From : .... Mizzima

မြန်မာ့ရေပြင်ပိုင်နက်တွင် နိုင်ငံခြား ငါးဖမ်းရေယာဉ်များက မြန်မာ့မျိုးရင်းငါးများ ၀င်ရောက်ဖမ်းဆီးခြင်းကို ဧပြီလ ၁ ရက်မှစ၍ တရားဝင်ပိတ်ပင်တားဆီးလိုက်ပြီ ဖြစ်သည်ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဟန်ထွန်းက ဧပြီလ ၁ ရက်တွင်
မဇ္ဈိမကို ပြောသည်။

ဦးဟန်ထွန်းက “ မြန်မာ့ရေပြင်တစ်ခုလုံးမှာ နိုင်ငံခြားသဘောင်္တွေက မြန်မာ့ မျိုးရင်းငါးတွေ ၀င်ရောက် ဖမ်းဆီးတာကို ဧပြီလ ၁ ရက်ကစပြီး ပိတ်ပင်လိုက်တာပါ။ ပြည်တွင်းရေလုပ်ငန်းရှင်တွေက တောင်းဆို တာရယ်၊ မြန်မာ့ငါးသယံဇာတ လျှော့နည်းလာတာရယ်ကြောင့် ဖမ်းဆီးခွင့် ပိတ်ပင် လိုက်တာပါ” ဟုပြော သည်။

သို့သော် နိုင်ငံတကာ ရေပြင်ပိုင်နက်တွင်သာမကဘဲ မြန်မာ့ရေပြင်ပိုင်နက်သို့ပါ ၀င်ရောက်ကျက်စားလေ့ရှိသော တူနာ ငါးမျိုးများကိုမူ နိုင်ငံခြားငါးဖမ်းသဘောင်္များ ၀င်ရောက်ဖမ်းဆီးနိုင်ရန် ခွင့်ပြုပေးထားသည် ဟု ဦးဟန်ထွန်းက ပြောသည်။

“ တူနာငါးတွေဖမ်းဖို့ မြန်မာနိုင်ငံက ငါးဦးလုပ်ငန်းဦးစီးဌာနမှာ ခွင့်ပြုချက် တောင်းခံရပါတယ်။ ငါးဦးစီးဌာနက ဖမ်းဆီးခွင့်လိုင်စင်ချပေးရင် ဘယ်သူမဆို တူနာငါးတွေကို ဖမ်းဆီးလို့ ရပါတယ်” ဟု ဦးဟန်ထွန်းက ပြောသည်။

မြန်မာရေပိုင်နက်အတွင်းသို ၀င်ရောက်၍ ပိတ်ပင်မှု ပြုလုပ်ထားသည့် ငါးများကို ဖမ်းဆီးပါက ပင်လယ်ပြင် လှုံခြုံ ရေးတာဝန်ယူထားသည့် တပ်မတော် ရေတပ်နှင့် ပင်လယ်ပြင်တွင် တာဝန်ယူထားသည့် ငါးဦးစီးဌာနတို့က ဖမ်းဆီးမှုများ ပြုလုပ်သွားမည် ဖြစ်သည်ဟုလည်း ဦးဟန်ထွန်းက ပြောသည်။

ဟင်္သာတ ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ခရိုင်ဥက္ကဋ္ဌ ဦးစံဝင်း က “နိုင်ငံအတွင်းမှာက အလုပ်လက်မဲ့တွေများ တယ်။ တစ်ခြားနိုင်ငံကို ပင်လယ်ရေပြင်မှာ ငါးဖမ်းဆီးမှု ပိတ်ပင်လိုက်တဲ့အတွက် ပြည်တွင်းရေလုပ်ငန်း ရှင်တွေအတွက် အကျိုးရှိတယ်။ တစ်ခြားနိုင်ငံကို ဖမ်းဆီးခွင့်ပေးထားတာ မဖြစ်သင့်ပါဘူး။ အခုလို ပိတ် ပင်လိုက်တဲ့အတွက် ရေလုပ်ငန်းလုပ်ကိုင်သူတွေ နယ်မြေတိုးချဲ့လို့ ရလာနိုင်တာပေါ့” ဟု ပြောသည်။

မြန်မာပင်လယ်ပြင်တွင် fishing right အစီအစဉ်ဖြင့် ငါးဖမ်းဆီးခွင့်ကို ၂၀၀၉-၂၀၁၀ တွင် စတင်ခွင့်ပြုပေးခဲ့ပြီး ၂၀၁၄ မတ်လတွင် ဖမ်းဆီးခွင့်သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။၂၀၀၉ မှ ၂၀၁၄ အထိ နိုင်ငံခြားငါးဖမ်း ရေယာဉ်များမှ အခွန်ငွေအဖြစ် အမေရိကန် ဒေါ်လာ ၁၃ သန်းကျော် ရရှိခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

Posted by Unknown on Wednesday, April 2, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive