထွက်ရ အမိန့် ဆက်လက် ရှိနေမှာ
ဖြစ်ပြီး အခု နောက်ဆုံး ထပ်မံ ထုတ်ပြန်လိုက်တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ ထုတ်ပြန်တဲ့ အမိန့် ကတော့ လမ်းတွေပေါ်မှာ နိုင်ငံရေးဆူပူမှုဖြစ်စေမယ့် လူ ၅ ဦးထက် ပိုပြီး စုဝေးခွင့် မရှိကြောင်း ထုတ်ပြန် ထားပါသေးတယ်။

ဘန်ကောက်မြို့နဲ့ အနီးဝန်းကျင်က အစိုးရဆန့်ကျင်ရေး သပိတ်စခန်းတွေနဲ့ အစိုးရ ထောက်ခံတဲ့ ရှပ်နီ သပိတ်စခန်းတွေကိုလည်း ညနေပိုင်းကပဲ ထိုင်းစစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး တချို့ကို ဖမ်းဆီး ခေါ်
ဆောင်သွားကြတယ်လို့ သိရပါတယ်။



အိမ့်သံစဉ်

Posted by Unknown on Thursday, May 22, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive