မဲဆန္ဒနယ်အများစုမှာ နိုင်မယ်ဆိုတာသိနေရဲ့သားနဲ့ တိုင်းပြည်ကိုခလောက်ဆန်အောင်လုပ်ဖို့လေသံ
ပစ်လိုက်တာဟာ ၈၈ အရေးအခင်းကာလမှာ အစက ပါတီစုံရွေးကောက်ပွဲလုပ်ပေးဖို့တောင်းဆိုရာ
မှကြားဖြတ်အစိုးရ ဖွဲ့ဖို့တစ်ဆင့်တက်လိုက်တဲ့အမှားမျိုးကို ထပ်ပြီးပြုလုပ်လိုက်တယ်လို့ လေ့လာသူများ
ကယူဆကြပါတယ်။


လက်နက်ကိုင်အဖွဲ့အစည်းများစွာရှိနေတဲ့အပြင် ပြည်တွင်းလူမျိုးရေးပဋိပက္ခအသွင်ကလည်းအကင်းမသေချိန်မှာ စစ်တပ်ရဲ့ထောက်ခံမှုမရဘဲနိုင်ငံရေးအကွက်အရွှေ့မြန်လွန်းရင် တိုင်းပြည်၏မဝေးသည့်အနာဂတ်
အတွက် အပြုသဘောရှုမြင်ရန်ခက်ခဲကြောင်း သံတမန်သတင်းရပ်ကွက်မှသဘောထားပြုပါတယ်။

လက်ရှိအခြေအနေ၊ လတ်တလောအနေအထား၊ အဖွဲ့အစည်းအားလုံးတို့၏ စိတ်နေခံစားချက်များ၊ ပထဝီနိုင်ငံရေးအခြေအနေ .. အားလုံးကိုခြုံငုံသုံးသပ် ပြောရလျင် ....

အောင်မြင်မှုမရနိုင်ကြောင်းသိရှိပြီးဖြစ်သည့် ထိပ်တိုက်ရင်ဆိုင်ရေးပုံစံကိုအမြန်စွန့်လွှတ်ပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် စီးပွားရေး၊ နိုင်ငံရေးမူဝါဒများဖြင့် မဲဆန္ဒရှင်တို့၏နှလုံးသားမှ မဲဆန္ဒကို ချူယူပြီး လွှတ်တော်တွင်းပြုပြင်ပြောင်းလဲရေးကိုအာရုံစိုက်ကြဖို့ဘဲလိုပါတယ်။

တည့်တည့်ပြောရရင်တော့ ...
.
တကယ် ( စိတ်ရင်းမှန် ) တိုင်းပြည်ကောင်းစေလိုတာလား .....? ဆိုတာကို ..
.
မိမိကိုယ်မိမိရှင်းလင်းစေပြီးမှ ဖြစ်ချင်တာဖြစ်အောင်လုပ်ကြပေါ့ဗျာ .. လို့ ..!
ပြောရုံမှတပါး သာမန်ပြည်သူတစ်ဦးဖြစ်တဲ့ကျွန်တော့်မှာ စကားမရှိတော့ပါ။

လေးစားလျက် -

Michael Hlaing

Posted by Unknown on Tuesday, May 20, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive