ရန်ကုန်၊ မေ ၂၉

၂၉.၅.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်စဉ် လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်၊ မြရိပ်ညို(၂)လမ်းရှိအဆောင်တွင် ခိုက်ရန်ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ အဆောင်၏အောက်ထပ် အခန်းအမှတ်(၂)တွင် အမျိုးသားတစ်ဦးမှာ ၀ဲပါးပြတ်ရှဒဏ်ရာနှင့် ၀ဲပေါင်ထိုးသွင်းဒဏ်ရာများဖြင့် လဲကျသေဆုံး နေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူမှာ အဆိုပါအခန်းနေ ကိုထွန်းနိုင်၊ (၃၁)နှစ်ဖြစ်ပြီး ၂၈.၅.၂၀၁၄ ရက်နေ့ ၂၄၀၀ အချိန်ခန့်က တစ်ခန်းတည်းအတူနေ ကိုနိုင်၊ (၃၃)နှစ်၊ (ဘ)ဦးဝင်းမြင့်နှင့် စကားများ ရန်ဖြစ်စဉ် ကိုနိုင်မှ ဓါးဖြင့်ထိုးခဲ့၍ဒဏ်ရာများရရှိသေဆုံးခဲ့ ခြင်းဖြစ်ကြောင်း၊ ကိုနိုင်မှာ ဓါးဖြင့်ထိုးခဲ့ပြီး ထွက်ပြေးတိမ်းရှောင် သွားကြောင်းသိရှိရပါသည်။

ယင်းသို့ ပြစ်မှုကျူးလွန်သူ ကိုနိုင်အား လှိုင်သာယာမြို့မရဲစခန်း (ပ)၇၅၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီး ရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

Posted by Unknown on Thursday, May 29, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive